Thursday, March 12, 2015

ထိန်းသိမ်းခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ အားသက်ဆိုင်ရာမိဘများ ထံသို့ ပြန်လည် အပ်နှံခဲ့





နေပြည်တော် မတ် ၁၂
မတ်လ (၁၀)ရက်က ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်း မြို့တွင် အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက် ဆန္ဒပြသည့် အဖွဲ့၏ ဥပဒေမဲ့ လုပ်ဆောင်မှုများကြောင့် ဥပဒေနှင့် အညီ ခေါ်ယူ ထိန်းသိမ်း စစ်မေးခဲ့သည့် သူများထဲမှ တက္ကသိုလ်၊ ကောလိပ်များ၌ အမှန်တကယ် ပညာသင်ကြားနေ သော ကျောင်းသား၊ ကျောင်းသူများအား ပညာဆက်လက် သင်ကြားနိုင်ရေး အတွက်လည်းကောင်း၊ မိဘများအပေါ် စာနာ ထောက် ထားသော အားဖြင့် လည်းကောင်း၊ ကျူးလွန်သည့်ပြစ်မှုများ အပေါ် သက်ညှာသောအားဖြင့် လည်းကောင်း၊ သက်ဆိုင်ရာ မိဘ အုပ်ထိန်းသူများအားခေါ်ယူ၍ စနစ်တကျ ပြန်လည်အပ်နှံပေးလျက် ရှိသည်။
ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ(၁၇)ဦးတို့အား သက်ဆိုင်ရာက ဆုံးမ စကားပြောကြားပြီး မိဘ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေး ခဲ့ပြီးဖြစ်ကြောင်းနှင့် ပြန်လည် အပ်နှံမှု များကိုလည်း ဆက်လက်၍ စိစစ် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ သတင်းရရှိပါသည်။
 


No comments:

Post a Comment