နေပြည်တော်၊
မတ်လ ၁၄
၂၀၁၅ ခုနှစ်၊ စင်္ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်မည့်
(၂၈)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပရန် ရက်ပေါင်း(၈၃)ရက်သာ လိုအပ်သည့်အချိန်တွင်
ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ အားကစား အဖွဲ့ အောင်မြင်မှုရရှိရေး ကြိုတင်ပြင်ဆင်
လေ့ကျင့်မှုများအား ယနေ့နံနက်(၆)နာရီမှ စတင်၍ နေပြည်တော်ရှိ လေ့ကျင့်ရေးအားကစားရုံ အသီးသီးသို့
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဌ၊ အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း လိုက်လံကြည့်ရှု စစ်ဆေး
အားပေးစကား ပြောကြားပါသည်။
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီးသည် နံနက်(၆)နာရီတွင်
နေပြည်တော် လေ့ကျင့်ရေး အားကစားကွင်း(၁)နှင့်
ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ လေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင် ပြေးခုန်ပစ်အားကစားသမားများ
လေ့ကျင့်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများမှ ပြိုင်ပွဲ ဝင်ရောက်ရန်
ကြိုတင်ပြင်ဆင် ထားရှိမှုများအား ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ
လမ်းညွှန်မှာကြားပြီး အားကစား သမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေး အမှာစကား
ပြောကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာလက်ရွေးစင်အားကစားသမားများ
စခန်းသွင်းလေ့ကျင့် လျက်ရှိသော နေပြည်တော် (Gold Camp) အားကစားလေ့ကျင့်ရေး စခန်းသို့
ရောက်ရှိလာပြီး အားကစား သမားများအား နံနက်စာကျွေးမွေးမှုနှင့်
ချက်ပြုတ်ရာတွင် သန့်ရှင်းမှု ရှိ/မရှိ အားကစားသမားများ နံနက်စာ စားသုံး နေမှုများအား
ကြည့်ရှုစစ်ဆေးပါသည်။
ဆက်လက်၍ အားကစားသမားများ ထိခိုက်ဒဏ်ရာရရှိရာတွင်
ကုသသော ဆေးကုသ ဆောင်သို့ ရောက်ရှိ လာပြီး အားကစားသမားများ လေ့ကျင့်ရာတွင် အထောက်အကူပြု၍
ဆေးဘက်ပညာဖြင့် ပံ့ပိုးပေး နိုင်သော ဆေးဘက်စက်ကိရိယာများကို ကြည့်ရှုစစ်ဆေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အားကစားသမားများ
စာကြည့်တိုက်နှင့် Coach Associations ရုံးခန်းများထားရှိမှုအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း
Social Zone ရှိ Fitness Center သို့ ရောက်ရှိပြီး မြန်မာ့လက်ရွေးစင် အားကစား သမားများနှင့် မြန်မာနိုင်ငံသို့ ပူးတွဲလာရောက်
လေ့ကျင့် လျက်ရှိသော ကမ္ဘောဒီးယားခြင်းလုံးအသင်းတို့ ခေတ်မီစက် ကိရိယာများနှင့် လေ့ကျင့်နေမှုအား
ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များအား တာဝန်ရှိသူများကို မှကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် နေပြည်တော်၊
ဝဏ္ဏသိဒ္ဓိလက်ဝှေ့ အားကစားရုံ၌ လေ့ကျင့်လျက် ရှိသော လက်ဝှေ့အားကစားနည်း၊ ဝဏ္ဏသိဒ္ဓိ ဘတ်စကက်ဘောလေ့ကျင့်ရေးရုံ၌
လေ့ကျင့် လျက်ရှိသော Net Ball အားကစားနည်းနှင့် ဘတ်စကက်ဘော အားကစားနည်း လေ့ကျင့်နေမှုကိုလည်းကောင်း၊
ဝဏ္ဏသိဒ္ဓိ ဓါးခုတ်လေ့ကျင့်ရေး အားကစား ရုံ၌ လေ့ကျင့်လျက်ရှိသော ဓါးခုတ် အားကစားနည်းကို
လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ ဘိလိယက် နှင့်စနူကာ အားကစားရုံ၌
လေ့ကျင့်လျက်ရှိသော ဘိလိယက်နှင့် စနူကာ အားကစား နည်း လေ့ကျင့်နေမှုကို လည်းကောင်း အသီးသီးကြည့်ရှုစစ်ဆေး၍
တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန် မှာကြား၍ အားကစားသမားများ အား တွေ့ဆုံအားပေးစကား
ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်
ဝဏ္ဏသိဒ္ဓိမြားပစ်အားကစားကွင်း၌ လေ့ကျင့်လျက်ရှိသော မြားပစ်အားကစားနည်းကိုလည်းကောင်း၊
နေပြည်တော်စည်ပင် ဘိုးလင်း အားကစားရုံ၌ ကျင်းပလျက်ရှိသော ဘိုးလင်း အားကစားနည်းကို လည်းကောင်း၊
ဝဏ္ဏသိဒ္ဓိပီတန်း အားကစားရုံ၌ လေ့ကျင့်လျက်ရှိသော ပီတန်း အားကစားနည်းကို လည်းကောင်း၊
နေပြည်တော် အားကစားလေ့ကျင့်ရေး စခန်းရှိ စားပွဲတင်တင်းနစ် အားကစား သမားများ လေ့ကျင့်နေမှုကိုလည်းကောင်း
အသီးသီး လိုက်လံကြည့်ရှု စစ်ဆေး၍ တာဝန်ရှိ သူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားကာ
အားကစား သမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေး စကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်
အားကစားလေ့ကျင့်ရေး စခန်းအနီး၌ တည်ဆောက် လျက် ရှိသော အားကစားတက္ကသိုလ် တည်ဆောက်နေမှုအား
လိုက်လံကြည့်ရှုစစ်ဆေး ပါသည်။ ထို့နောက် တာဝန်ရှိသူများမှာ အားကစားတက္ကသိုလ် တည်ဆောက်နေမှုနှင့်
ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးမှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်အားကစား
လေ့ကျင့်ရေး စခန်းရှိ Multi Purpose ၌ အားကစားနည်းအလိုက် တာဝန်ခံနည်းပြများနှင့် တွေ့ဆုံ၍
(၂၈)ကြိမ်မြောက် အရှေ့တောင် အာရှအား ကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက်
လူရွေးချယ်မှုနှင့်ပတ်သက်၍လည်းကောင်း အားကစားနည်း အလိုက် Coach Associations များ ဖွဲ့စည်း၍
ထားရှိရမည့် ရည်ရွယ်ချက်များနှင့် ပတ်သက်၍ လမ်းညွှန် မှာကြား ခဲ့ကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment