မန္တလေး
မတ် ၈
မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ဦးဆောင်မှုဖြင့်
Strong Flowers အမျိုးသမီး လူငယ်အသင်းမှ စီစဉ် ကျင်းပသော လောက်ကိုင် ဒေသတွင် တာဝန်
ထမ်းဆောင်နေကြသည့် စစ်သည်များနှင့် မှီခိုသူ မိသားစုများ အတွက် ရည်ရွယ်၍ မေတ္တာပို့
ဆုတောင်းပွဲနှင့် ဖျော်ဖြေရေး ရန်ပုံငွေ ပွဲတော်ကို ယနေ့ ည ၇ နာရီက မန္တလေး ချမ်းမြသာစည်
မြို့နယ် မင်္ဂလာ မန္တလေး ကားပါကင် အပေါ် ထပ်၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားမှူးများ အဖြစ် ရုပ်ရှင်
သရုပ်ဆောင် ခင်လှိုင်နှင့် ခိုင်သင်းကြည်တို့က ဖျော်ဖြေပွဲ အစီအစဉ်များကို ကြေညာ ပြီးနောက်
ဒါရိုက်တာ မောင်သီ ဦးဆောင်သော ရုပ်ရှင် သရုပ်ဆောင်များ၊ အဆိုတော်များ၊ အနုပညာရှင်များက
တက်ရောက် လာကြသည့် ပရိသတ်နှင့် အတူ လောက်ကိုင် ဒေသတွင် တာဝန် ထမ်းဆောင်ရင်း ကျဆုံးခဲ့ကြသည့်
စစ်သည်များကို ရည်စူး၍ ဖယောင်းတိုင်များ ကိုယ်စီ မီးထွန်းညှိ ကိုင်ဆောင်ပြီး မေတ္တာပို့
ဆုတောင်းပေးကြသည်။
ထို့နောက် နိုင်ငံကျော် အဆို တော်များက တေးဂီတအဖွဲ့များနှင့်
တွဲဖက်၍ အလှည့်ကျသီဆိုဖျော်ဖြေ ကြပြီး ဒါရိုက်တာ မောင်သီ တင်ဆက်သည့် ဖိုးတွမ်တီးဖူးစာဖြင့်
လည်းကောင်း၊ D,Star အဖွဲ့မှ အငြိမ့် ဖျော်ဖြေရေး အစီအစဉ်ဖြင့် လည်းကောင်း ဖျော်ဖြေ
တင်ဆက် ကပြကြသည်။ ယင်းနောက် မန္တလေးမြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီ များအသင်းအဖွဲ့များက
လောက်ကိုင် ဒေသအတွက် တာဝန်ထမ်းဆောင်နေ ကြသည့် စစ်သည်များနှင့် မှီခိုသူများ အတွက် အလှူငွေများ
ပေးအပ် လှူဒါန်းကြရာ ဒုတိယတိုင်းမှူး၊ တိုင်း ဒေသကြီးဝန်ကြီးများ၊ အမျိုးသမီး လူငယ်အသင်း
Strong Flowers ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည် ပေးအပ်
ချီးမြှင့်ကြသည်။
No comments:
Post a Comment