Friday, March 13, 2015

ပထမအဆုံးသော ကမ္ဘာပတ်နေရောင်ခြည် စွမ်းအင်သုံး လေယာဉ် Solar Impulse - 2 နှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်း ပွဲပြုလုပ်မည်



နေပြည်တော်  မတ်   ၁၃
Solar Impulse 2 လေယာဉ်သည် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မတ်လ ၁၇ ရက် ညနေ ၅ နာရီခွဲတွင် ရောက်ရှိပြီး ၆ နာရီ မှ ၆ နာရီခွဲအထိ ဆိုလာ လေယာဉ်ကို လှည့်လည်ကြည့်ရှု နိုင်ကြောင်း၊ သတင်းစာ ရှင်းလင်းပွဲကို ၆ နာရီမှ ၈ နာရီအထိ ဆက်လက် ကျင်းပမည်ဖြစ်ပြီး သတင်းစာ ရှင်းလင်းပွဲတွင် Jardine Schindler Group မှ အမှုဆောင်ချုပ် မစ္စတာ ဂျူဂျာဒန်ဂျီနာက အမှာစကားပြောကြား၍ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီး မစ္စတာ ခရစ်စတိုဘာဂျန်နာနှင့် Solar Impulse
2 လေယာဉ်မှူးတစ်ဦးတို့က ရှင်းလင်းဆွေးနွေးပြီး၊ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း၊ သတင်းရယူလိုသော ပြည်တွင်း သတင်းဌာနများနှင့် ပြည်တွင်း အခြေပြု ပြည်ပသတင်းဌာနများ အနေဖြင့် လေယာဉ်ရောက်ရှိမည့် မန္တလေးအပြည်ပြည်ဆိုင် ရာ လေဆိပ်တွင် မတ်လ ၁၇ ရက် ညနေ ၅ နာရီခွဲမှ ၆ နာရီအတွင်း ရောက်ရှိမှတ်ပုံတင်ပြီး သတင်းရ ယူနိုင်ကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဆွစ်ဇာလန်သံရုံးမှ  သတင်းရရှိသည်။

No comments:

Post a Comment