မြိတ် မတ် ၁၉
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး
ဦးမြတ်ဟိန်းသည် တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကျော်ဆန်း၊
ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ မတ်လ(၁၉)ရက် နံနက်(၁၀း၃၀)နာရီက မြိတ်မြို့ရှိ ဆက်သွယ်ရေး
တာဝါတိုင်များအား ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး သည် မြိတ်မြို့ မြန်မာ့ ဆက်သွယ်ရေးရုံးသို့ ရောက်ရှိပြီး မြန်မာ့ဆက်သွယ်ရေး
ဝန်ထမ်းများအား တွေ့ဆုံ၍ လုပ်ငန်းလမ်းညွှန် အမှာစကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဆက်သွယ်ရေးရုံးရှိ တာဝါတိုင်၊
ဆက်သွယ်ရေးခန်း၊ B.S.M (BTS) ROOM နှင့် G.M.D.S.S ROOM တို့ရှိ ဆက်သွယ်ရေး စက်များအား
ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရေပုန်းရပ်ရှိ AMARA
Communications Co.,ltd မှ တာဝန်ယူ တည်ဆောက်လျက် ရှိသည့် ဆက်သွယ်ရေး တာဝါတိုင် ပြီးစီးနေမှုအား
ကြည့်ရှုအားပေးခဲ့ပြီး တပ်ပြင်ရပ်ရှိ MPT ဆက်သွယ်ရေး တာဝါတိုင်နှင့် စက်ခန်းတို့အား
ကြည့်ရှုစစ်ဆေးခဲ့သည်။
မြိတ်မြို့တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဆက်သွယ်ရေးတာဝါတိုင်
(၉)ခု ရှိပြီး တယ်လီနောနှင့် အော်ရီဒူး တာဝါတိုင် များ တည်ဆောက်လျက်ရှိကြောင်း သိရှိရသည်။



No comments:
Post a Comment