Tuesday, March 17, 2015

ထိန်းသိမ်းခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာ မိဘများထံသို့ ပြန်လည်အပ်နှံမှုများ ဆောင်ရွက်ပေးလျက်ရှိ


နေပြည်တော်၊ မတ် ၁၇

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့တွင် အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြသည့် အဖွဲ့၏ အကြမ်းဖက်မှုများကြောင့် ဥပဒေနှင့်အညီ ခေါ်ယူထိန်းသိမ်း စစ်မေးခဲ့သည့်သူများထဲမှ တက္ကသိုလ်၊ ကောလိပ်များ၌ အမှန်တကယ် ပညာသင်ကြားနေသော ကျောင်းသား/ ကျောင်းသူများအား ပညာဆက်လက် သင်ကြားနိုင်ရေး မိဘများအပေါ် စာနာထောက်ထားသောအားဖြင့် ကျူးလွန်သော ပြစ်မှုများအပေါ် သက်ညှာ၍ မိဘ/ အုပ်ထိန်းသူများအား ခေါ်ယူပြီး စနစ်တကျ ပြန်လည်အပ်နှံပေးလျက်ရှိရာ မတ်လ (၁၂)ရက်နေ့မှ မတ်လ (၁၄)ရက်နေ့ထိ ကျောင်းသား (၁၉)ဦး၊ ကျောင်းသူ (၈)ဦးနှင့် သတင်းထောက် (၂)ဦး အပါအဝင် စုစုပေါင်း (၂၉)ဦးတို့အား ပြန်လည်အပ်နှံပေးခဲ့ပြီး ဖြစ်ပါသည်။



မတ်လ (၁၇)ရက် (ယနေ့)တွင် ကျောင်းသား (၁)ဦးဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ပွတ်ကုန်းကျေးရွာနေ ဟင်္သာတ တက္ကသိုလ်၊ တတိယနှစ် (သင်္ချာ)မှ မောင်ဝေလင်းဟန် (၁၉)နှစ်၊ (ဘ)ဦးမြအောင် အား ဦးလေးဖြစ်သူ ဦးမြင့်ထွန်းထံသို့ ပြန်လည် အပ်နှံပြီးဖြစ်၍ ကျောင်းသား/ ကျောင်းသူ (၂၈)ဦး၊ သတင်းထောက် (၂)ဦး၊ စုစုပေါင်း (၃၀)ဦးတို့အား မိဘ/ အုပ်ထိန်းသူတို့ထံ သက်ဆိုင်ရာက ဆုံးမစကား ပြောကြား၍ ပြန်လည် အပ်နှံပေးခဲ့ပြီး ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။

No comments:

Post a Comment