နေပြည်တော်၊ မတ် ၂၇
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ တို့က တည်ခင်း ဧည့်ခံသည့် ၂၀၁၅ ခုနှစ် နှစ်(၇၀)ပြည့်
တပ်မတော် နေ့အထိမ်းအမှတ်ဧည့်ခံပွဲနှင့် ဂုဏ်ပြု ညစာစားပွဲကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ
ဇေယျာသီရိဗိမာန် ဥပစာရင်ပြင်၌ ကျင်းပသည်။
ရှေးဦးစွာ ဂုဏ်ပြုညစာစားပွဲ စတင်ကျင်းပချိန်တွင်
နှစ်(၇၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် တပ်မတော် နေ့စစ်ရေးပြကွင်းနှင့် ဘုရင့်နောင်
ရိပ်သာတို့မှ မီးရှုးမီးပန်းများပစ်ဖောက်သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည်
၂၀၁၅ ခုနှစ် တပ်မတော်နေ့ အထိမ်း အမှတ် ဧည့်ခံပွဲနှင့်ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပသည့်
ဇေယျာသီရိ ဗိမာန် ဥပစာရင်ပြင်သို့ ည ၇ နာရီတွင် ရောက်ရှိလာပြီး ဒုတိယတပ်မတော် ကာကွယ်ရေး
ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး၊
ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ ၊ ညှိနှိုင်း ကွပ်ကဲ ရေးမှူး (ကြည်း၊ရေ၊ လေ) ဗိုလ်ချုပ်ကြီး
လှဌေးဝင်းနှင့်ဇနီး ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး သူရသက်ဆွေ နှင့်ဇနီး
၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်နှင့်ဇနီး တို့နှင့်အတူ အခမ်းအနားသို့
တက်ရောက်လာကြသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများနှင့်
ဇနီးများ၊ တပ်မတော်အငြိမ်းစား အရာရှိကြီး များနှင့် ဇနီးများ၊ လွှတ်တော် ရေးရာကော်မတီ ဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများ၊
မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံခြား စစ်သံ မှူးများ၊ တပ်မတော် အမျိုးသမီးအရာရှိကြီးများ၊
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အရာရှိကြီးများ၊ မြန်မာ နိုင်ငံ စစ်မှု ထမ်းဟောင်းအဖွဲ့ဝင်များ၊
လုပ်ငန်းရှင်များ၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ တပ်ဖွဲ့ဝင် ကျောင်း ဆရာများနှင့် ကျောင်းသားများ၊
နယ်ခြားစောင့်တပ်များ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေး အဖွဲ့များ၊ အနုပညာရှင်များ၊ စစ်ချီတေး
၊ စစ်သီတေး ၊ ကဗျာ ၊ ဝတ္ထုပြိုင်ပွဲများတွင် ဆုရရှိသူများ၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့ဝင်များနှင့်
ဖိတ်ကြားထားသူများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်ဇနီးတို့က
တက်ရောက် လာကြသည့် ဧည့်သည် တော်များအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။
နှစ်(၇၀)ပြည့် တပ်မတော်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့်
ဂုဏ်ပြုညစာ စားပွဲတွင် ညစာမ သုံးဆောင် မီနှင့် သုံးဆောင် နေစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ်ရုံး
(ကြည်း)၊ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ မြ၀တီ တေးဂီတအဖွဲ့နှင့်အနုပညာရှင်များက
တေးသံ သာများဖြင့် ဧည့်ခံဖျော်ဖြေကြသည်။
ညစာစားပွဲအပြီးတွင် အခမ်းအနားသို့ တက်ရောက်လာကြသူများအား
ဇေယျာသီရိဗိမာန် သဘင် ဆောင်ခန်းမ၌ မြ၀တီအငြိမ့်အဖွဲ့နှင့် နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲများမှ
စစ်သည်၊ စစ်သမီး များက ယဉ်ကျေးမှု အကပဒေ သာများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း
သတင်းရရှိသည်။

No comments:
Post a Comment