Saturday, March 14, 2015

အောင်တံခွန်-၃ ခရီးသည်တင် နှစ်ထပ်ရေယာဉ်နစ်မြုပ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ



နေပြည်တော် မတ် ၁၄
မတ်(၁၃)ရက် ည ၇ နာရီ ၁၅ မိနစ်တွင် မြေပုံမြို့အရှေ့တောင်ဘက် မိုင်(၆၀)ခန့်အကွာ နောင်တော် ကြီးကျွန်းနှင့် မြောက်ကျွိန် ကျွန်းအကြား (ခန့်မှန်း- မြောက်လတ္တီကျူ ၁၉ ဒီဂရီ ၄၀ မိနစ်နှင့် အရှေ့လောင်ဂျီကျူ ၉၃ ဒီဂရီ ၃၆ မိနစ်) အတွင်း၊ ခန့်မှန်းမြေပုံညွှန်း(အီးအက်စ်-၆၃၀၇၅၀) ၌ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပိုင် အောင်တံခွန်-၃ ခရီးသည် တင် နှစ်ထပ်ရေ ယာဉ်နစ်မြုပ်ခဲ့ရာ ခရီးသည်(၁၆၇)ဦးအား ကယ်တင်နိုင်ခဲ့ပြီး ကျန်ခရီး သည်များကို ဆက်လက်ရှာဖွေ ကယ်တင်လျက်ရှိကြောင်း သိရသည်။





အဆိုပါ ရေယာဉ်သည် မတ်(၁၂)ရက် မွန်းတည့်(၁၂)နာရီခန့် တွင် တောင်ကုတ်မြို့မှ စတင်ထွက်ခွာခဲ့ ပြီး မတ်(၁၃)ရက် ညနေ(၄)နာရီ (၁၅)မိနစ်တွင် ကျောက်ဖြူမြို့မှ ဆက်လက်ထွက်ခွာ ခဲ့ရာ နောင်တော်ကြီးကျွန်း အနီးမှဖြတ်သန်းစဉ် ငပသုန်ကျေးရွာ အနီး၌ ရာသီဥတုဆိုးရွား သဖြင့် ရေယာဉ် ဦးပိုင်းမှ ရေများ စတင်ဝင်ရောက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ ရေယာဉ် အတွင်း ရေဝင်ရောက်မှုအား ရေယာဉ်မှူး ဦးလှမောင်သင်း ဦးစီးရေယာဉ် ဝန်ထမ်းများနှင့် ခရီးသည်များက ရေစုပ်စက်များဖြင့် ရေစုပ်ထုတ်ခြင်း၊ အင်အားဖြင့် ရေခပ်ထုတ်ခြင်းများဆောင် ရွက်ခဲ့ကြသော်လည်း ရေ ဝင်ရောက်မှုကို မထိန်းနိုင်ခဲ့သဖြင့် ရေယာဉ်နစ်မြုပ် ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ နစ်မြုပ်ခဲ့သည့်ရေယာဉ် တွင် ရေယာဉ် ဝန်ထမ်း (၂၁၄)ဦးနှင့် ကုန်(၁၂၉)တန် တင်ဆောင်ခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ ရေယာဉ်နစ်မြုပ်မှုဖြစ်ပွားရာနေရာ၌ ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ တာဝန်ရှိသူများ၊ ဓည၀တီရေတပ်စခန်းဌာနချုပ်မှ စစ်ရေယာဉ်များနှင့် လူမှုရေးအသင်းအဖွဲ့များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ(၂)နာရီ အထိ ခရီးသည် အမျိုးသား(၁၀၃)ဦး၊ အမျိုးသမီး(၆၄)ဦး၊ စုစု ပေါင်း(၁၆၇)ဦးတို့အား ရှာဖွေကယ်တင်နိုင်ခဲ့ပြီး သံဃာတော်(၁)ပါး၊ အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၂၈)ဦး တို့၏ ရုပ်အလောင်းများအား ဆယ်ယူနိုင်ခဲ့ကြောင်း သိရသည်။
"အဲဒီနစ်မြုပ်သွားတဲ့ရေယာဉ် (အောင်တံခွန်-၃)ကို ၂၀၁၃ခုနှစ် ၁၁ လပိုင်း ၃ ရက်နေ့ က စစ်တွေသဘောF ကျင်းမှာ ကျင်းတင်ပြင်ဆင်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဧပြီ(၂၆)ရက်မှာ ရေယာဉ်လုံခြုံစိတ်ချမှုကို စစ်ဆေးဆောင်ရွက်ခဲ့ တာဖြစ်ပါ တယ် " ဟု ပို့ဆောင်ရေးဝန်ကြီးဌာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

No comments:

Post a Comment