Tuesday, March 17, 2015

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၌ ဆက်လက်ကြားနာ




နေပြည်တော် မတ် ၁၇
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့်  ကြားနာခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် ဆွေးနွေးပွဲခန်းမ၌ ဆက်လက် ကျင်းပပြီး အမျိုးသားပညာရေး ဥပဒေ ကိုပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပညာရေးစနစ် ပြုပြင်ပြောင်းလဲ ရေး နိုင်ငံလုံး ဆိုင်ရာကွန်ယက်( NNER) မှ အဖွဲ့ဝင်များ၏ ဆွေနွေးအကြံပြုချက်များအား ကြားနာခဲ့သည်။

အဆိုပါပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် ကြားနာရာသို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ရီ၊ ကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးနှင့် ကော်မတီဝင်များ၊ အမျိုးသား လွှတ်တော် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာကော်မရှင် ဥက္ကဋ္ဌ ဦးမြင့်သိန်း၊ ကော်မရှင်အတွင်းရေးမှူး ဦးကြည်နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အမျိုးသား ပညာရေး ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အကြံပြု ဆွေးနွေးကြမည့် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) မှ အဖွဲ့ဝင်များ၊ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) အထောက်အကူပြုအဖွဲ့ဝင်များနှင့် သတင်း မီဒီယာများ တက်ရောက်ကြသည်။
ထိုသို့ကြားနာခြင်း ဆောင်ရွက်ရာတွင် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌက လွှတ်တော်သည် ဥပဒေကြမ်း တစ်ခုအား လက်ခံဆောင်ရွက်ရာတွင် လွှတ်တော်ဥပဒေ၊ နည်းဥပဒေ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ တို့နှင့်အညီ ဆောင်ရွက်ရ ပါကြောင်း၊ လွှတ်တော်သည် ဥပဒေပြုမည်( သို့မဟုတ်) ဥပဒေကြမ်း ရေးဆွဲတော့မည် ဆိုလျှင် အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက် များနှင့် ဆန့်ကျင်ခြင်း ရှိ/မရှိ၊ တည်ဆဲဥပဒေများနှင့် ငြိစွန်းခြင်း ရှိ/မရှိ၊ လက်တွေ့အကောင်အထည် ဖော်နိုင်ခြင်းရှိ/မရှိ၊ နိုင်ငံတော်နှင့် ပြည်သူအတွက် အကျိုးဖြစ်ထွန်းစေမှု ရှိ/မရှိ နှင့် နိုင်ငံတကာကွန်ဗင်းရှင်းများတွင် ပါဝင်လက်မှတ်ရေးထိုး ထားချက်များနှင့် ဆန့်ကျင်ခြင်း ရှိ/မရှိ တို့ဖြင့် စံထား စဉ်းစား၍ ဆောင်ရွက်သည့် အစဉ်အလာကို ကျင့်သုံးလျက်ရှိပါကြောင်း၊ ဤဥပဒေကြမ်းသည် လေးလေးနက်နက် စဉ်းစား ဆောင်ရွက်ရမည့် ဥပဒေဖြစ်သည့်အတွက် ပြည့်စုံအောင် ဆောင်ရွက်ရ ပါကြောင်း၊ တက်ရောက်ဆွေးနွေး လာကြသည့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) မှ အဖွဲ့ဝင်များ၏ ဆွေးနွေး ချက်များ၊ အကြံပြုချက်များသည် ဥပဒေကြမ်းအတွက် တန်ဖိုးရှိသည့်အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါ ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အကြုံဆွေးနွေးလိုသည့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက် (NNER) အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာ မင်းသိန်း၊ ဦးနိုင်ငွေသိန်း၊ ဒေါက်တာ သန့်လွင်မောင် (ကိုတာ)၊ သိက္ခာတော်ရ ဆရာဦးသိန်းလွင်၊ ဒေါက်တာ သိန်းလွင်၊ ဒေါက်တာညိုညိုသင်း၊ ဒေါက်တာ အာကာမိုးသူ၊ ဦးသန်းထိုက်အောင်၊ ဒေါက်တာတင်နွဲ့ရီ၊ ဦးထာအုပ်၊ ဦးစိုးထွန်း၊ ဦးရဲဝင်း၊ ဒေါ်သူသူမာ၊ ဒေါ်နှင်းနှင်းမွှေး၊ ဦးအောင်ကိုဦးနှင့် ဒေါ်ဟောင်းဆိုင်းတို့က မိမိတို့၏ သဘော ထားအမြင်များကို အကြုံပြုဆွေးနွေးခဲ့ကြသည်။  

No comments:

Post a Comment