Friday, March 27, 2015

နိုင်ငံတကာ စာနယ်ဇင်းအဖွဲ့အစည်း (IPI) ကမ္ဘာ့ညီလာခံ ရန်ကုန်မြို့တွင် စတင်ကျင်းပ


ရန်ကုန် မတ် ၂၇
(၆၅) ကြိမ်မြောက် နိုင်ငံတကာ စာနယ်ဇင်းအဖွဲ့အစည်း (IPI) ကမ္ဘာ့ညီလာခံကို   ယနေ့နံနက် ၉ နာရီ တွင် ရန်ကုန်မြို့ နတ်မောက်လမ်းရှိ ချက်ထရီယံဟိုတယ်၌ စတင်ကျင်းပ သည်။

ရှေးဦးစွာ နိုင်ငံတကာ စာနယ်ဇင်းအဖွဲ့အစည်း၏ ကမ္ဘာ့ညီလာခံဖွင့်ပွဲ အခမ်းအနား တွင် မြန်မာ့ စောင်း တူရိယာပညာရှင် ဦးထွန်းဝဏ္ဏစိုးက စောင်းလက်သံဖြင့် ဖျော်ဖြေတင်ဆက်ပြီး အနုပညာ ရှင်များက မြန်မာအကဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ IPI ဥက္ကဌ Ms. Galina Sidorova၊ မဇ္ဈိမမီဒီယာ အယ်ဒီတာချုပ် ဦးစိုးမြင့်၊ IPI Interim Executive Director Ms. Barbara Trionfi   တို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။


IPI ညီလာခံကို လွတ်လပ်သောမီဒီယာဆီသို့ ခရီးလမ်း (On the Path to Free Media) ခေါင်းစဉ်ဖြင့် မြန်မာ နိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ကာ ညီလာခံ ပထမနေ့  အစီအစဉ် အပိုင်း(၁) အရ ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်၊ UN UN Special Rapporteur on Freedom of Expression မှ Centre for Law and Demogracy , Canada မှ အမှုဆောင်ဒါရိုက်တာ Mr. Toby Mendel  နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းတို့က ဥပဒေနှင့် အလေ့ အထများမှ တစ်ဆင့် မီဒီယာလွတ်လပ်ခွင့်ရယူခြင်း ခေါင်းစဉ်ကို ဦးဆောင်ဆွေးနွေးသူများအဖြစ် ဆောင်ရွက် ဆွေးနွေးကြသည်။
အဆိုပါခေါင်းစဉ်အရ၂၀၁၁ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံသည် ထူးခြားသည့် ဖွံ့ဖြိုး တိုးတက်မှုရရှိခဲ့မှု ၊ ယင်း ဖွံ့ဖြိုးတိုးတက်မှုများမှ တစ်ဆင့်လွတ်လပ်ပြီး  အမှီအခိုကင်းသော မီဒီယာတစ်ရပ်ဖြစ်ရန် ဥပဒေ ဆိုင်ရာ ပတ်ဝန်းကျင်ဖော်ဆောင်ပေးနိုင်မှု၊ နှစ် ၅၀ အတွင်း ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေ ခွင့်ရရှိပြီး စိစစ်ဖြတ်တောက်မှု လုပ်ငန်းများ ဖျက်သိမ်းခဲ့မှု၊ မလိုလားအပ်သော ဥပဒေဟောင်းများက စာနယ်ဇင်း လွတ်လပ်ခွင့်အား ခြိမ်းခြောက်နေမှု တို့ကို ဆွေးနွေးကြပြီး တက်ရောက်လာသော ပြည်တွင်း ပြည်ပ သတင်းစာဆရာများက အပြန်အလှန် ပါဝင်ဆွေးနွေးကြသည်။ 
ယနေ့ ကျင်းပသော ညီလာခံတွင် မီဒီယာဆိုင်ရာ အပိုင်းကဏ္ဍ (၄) ရပ်ဖြင့် ဆွေးနွေး သွားမည်ဖြစ်ကာ ထိရှလွယ်သော ပဋိပက္ခသတင်းရေးသားခြင်းသင်ခန်းစာများ၊ နောက်ဆုံးရ ထူးခြား သတင်းများ (Breaking News) ရယူရာတွင် ဘာသာရေးဆိုင်ရာအကဲဆတ်မှု၊ ပုံနှိပ် သတင်းစာ ဆိုင်ရာ စိန်ခေါ်မှု များတွင် စီးပွားရေးအရ ရပ်တည်နိုင်မှုနှင့် အများယုံကြည် လက်ခံနိုင်မှု စသည့် ခေါင်းစဉ်များ ပြည်တွင်း ပြည်ပ သတင်းစာဆရာများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပါဝင်ဆွေးနွေးကြသည်။ 
အဆိုပါညီလာခံသို့  IPI အဖွဲ့ဝင် သတင်းမီဒီယာများမှ ရှေ့ဆောင်စာနယ်ဇင်း သမားများ၊ အစီအစဉ် ညွှန်ကြား ရေးမှူးများ၊ အမှုဆောင် အယ်ဒီတာ များ၊ ထုတ်ဝေသူများ၊ သတင်းစာဆရာများ၊ မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ရှိသူများ ၊ မြန်မာ သတင်းမီဒီယာ အဖွဲ့ အစည်း အသီးသီးမှ သတင်းမီဒီယာများ၊ ထုတ်ဝေသူများ၊ အယ်ဒီတာများ နှင့် သတင်းစာ ဆရာ စုစုပေါင်း (၂၁၀) ကျော် တက်ရောက်ကြကာ မတ် (၂၉) ရက်အထိ ဆက်လက် ကျင်းပ သွားမည် ဖြစ်သည်။

အဆိုပါညီလာခံ ကျင်းပနေစဉ်  ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်သည် ကာတာ နိုင်ငံ၊ အယ်ဂျာဇီးယား (အင်္ဂလိပ်) မှ ဦးဆောင်ညွှန်ကြားရေးမှူး AL Anstey  နှင့် မွန်းလွဲ ၂ နာရီတွင် လည်းကောင်း ၊ ဩစတြေးလျနိုင်ငံ မီဒီယာနှင့် လူမှုဆက်သွယ်ရေးဌာနမှ Program Director Dr. Andrew Dodd  နှင့် ကနေဒါ အမျိုးသားသတင်းစာမှ  Beijing Bureau Chief   Nathan Vander Klippe တို့နှင့် ညနေ ၃နာရီတွင် လည်းကောင်း ချက်ထရီယံဟိုတယ်ရှိ အမရပူရခန်းမ၌ သီးသန့် တွေ့ဆုံ ခဲ့သည်။ 

No comments:

Post a Comment