Friday, March 13, 2015

လက်ပံတန်းဖြစ်စဉ်မှ ကျောင်းသား၊ ကျောင်းသူများကို မိဘအုပ်ထိန်းသူများ ထံ ပြန်လည်အပ်နှံမှုများ ဆက်လက်ဆောင်ရွက် လျက်ရှိ






နေပြည်တော် မတ် ၁၃
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့တွင် မတ် ၁၀ ရက် ဖြစ်စဉ်မှ ဖမ်းဆီး ထိန်းသိမ်းခဲ့သူများအနက် ကျောင်းသား၊ ကျောင်းသူများ ကို စိစစ်၍ ဆက်လက် ပညာသင်ကြားနိုင်ရေး သက်ဆိုင်ရာဒေသအသီးသီးရှိ ၎င်းတို့၏ မိဘအုပ်ထိန်း သူများထံ ဆက်သွယ် အကြောင်းကြားခေါ်ယူပြီး မတ် ၁၁ ရက် နံနက်ပိုင်းမှစ ၍ ပြန်လည် အပ်နှံပေးလျက်ရှိသည်။ 


ယနေ့နံနက်ပိုင်းတွင် ကျောင်းသား၊ ကျောင်းသူ (၇) ဦးကို သက်ဆိုင်ရာ မိဘ အုပ်ထိန်းသူ များထံ ပြန်လည်အပ်နှံပေးခဲ့ရာ ယမန်နေ့က ပြန်လည်အပ်နှံပေးမှု (၁၇) ဦး ရှိခဲ့သဖြင့် စုစုပေါင်း (၂၄) ဦးကို ပြန်လည်အပ်နှံစေလွှတ်ပြီးဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment