Wednesday, March 25, 2015

လူထုအုံကြွမှုဖြစ်ပေါ်စေရန် ကြံရွယ်၍ လိမ်လည်အမှုဖွင့်သည့် တရားခံများအား အမိန့်ချမှတ်



နေပြည်တော် မတ် ၂၄
၂ဝ၁၄ ခုနှစ် ဇွန်လ ၂၉ ရက် နေ့တွင် ပျဉ်းမနားမြို့မရဲစခန်း () ၂၉၃/၂ဝ၁၄ ပြစ်မှုပုဒ်မ ၃၇၆ အမှု အား တရားလိုပြုလုပ်၍ လိမ်လည် အမှုဖွင့်သူ စိုးစိုး() ဖြူဖြူ ()ကတုံးမ၊ ထွန်းထွန်း() ဟာဂျီထွန်း ထွန်း() နိုးအစ္စလာမ်၊ နုနုမြတ်() နီနီအောင်၊ ရဲထွဋ်() သူရရဲထွဋ်() အာဇင်း() အဇင်း၊ ဒေါ်မာမာနီ() ဆားဘီး ငါးဦးတို့သည် လူမျိုးရေး ဘာသာရေးပြဿနာများ ဆူပူ အကြမ်းဖက်မှုများ လူမျိုးတစ်စုနှင့် တစ်စုအကြား ခိုက်ရန်ဖြစ်ပွားမှု မီးရှို့ဖျက်ဆီးမှု လူသတ်မှု၊ နာကျင် စေမှုများဖြစ်ပေါ်အောင် မမှန်သတင်း ပေး တိုင်တန်းပြီး ပဋိပက္ခဆူပူ အကြမ်းဖက်မှုများ ဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဖန်တီးလုပ် ဆောင်ခဲ့၍
၂ဝ၁၄ ခုနှစ် ဇွန်လ ၃ဝ ရက်တွင် ပျဉ်းမနားမြို့မရဲစခန်း () ၃၄၈/၂ဝ၁၄ ပြစ်မှုပုဒ်မ () () () တို့ဖြင့် အမှုဖွင့်၍ သြဂုတ် ရက်နေ့တွင် တရားစွဲတင်ပို့ခဲ့ရာ ပျဉ်းမနားမြို့နယ် တွဲဖက်မြို့နယ် တရားသူကြီး () ဒေါ်ခင်သန္တာက ပြစ်မှုကြီး အမှတ် ၄၃၃/၂ဝ၁၄၊ အရေးပေါ်စီမံမှုအက်ဥပဒေပုဒ်မ၅ ()()() နှင့် ပြစ်မှုကြီးအမှတ် ၄၃၈/၂ဝ၁၄ ပြစ်မှုပုဒ်မ ၂၁၁/၃၄ တို့ဖြင့်လက်ခံစစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား ၁၈--၂ဝ၁၅ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ပါ သည်။
ပြစ်မှုကျူးလွန်သူများ ဖြစ်သော စိုးစိုး() ဖြူဖြူမင်း () ကတုံးမ၊ ထွန်းထွန်း() ဟာဂျီထွန်းထွန်း () နိုးအစ္စလာမ်၊ ရဲထွဋ်() သူရရဲထွဋ် () အာဇင်း() အဇင်း၊ နုနုမြတ် ()နီနီအောင်နှင့် ဒေါ်မာမာနီ () ဆားဘီးအား ၁၉၅ဝ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ () အရ အလုပ်နှင့်ထောင်ဒဏ် ခုနစ်နှစ် ဥပဒေပုဒ်မ () နှင့် () အရ အလုပ်နှင့်ထောင်ဒဏ် ခုနစ်နှစ်၊ ပြစ်မှုပုဒ်မ ၂၁၁/ ၃၄ အရ အလုပ်နှင့် ထောင်ဒဏ် ခုနစ် နှစ် စုစုပေါင်းပြစ်ဒဏ်မှာ အလုပ် ကြမ်းနှင့် ထောင်ဒဏ် ၂၁ နှစ်စီ အသီးသီး ကျခံစေရန် အမိန့်ချမှတ် ခဲ့ပါသည်။
၎င်းပြစ်မှုကျူးလွန်သူများအနက် ရဲထွဋ်() သူရရဲထွဋ်() အာဇင်း() အဇင်းနှင့် နုနုမြတ်() နီနီအောင် တို့အား ၁၇--၂ဝ၁၄ ရက်နေ့တွင် ပြစ်မှုကြီးအမှတ် ၄၄၂/ ၂ဝ၁၄ ၁၉၄၉ ခုနှစ် ပြည်ထောင်စုမြန်မာ နိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံ တင်ရေး အက်ဥပဒေပုဒ်မ ()/ () အရ အလုပ်နှင့်ထောင်ဒဏ် နှစ်နှစ်၊ ၁၃-၁၁-၂ဝ၁၄ ရက်နေ့တွင် ပြစ်မှုကြီးအမှတ် ၅ဝ၆/၂ဝ၁၄ ပြစ်မှုပုဒ်မ ၁၈၆ အရ ထောင်ဒဏ် လချမှတ်ခဲ့ပြီး ပြစ်မှုကျူးလွန်သူ ရဲထွဋ်() သူရရဲထွဋ်()အာဇင်း() အဇင်း ၂၆-၁၂-၂ဝ၁၄ ရက်နေ့တွင် ထိုင်းနိုင်ငံ သို့ တရားမဝင်သွားရောက် ခဲ့သဖြင့် ပြစ်မှုကြီးအမှတ် ၅၈၆/ ၂ဝ၁၄ လဝက အက်ဥပဒေပုဒ်မ ()/၁၃ ()အရ အလုပ်နှင့်ထောင် ဒဏ် သုံးနှစ်ချမှတ်ခဲ့ပြီးဖြစ်ကြောင်း ပြစ်မှုကျူးလွန်သူ ရဲထွဋ်() သူရ ရဲထွဋ်() အာဇင်း () အဇင်း စုစု ပေါင်း ပြစ်ဒဏ် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂၆ နှစ် နှင့် နုနုမြတ်() နီနီအောင်မှာ စုစုပေါင်း ပြစ်ဒဏ် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂၃ နှစ် ကျခံစေရန် ချမှတ်ခဲ့ ကြောင်း သိရှိရသည်။

No comments:

Post a Comment