Thursday, March 12, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီးတို့အားမလေးရှားနိုင်ငံဘုရင်နှင့် မိဖုရားတို့က ဂုဏ်ပြုကြိုဆို




ကွာလာလမ်ပူ  မတ် ၁၂
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်းတို့အား မလေးရှားနိုင်ငံ ဘုရင် ဆူလတန် အဗ္ဗဒူဟာလင်မ် မူအက်ဒ်ဇမ်ရှားနှင့် မိဖုရား ရာဂျာပါမိုင်ဆူရီ အက်ဂွန်တွန်ကူ ဟာဂျာဟာမီနာ တို့က ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားကို ယနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ပါလီမန် ရင်ပြင်၌ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတ နှင့် ဇနီးတို့သည် ဂုဏ်ပြုကြိုဆိုသည့် ပါလီမန် ရင်ပြင်သို့ရောက်ရှိလာရာ မလေးရှားနိုင်ငံဘုရင်နှင့် ဇနီးတို့က ရင်းနှီးခင်မင်စွာ ကြိုဆို နှုတ်ဆက်ကြသည်။
ယင်းနောက် မြန်မာနိုင်ငံတော်သီချင်းနှင့် မလေးရှားနိုင်ငံသီချင်းတို့ကို ဂုဏ်ပြု တပ်ဖွဲ့က တီးမှုတ်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် မလေးရှားနိုင်ငံဘုရင်တို့သည်ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြပြီး နိုင်ငံတော်သမ္မတ က ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် မလေးရှားဘုရင်တို့သည် အခမ်းအနားသို့ တက်ရောက်လာကြသူအဖွဲ့ဝင်များအား အပြန်အလှန် မိတ်ဆက်ပေးကြသည်။
                                                                                                             

No comments:

Post a Comment