၁။ ရန်ကုန်တိုင်းဒေသကြီး၊
လှိုင်သာယာမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ ဦးပုညလမ်း၊ အမှတ် (၃၆၆/က)တွင် ပါတီရုံးချုပ် တည်ရှိသော
ပြည်သူ့အကျိုးပြု ကျောင်းသားများ ဒီမိုကရေစီပါတီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း
ဥပဒေ ပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ၁၇-၃-၂၀၁၅ ရက်နေ့တွင် လျှောက်ထားလာပါသည်။
ယင်းသို့လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့်
တံဆိပ်တို့ကို ဖော်ပြပါအတိုင်း အသုံးပြုမည် ဖြစ်ကြောင်း တင်ပြလာပါ သည်။
၂။ ယင်းအဖွဲ့အစည်းက
အသုံးပြုမည့် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ကန့်ကွက်လိုက ယခုကြေညာ သည့်နေ့မှစ၍
(၇) ရက်အတွင်း ခိုင်လုံသော အထောက်အထားများဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့
လာရောက်ကန့်ကွက် နိုင်ပါကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၄
(ဃ) အရ အများသိစေရန် ကြေညာအပ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်


No comments:
Post a Comment