နေပြည်တော် မတ် ၂၄
သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီး ဒေါက်တာ ကိုကိုဦး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် မတ် ၁၆ ရက်မှ ၁၉ ရက်အထိ
ဂျပန်နိုင်ငံ တိုကျိုမြို့သို့ သွားရောက်၍ မြန်မာနိုင်ငံ အတွင်း စက်မှု ကဏ္ဍများ၌ လိုအပ်သော
လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်နိုင်ရေး
ဂျပန် နိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီး များနှင့် တွေ့ ဆုံဆွေးနွေး ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ဂျပန်နိုင်ငံ ပညာရေး၊
ယဉ်ကျေးမှု၊ အားကစား၊ သိပံ္ပနှင့်နည်းပညာဝန်ကြီးဌာန ၀န်ကြီး H.E.Mr. Hakubun Shimomura ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် သွားရောက်တွေ့ဆုံခဲ့ပြီး
မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်လျက်ရှိသော ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲရေး ဆောင်ရွက်
နေမှုများ၊ ပညာရေးကဏ္ဍတွင် ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေမှုကိစ္စရပ်များ၊ ဂျပန်နိုင်ငံရှိ
College of Technology-KOSEN စနစ်အားအခြေခံ၍ မြန်မာနိုင်ငံတွင်
နည်းပညာကောလိပ်တစ်ခု ဖွင့်လှစ်သွားနိုင်ရေး၊ အခြေခံပညာရေး၊ အဆင့်မြင့် ပညာရေး၊ နည်းပညာနှင့်သက်မွေးပညာရေး
စသည့်ပညာရေးစနစ် အားလုံး အတွက် ပညာတော်သင်များ တိုးချဲ့စေလွှတ်နိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍
ဆွေးနွေးခဲ့ကြ သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဂျပန်နိုင်ငံ
သိပ္ပံနှင့်မူဝါဒရေးရာဆိုင်ရာ ၀န်ကြီးဌာန ၀န်ကြီး H.E.Mr. Shunichi Yamaguchi နှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်လျက်ရှိသည့်
သိပံ္ပနှင့်နည်းပညာ တီထွင်ဆန်းသစ်မှု ဥပဒေရေးဆွဲ ရေးတွင် ဂျပန်နိုင်ငံမှ ကူညီဆောင်ရွက်ပေးရေးဆိုင်ရာကိစ္စရပ်များ၊
ဆက်သွယ်ရေး ဂြိုဟ်တုနည်းပညာကဏ္ဍ အတွက် ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆက်လက်
ညှိနှိုင်းမှုများ ပြုလုပ်သွားနိုင်ရေး ကိစ္စရပ်များအား ဆွေးနွေး ခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဂျပန်နိုင်ငံ
ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ၀န်ကြီး H.E.Mr. Yasuhisa Shiozaki သို့သွားရောက်၍ ကျွမ်းကျင်လုပ်သားများ
ပြုစုပျိုးထောင်နိုင်ရေး၊ အလုပ်သမားများ အရည် အသွေး မြှင့် တင်ရေး၊ အလုပ်သမားများ အလုပ်အကိုင်ရရှိရန်
ဖန်တီးဆောင်ရွက် နိုင်ရေးကိစ္စရပ် များတွင် ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင် မည့်အစီအစဉ်များနှင့်စပ်လျဉ်း၍
ဆွေးနွေး ခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဂျပန်နိုင်ငံ
မြေယာ၊ အဆောက်အအုံနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနရှိ တာဝန်ရှိသူများနှင့် ကားစစ်ဆေးရေးစနစ်
မှတ်ပုံတင်ခြင်း ဆိုင်ရာများနှင့် ယာဉ်လမ်းကြောင်းလုံခြုံစိတ်ချရမှု၊ မော်တော်ယာဉ် စစ်ဆေးခြင်း၊
ပြုပြင်ခြင်း ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုကိစ္စများအတွက် ဂျပန် နိုင်ငံနှင့်
ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ် များအတွက် ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment