နေပြည်တော် မတ် ၁၇
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊
ရခိုင်ဌာနခွဲရှိ စစ်တွေ-တောင်ကုတ် ခရီးလမ်းတွင် ပြေးဆွဲနေသော “အောင်တံခွန်-၃” ရေယာဉ်နစ်မြုပ်မှု
ဖြစ်စဉ်နှင့် ပတ်သက်၍ အဖြစ်မှန် ပေါ်ပေါက်စေရေး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး
ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦး ဥက္ကဋ္ဌ အဖြစ် ပါဝင်သော စုံစမ်းစစ်ဆေးရေး
ခုံရုံးအဖွဲ့ ဖွဲ့စည်းတာဝန် ပေးအပ်ပြီး မတ် (၁၆)ရက်မှ စတင်၍ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်
အခြေပြု၍ စုံစမ်းစစ်ဆေးမှုများ စတင်ဆောင်ရွက်နေပြီး ဖြစ်သည်။
ထို့အပြင် အလားတူ ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရေးအတွက်
ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ရေယာဉ်များ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကြံခိုင်မှုရှိစေရေး
စစ်ဆေးဆောင်ရွက်သွားရန် မြန်မာ့ သဘောင်္ကျင်းလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးတင်စိုး
ဥက္ကဋ္ဌအဖြစ် ပါဝင်သော ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး၊ ရခိုင်ဌာနခွဲရှိ ရေယာဉ်များအား
ဦးစားပေး စတင်စစ်ဆေးကာ ကျန်ဌာနခွဲများရှိ ရေယာဉ်များကိုလည်း ဆက်လက် စစ်ဆေး ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment