နေပြည်တော် မတ် ၁၂
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် ဖိလစ်ပိုင် သမ္မတ နိုင်ငံ သမ္မတဟောင်း မစ္စတာဖီဒယ် ရာမို့စ် ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့နှင့် ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက် အအုံ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ ဆွေးနွေးသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အဆွေတော် ဦးဆောင်
သော ကိုယ်စား လှယ်အဖွဲ့အား လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ အဆွေတော်အနေဖြင့် ဖိလစ်ပိုင်နိုင်ငံ သမ္မတတာဝန် ထမ်းဆောင်ခြင်းမပြုမီ ဖိလစ်ပိုင် တပ်မတော်တွင် ကာကွယ် ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ခဲ့ပါ ကြောင်း၊ ကာကွယ်ရေးဦးချုပ် တစ်ဦး အနေဖြင့် ဖိလစ်ပိုင်တပ်မတော်ကို ပိုင်နိုင်စွာ ဦးစီးကွပ်ကဲ၍ စစ်သည် တော်များနှင့် ပြည်သူလူထု၏ ချစ်ခင် မှုကို ရယူနိုင် ခဲ့ပါကြောင်း။
ထို့အပြင် အဆွေတော်အနေဖြင့် ဖိလစ်ပိုင်နိုင်ငံရေး လောကထဲသို့ ရောက်ရှိပြီး နိုင်ငံတော် သမ္မတ တာဝန်ကို ၁၉၉၂ ခုနှစ်မှ ၁၉၉၈ ခုနှစ် အထိ ခြောက်နှစ်ကြာ ထမ်းဆောင်ခဲ့ သည့် အချိန်တွင်လည်း ဖိလစ်ပိုင် နိုင်ငံ၏ စီးပွားရေးကို နိုင်ငံတကာ တွင် ယုံကြည်မှုပြန်လည်ရရှိရန်နှင့် ပြန်လည်ရှင်သန် နိုးထလာစေရန် တို့အတွက် ဆောင်ရွက်နိုင်ခဲ့သည်ဟု လူအများက အသိအမှတ်ပြု လေးစား ခြင်းခံခဲ့ရပါကြောင်း၊ အဆွေတော် သမ္မတတာဝန် ထမ်းဆောင်စဉ် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် စည်းလုံးညီညွတ်ရေးတို့အတွက် ပြုလုပ်ချမှတ်ခဲ့သော မူဝါဒများနှင့် အစီအစဉ်များကြောင့် ဖိလစ်ပိုင်နိုင်ငံ တွင် နိုင်ငံရေးတည်ငြိမ်မှုနှင့် စီးပွားရေး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာခဲ့ပါကြောင်း၊ ပြည်သူ များ၏ ချစ်ခင်လေးစားမှု၊ ဒေသတွင်း နိုင်ငံများ၏ ချစ်ခင်လေးစားမှု၊ ကမ္ဘာ့ အသိုက်အဝန်း၏ ချစ်ခင်လေးစားမှု များ ရရှိခဲ့သူတစ်ဦးလည်း ဖြစ်ခဲ့ပါ ကြောင်း၊ မိမိတို့အနေဖြင့်လည်း ဂုဏ်ယူလေးစားခဲ့ရပါကြောင်း။
ယနေ့မြန်မာနိုင်ငံကို ပါတီစုံ ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေး စနစ်ကို တည်ဆောက်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးလုပ်ငန်းများ ဆောင် ရွက်ရာတွင် မျှော်လင့်ထားသည်ထက် စိန်ခေါ်မှုများ များစွာကြုံတွေ့ရပါ ကြောင်း၊ ဤအခြေအနေနှင့် အချိန် အခါမျိုးတွင် အဆွေတော်လာရောက် လည်ပတ်၍ အမြင်ချင်းဖလှယ်ခြင်း၊ အတွေ့အကြုံကောင်းများနှင့် အကြံ ဥာဏ်ကောင်းများ ပေးခြင်းသည် မည်သည့်အခက်အခဲကိုမဆို ရင်ဆိုင် ကျော်လွှားပြီး ရည်မှန်းချက်ပန်းတိုင် ရောက်အောင် ဆောင်ရွက်ရန် ဆုံးဖြတ်ထားမှုကို ပိုမိုခိုင်မာစေပြီး ယုံကြည်မှု ရှိလာပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ဖိလစ်ပိုင်သမ္မတ ဟောင်း မစ္စတာဖီဒယ်ရာမို့စ် က ပြောကြားရာတွင် ယနေ့မျက်မှောက် ကမ္ဘာ၏ နိုင်ငံရေး၊ စီးပွားရေး အနေအထားသည် ပြောင်းလဲနေ သည်ဖြစ်၍ မိမိတို့ဒေသတွင်းနိုင်ငံ များသည်လည်း စည်းစည်းလုံးလုံးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို လုပ်ဆောင်သင့်ပါကြောင်း၊ ယခုအခါ နိုင်ငံများတွင် သဘာဝပတ်ဝန်းကျင် ဖောက်ပြားခြင်းနှင့် အခြားသော အထွေထွေ စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်နေရသည့်ကာလ ဖြစ်ပါ ကြောင်း။
