ရန်ကုန် မတ်
၁၃
ပြည်ထောင်စု
ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး
ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ သတ္တမအကြိမ်မြောက် ဆွေးနွေးပွဲကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ
မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန(MPC) ၌ ကျင်းပသွားနိုင်ရန်
စီစဉ်ထားပြီးဖြစ်ကြောင်း MPC မှ သိရသည်။
သတ္တမအကြိမ်မြောက်
တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးစာချုပ် (မူကြမ်း) ဆွေးနွေးပွဲကို
ငါးရက်ကြာကျင်းပသွားရန် လျာထားကြောင်းMPCမှ သိရသည်။
ယခု ကျင်းပမည့်
ဆွေးနွေးပွဲတွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) မှ ဆွေးနွေးရန်ကျန်ရှိသော
အချက်(၈) ချက်ကို ဆက်လက်ဆွေးနွေးမည်ဖြစ်ပြီး ပဋိပက္ခလျှော့ချရေး၊ အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ရေး၊
စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း၊ကျင့်ဝတ်များနှင့်အထွေထွေကိစ္စရပ်များကိုပါ ထည့်သွင်းဆွေးနွေးသွားမည်ဟု
MPC မှ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အစီအစဉ်၏ တွဲဖက်ဒါရိုက်တာ ဦးအောင်နိုင်ဦးက ပြောကြားသည်။
''(၇)ကြိမ်မြောက်
တရားဝင် အစည်းအဝေးကို ရန်ကုန်မှာပဲလုပ်မယ်။ NCCT ဘက်က လာရတဲ့အတွက်လည်း ခရီးစဉ် နောက်ကျသလို
အစိုးရဘက်ကလည်း ၁၆ ရက်နေ့မှာ အရေးကြီးတဲ့အစည်း အဝေးရှိတယ်။KIO က ရန်ကုန်မလာခင် နေပြည်တော်ကိုဝင်ပြီးတော့
အစိုးရနဲ့တပ်မတော်ကိုတွေ့မယ်။ နှစ်ဖက်စလုံးက ၁၆ ရက် နေ့လည်ပိုင်းမှ ရောက်မှာဆိုတော့
ဆွေးနွေးပွဲက မတ် ၁၇ ရက်လောက်ဖြစ်မယ်'' ဟု ဦးအောင်နိုင်ဦးက ပြောသည်။
ယခု ဆွေးနွေးပွဲကျင်းပနိုင်ရန်
အတွက်MPC ၏လုပ်ငန်းအဖွဲ့နှင့်NCCT မှ ဦးနိုင်ဟံသာ၊ ပဒိုစောကွယ်ထူးဝင်း၊ ဦးဂွမ်မော်တို့ပါဝင်သော
ကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ နောက်ဆုံးပတ်က ထိုင်းနိုင်ငံချင်းမိုင်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စု
ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(Union Peace Making Work Committee)နှင့်တစ်နိုင်ငံလုံး
အပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (Nationwide Ceasefire Coordination
Team) တို့အကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (Nationwide
Ceasefire Agreement) မူကြမ်းအပေါ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ
၂၂ ရက် မှ ၂၃ ရက်အထိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ဗဟိုဌာန
(Myanmar Peace Center) ၌ ကျင်းပခဲ့သည်။
No comments:
Post a Comment