Tuesday, March 17, 2015

တာချီလိတ်ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ လုပ်ငန်း ညှိနှိုင်းစည်းဝေး

တာချီလိတ် မတ် ၁၇
၂၀၁၅ ခုနှစ်၊ အောက်တိုဘာလကုန်နှင့် နိုဝင်ဘာလဆန်းပိုင်းတွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးရေး တာချီလိတ်ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကို မတ် ၁၆ ရက်၊ နံနက် ၁၀ နာရီ က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။
 



ရှေးဦးစွာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်ဝင်းမောင်က မဲစာရင်းများ စနစ်တကျ မှန်ကန် တိကျစွာ ပြုစုထားရှိရေး၊ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအား အဖွဲ့ဝင်များက သိရှိနားလည်မှသာ လုပ်ငန်းများ လွယ်ကူစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အဖွင့်အမှာ စကား ပြောကြားသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဝင်းအောင် က မဲစာရင်းများပြုစုထားရှိမှု၊ အခြေခံမဲဆန္ဒရှင်စာရင်းများ ကွန်ပျူတာသို့ ထည့်သွင်းခြင်းဆိုင်ရာ နည်းပညာ သင်တန်းဖွင့်လှစ်ရာ တွင် တက်ရောက်နိုင်မည့် သင်တန်းသားစာရင်း၊ မဲရုံများထားရှိသင့် သည့် နေရာများနှင့် စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် များက လိုအပ်မည့် လုပ်ငန်းများအား စနစ်တကျ ကြိုတင်ပြင်ဆင် ထား ရှိနိုင်ရေး အတွက် ၀ိုင်းဝန်းအကြံပြု ဆွေးနွေးရာ ခရိုင်ရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌက ဆွေးနွေးချက်များနှင့် စပ်လျဉ်းပြီး ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment