ဂန့်ဂေါ မတ် ၈
အမျိုးသမီးများ အကြမ်းဖက်မှုဆိုင်ရာနှင့် လူမှောင်ခိုကုန်ကူးမှုအကြောင်း အသိပညာပေးဟောပြောပွဲကို
မတ် ၇ ရက်က ဂန့်ဂေါမြို့နယ် ဇာဟောကျေးရွာ ဒက္ခိဏာရုံကျောင်းတိုက်အနီးရှိ ကွင်းပြင်၌
မြို့နယ်အမျိုးသမီးရေးရာအဖွဲ့က ကြီးမှူး ကျင်းပသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်က အမှာစကားပြောကြားပြီး
မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဆွေ၊ မြို့နယ်ဥပဒေအရာရှိ ဦးအောင်လှိုင်ဦး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ
ဒေါ်မိုးမိုးလှိုင်တို့က ကဏ္ဍ အလိုက် အသီးသီး ရှင်းလင်းဟောပြောကြကြောင်း သိရသည်။


No comments:
Post a Comment