ယနေ့ မြန်မာနိုင်ငံသည် သမိုင်း စာမျက်နှာသစ် ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံသည် နုနယ် သော ‘ဒီမိုကရေစီစနစ် ကျင့်သုံးသည့် နိုင်ငံဟု ဆိုနိုင်သော်လည်း မိမိတို့ ဖိလစ်ပိုင်နိုင်ငံသည်ပင်လျှင် မိမိတို့ ကိုယ်မိမိတို့ နုနယ်သေးသော ဒီမိုကရေစီနိုင်ငံအဖြစ် ခံယူထားပါ ကြောင်း၊ စဉ်ဆက်မပြတ် ရေရှည် တည်တံ့နိုင်သော ဖွံ့ဖြိုးတိုးတက်မှု များရရှိစေရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်နေသေးသည် ဟု ခံယူထားပါကြောင်း။
မိမိအနေဖြင့် အာဆီယံနှင့် အာရှ- ပစိဖိတ်ဒေသတည်ငြိမ်ရေးနှင့် လုံခြုံ ရေး၊ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် ထွန်းကားရေး၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ သံတမန်ရေး လုပ်ငန်း သုံးရပ်ကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက်Sustainable Development (စဉ်ဆက်မပြတ် ရေရှည်တည်တံ့ သော ဖွံ့ဖြိုးတိုးတက်ခြင်း) ရှိရန်သည် အရေးကြီးဆုံး အပိုင်းဖြစ်ပါကြောင်း၊ ပြည်သူတစ်ရပ်လုံး၏ လိုအပ်ချက် များပြည့်ဝရေး၊ ပျော်ရွှင်ရေးနှင့် မျှော်လင့်ချက်များ ရှင်သန်ရေးသည် အရေးကြီးပါကြောင်း။
နိုင်ငံ တစ်နိုင်ငံအနေဖြင့် လွတ်မြောက်ရှင်သန်ရန်၊ ထိုးဖောက် ရန်နှင့် ရှေ့သို့ဆက်လက်ချီတက်ရန် မှာ အလွန်ပင် အရေးကြီးပါကြောင်း၊ မိမိတို့၏လက်ဝယ်တွင်ရှိသော အကူ အညီ သယံဇာတများကို အကောင်း ဆုံးအခြေအနေရရန် မည်သို့စီမံ ဆောင်ရွက်ရမည် ဆိုသည်မှာလည်း အရေးပါကြောင်း၊ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးတွင် အစိုးရ၊ လွှတ်တော် နှင့် ပြည်သူများ ပူးပေါင်းပါဝင်မှုသည် အဓိကကျပါကြောင်း၊ အဆွေတော်၏ ကောင်းမွန်သည့် အကြံဥာဏ်များ ရရှိ သည့်အတွက်လည်း ကျေးဇူးတင်ရှိပါ ကြောင်းဖြင့် ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့ လွှတ်တော် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးမောင်ဦး၊ နိုင်ငံ တကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ပြည်ထောင်စုလွှတ်တော် ရုံးနှင့် ပြည်သူ့လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် ဖိလစ်ပိုင်သမ္မတ ဟောင်းဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ ဖိလစ်ပိုင်သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Alex G.Chua လည်း တက်ရောက်ခဲ့သည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌနှင့် ဧည့်သည်တော် ဖိလစ်ပိုင် သမ္မတဟောင်းတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး စုပေါင်း ၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြ သည်။

No comments:
Post a Comment