Saturday, March 14, 2015

သတင်းထောက်နှစ်ဦးအပါအ၀င် ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာမိဘများထံသို့ ပြန်လည်အပ်နှံ


နေပြည်တော် မတ် ၁၃
ပဲခူးတိုင်းဒေသကြီး လက်ပံ တန်းမြို့တွင် အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြသည့် အဖွဲ့အား ဥပဒေနှင့်အညီ ခေါ်ယူ ထိန်းသိမ်း စစ်မေးခဲ့သူများမှ တက္ကသိုလ်၊ ကောလိပ်များ၌ အမှန် တကယ် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ပညာ ဆက်လက်သင်ကြားနိုင်ရေး မိဘ/အုပ်ထိန်းသူများအား ခေါ် ယူ၍ စနစ်တကျ ပြန်လည်အပ်နှံ ပေးလျက်ရှိရာ ယမန်နေ့က ၁၇ ဦး ပြန်လည် အပ်နှံပေးခဲ့ပြီးဖြစ် သည်။

ယင်းကဲ့သို့ မိဘများအပေါ် စာနာထောက်ထားသောအားဖြင့် ကျူးလွန်သောပြစ်မှုများအပေါ် သက်ညှာ၍ ပညာဆက်လက် သင်ကြားနိုင်ရေးအတွက် ယနေ့ တွင်လည်း ကျောင်းသား ကျောင်း သူ ကိုးဦးတို့အား သက်ဆိုင်ရာက ဆုံးမစကားပြောကြားပြီး မိဘ/ အုပ်ထိန်းသူများထံ ပြန်လည် အပ်နှံပေးခဲ့ပြီးဖြစ်သဖြင့် ကျောင်း သား ကျောင်းသူ စုစုပေါင်း ၂၆ ဦး အပ်နှံပေးခဲ့ပြီးဖြစ်ကြောင်း၊ ထိုကဲ့သို့ အပ်နှံမှုများကို ဆက်လက်စိစစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း နှင့် ယနေ့နံနက်ပိုင်းကလည်း သတင်း ထောက်နှစ်ဦးကို ဥပေဒေနှင့်အညီ လိုက်နာဆောင်ရွက်ရေး မှာကြား၍ ပြန်လည်စေလွှတ် ပေးခဲ့ပြီးဖြစ်ရာ ပြန်လည်စေလွှတ် ပေးခဲ့သူ စုစုပေါင်း ၂၈ ဦးဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သတင်းရရှိ သည်။ 

No comments:

Post a Comment