Friday, March 27, 2015

နှစ်(၇၀)ပြည့်တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်ကြသည့် တပ်မတော် အငြိမ်းစား အရာ ရှိကြီး များအား တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ဂါရ၀ပြုကန်တော့


နေပြည်တော် - မတ် ၂၇
နှစ်(၇၀)ပြည့် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ခဲ့ကြသော တပ်မတော်တွင် တာဝန် ထမ်းဆောင် ခဲ့သည့် အငြိမ်းစားအရာရှိကြီးများအား ဂါရ၀ပြု ကန်တော့သည့်အခမ်းအနားကို
ယနေ့ မွန်း လွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရီဗိမာန်၌ ကျင်းပရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများ တက် ရောက် ဂါရ၀ပြုကန်တော့ကြသည်။
အဆိုပါ ဂါရ၀ပြု အခမ်းအနားသို့ တပ်မတော်အငြိမ်းစားအရာရှိကြီးများ ဖြစ်ကြသော ဗိုလ်ချုပ် သူရစောဖြူ ၊ ဗိုလ်မှူးချုပ် တင့်ဆွေ ၊ ဗိုလ်မှူးချုပ် လှထွန်း ၊ ဗိုလ်မှူးချုပ် သန်းတင်  ၊  ဗိုလ်ချုပ် အောင်ခင်၊  ဗိုလ်မှူးချုပ် အေးစန် ၊  ဗိုလ်မှူးချုပ် မျိုးအောင်  ၊ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်ခင်၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်ရဲကျော်၊  ဒုတိယဗိုလ်ချုပ်ကြီး မျိုးညွန့် ၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည်၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဘ ၊ ဒုတိယဗိုလ်ချုပ်ကြီး သန်းညွန့် ၊ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဝင်း၊ ဗိုလ်မှူးချုပ် မောင်မောင် ၊ဒုတိယဗိုလ်ချုပ်ကြီး မင်းသိန်း ၊ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းမြင့် ၊ ဒုတိယဗိုလ်ချုပ်ကြီး တင်အေး ၊ ဒုတိယဗိုလ်ချုပ်ကြီး တင်ငွေ ၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်သန်း ၊  ဒုတိယဗိုလ်ချုပ်ကြီး အောင်ထွေး ၊ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဝင်း၊  ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့် ၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်မောင်သန်း ၊  ဗိုလ်ချုပ် စိန်ထွား ၊ ဗိုလ်ချုပ် တင်ငွေ ၊ဗိုလ်ချုပ် မြင့်အောင် ၊ ဒုတိယဗိုလ်ချုပ်ကြီး ကြည်မင်း၊ ဗိုလ်ချုပ် မြင့်ဆွေ ၊ ဗိုလ်ချုပ် မောင်ညို ၊  ဗိုလ်ချုပ် တင်ငွေ ၊ ဗိုလ်ချုပ် ဝင်းမြင့်၊ ဗိုလ်ချုပ် သိန်းထွန်း ၊ ဗိုလ်ချုပ် အောင်ကြည် ၊ ဗိုလ်ချုပ် ခင်မောင်တင့်နှင့် အငြိမ်းစားအရာရှိ ကြီးများ၏ ဇနီးများ တက်ရောက်ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ဇနီး၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီး များနှင့် ဇနီးများ တက်ရောက်ကြသည်။
ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး ဦးဆောင်သော တပ်မတော်အရာရှိကြီးများက တပ်မတော် အငြိမ်းစားအရာရှိကြီးများအား ခရီးဦးကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက်  တပ်မတော်အရာရှိကြီးများအား ကန်တော့ခံတပ်မတော်အငြိမ်းစား အရာရှိကြီးများနှင့် မိတ်ဆက် ပေးခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂါရ၀ပြု ကန်တော့ ရခြင်းနှင့်ပတ်သက်၍ နှစ်(၇၀)ကျော်ကာလအတွင်း ခေတ်အဆက်ဆက်တာဝန်များစွာကို ပခုံးပြောင်း ထမ်းဆောင်ကာ တပ်မတော်သန္ဓေ တည်မှု ပိုမိုရင့်သန်အောင် လုပ်ဆောင်ပေးခဲ့ကြသည့် မိမိတို့၏ အမိအဖများဖြစ်ကြသော အငြိမ်းစားတပ်မတော်အရာရှိကြီးများအား ကံသုံးပါးတို့ဖြင့် အလေး အမြတ်ထား ကန်တော့ပါကြောင်း ၊ မျိုးဆက်ဟောင်း များမှသည် လက်ရှိမျိုးဆက်သစ်များ ၊ မိမိတို့မှ တစ်ဆင့် အနာဂတ်မျိုးဆက်သစ်များသို့တိုင် တပ်မတော်၏ အစဉ်အလာနှင့်အညီ လက်ဆင့် ကမ်းအမွေ ပေးဝေသွားမည်ဖြစ်ပါကြောင်း ၊ မျိုးဆက်သစ်များကလည်း တပ်မတော်အား ပိုကောင်း သည်ထက် ကောင်းအောင် ၊ ခိုင်မာသည်ထက် ခိုင်မာအောင် ဆက်လက်ကြိုး ပမ်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းတင်ပြသည်။
၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တက်ရောက် လာကြသူများက တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများကိုယ်စား  တပ်မတော်အ ငြိမ်းစား အရာရှိကြီး များအား မြန်မာ့ရိုးရာထုံးတမ်း အစဉ်အလာနှင့် အညီရိုသေစွာဖြင့် ဂါရ၀ပြု ကန်တော့ ကြသည်။
ယင်းနောက် တပ်မတော်အငြိမ်းစားအရာရှိကြီးများကိုယ်စား ဗိုလ်မှူးချုပ် လှထွန်းနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးညွန့် တို့က တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများအတွက် ဆုံးမဩဝါဒနှင့် ဆုမွန်ကောင်းစကားများပြောကြားရာတွင် တပ်မတော်ကြီးသည် နိုင်ငံတော်နှင့်တိုင်းပြည်လူမျိုး ၊ ဘာသာ သာသနာအတွက် တာဝန် ထမ်းဆောင်နေခြင်းဖြစ်၍ နှစ် ၇၀ မကဘဲ အမြဲရှင် သန်နေ မှာဖြစ်ကြောင်း၊ တပ်မတော် ရှိနေသမျှကာလပတ်လုံး နိုင်ငံတော်ရော ပြည်သူလူထုပါ ကမ္ဘာ့ အလယ် တွင် မြန်မာ့ဟေ့ ဟု ဝင့်ကြွားနိုင်မှာဖြစ်ကြောင်း ၊ နှစ် (၇၀)ပြည့် တပ်မတော်နေ့ဦးတည် ချက် ၄ ရပ်အတိုင်း ရဲရဲဝံ့ဝံ့ ဆောင်ရွက်သွားမည်ဟု ယုံကြည်မျှော်လင့်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက တပ်မတော် အငြိမ်းစား အရာရှိကြီး များထံသို့ ဂါရ၀ပြုပစ္စည်းများ ကိုယ်တိုင်ကိုယ်ကျ  ရိုသေစွာ ပေးအပ်ကြသည်။

ယခင်(၆၉)နှစ်မြောက် တပ်မတော်နေ့တွင် စစ်ရေးပြအခမ်းအနားနှင့် ဂုဏ်ပြုည စာစားပွဲ အခမ်း အနားများသို့ တပ်မတော် အငြိမ်းစားအရာရှိကြီး ၁၅ ဦး တက်ရောက်ခဲ့ပြီး တပ်မတော် (ကြည်း၊ရေ၊ လေ) မိသားစုများက ဂါရ၀ပြုကန်တော့ ခဲ့ကြသည်။ ယခုနှစ်(၇၀)ပြည့် တပ်မတော်နေ့ အခမ်း အနားတွင် အငြိမ်းစားအရာရှိကြီး များအား ဖိတ်ကြားခဲ့ရာ စစ်ရေးပြအခမ်းအနားသို့ ၄၇ ဦး တက်ရောက် ခဲ့ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment