မြောင်းမြ မတ် ၁၁
၂၀၁၄-၂၀၁၅
ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့မတ်လ(၁၁)ရက်နေ့၊ နံနက်(၉)နာရီမှ စတင်၍
တစ်ပြည်လုံးရှိ မြို့နယ်အသီးသီးမှ စာစစ်ဌာနများတွင် စတင်ဖြေဆိုလျက်ရှိကြရာ အေးချမ်းစွာ
ပညာသင်ကြားလိုကြ သော ကျောင်းသားကျောင်းသူများ ကြိုးစားဖြေဆိုလျက် ရှိကြောင်း တွေ့ရသည်။
“ ဒီကနေ့ မြန်မာစာ (၃)နာရီ မေးခွန်း ဖြေဆိုရပါတယ်၊တစ်နှစ်လုံး
ကျက်မှတ်ထားပြီးသားတွေဆိုတော့ မေးခွန်းအားလုံး အလွယ်တကူ ဖြေဆိုနိုင်ပါတယ်”… ဟု စာဖြေခန်းအတွင်းမှ ဖြေဆိုပြီး
ပြန်ထွက်လာသူ မဟာကိုယ်ပိုင် အထက်တန်း ကျောင်းမှ ကျောင်းသူ မနှင်းယုဝင်းက ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီး၊
မြောင်းမြမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာစစ်ဌာန(၈)ခုရှိပြီး၊ နေ့တက် အ.ထ.က ကျောင်းသား/သူများ၊
ကိုယ်ပိုင် အထက်တန်း ကျောင်းများနှင့်ပြင်ပဖြေဆိုသူကျောင်းသား/ကျောင်းသူပေါင်း (၃၃၅၁)ဦး
ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်ဆွေဦး ပြောကြားချက်အရသိရသည်။
မြောင်းမြ တစ် ခရိုင်လုံး (မြောင်းမြ၊ အိမ်မဲ၊ ၀ါးခယ်မ)ရှိ စာစစ်ဌာန(၂၅)ခုတွင် ကျောင်းသား/ကျောင်းသူပေါင်း
(၈၃၅၃)ဦးတို့ ဖြေဆို လျက်ရှိကြောင်း သိရသည်။

No comments:
Post a Comment