ရန်ကုန် မတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ခွေးလေးကြီးကျေးရွာ
အခြေခံပညာ အထက်တန်း ကျောင်းခွဲ၌ ဆောက်လုပ်ပြီးဖြစ်သော မိုးပွင့်စာသင်ဆောင်သစ်အား ပညာရေးဝန်ကြီးဌာနသို့
လွှဲပြောင်းပေး အပ်ပွဲ အခမ်း အနားကို မတ်(၂၁)ရက် နံနက်(၉)နာရီက အဆိုပါ စာသင်ဆောင်သစ်ရှေ့၌ကျင်းပရာ
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အမှာစကားပြောကြားရာတွင်
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုသည် ယင်းနိုင်ငံသားများ၏ စာတတ်မြောက်မှုနှုန်းနှင့်
ပညာရေးဖွံ့ဖြိုးမှုတို့ အပေါ်တွင် တည်မှီ နေပါကြောင်း၊ နိုင်ငံတော်အစိုးရသည် ပညာရေး အဆင့်အတန်းနှင့်
အရည်အသွေး မြင့်မားစေရေးအတွက် ပညာရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊
လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ကြောင်း၊
ခွေးလေးကြီး ကျေးရွာစာသင်ကျောင်းကိုလည်း ၂၀၁၄ ခုနှစ်က အခြေခံပညာအလယ်တန်းကျောင်းမှ အထက်
တန်းကျောင်းခွဲအဖြစ် အဆင့်မြှင့် တင်ပေး ခဲ့ကြောင်း၊ စာသင်ဆောင်လိုအပ်ချက်အပေါ် ကောင်းကင်ကုမ္ပဏီမှ ဦးခင်မောင်အေးက
သဒ္ဓါစိတ်နှင့် စေတနာ အလျှောက် စာသင်ဆောင်သစ် ဆောက်လုပ်ရေး လှူဒါန်းခြင်းဖြစ်ကြောင်း၊
ကျောင်းသား ကျောင်းသူများ အနေဖြင့်လည်း မိုးပွင့် စာသင်ဆောင်ကြီးတွင် အေးချမ်းလုံခြုံစွာဖြင့်
ပညာသင် ကြားရင်း နိုင်ငံတော်က အားကိုး အားထား ပြုရမည့် သားကောင်း သမီးမွန်များဖြစ်စေရေးအတွက်
ကြိုးစား အားထုတ်ကြရန် တိုက်တွန်း ပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ကောင်းကင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်မောင်အေးက
မိုးပွင့်ကျောင်းဆောင် သစ်နှင့်ပတ်သက်သည့် စာရွက် စာတမ်းများကို ကျောင်းအုပ်ဆရာမကြီးထံ
ပေးအပ်သည်။
ထို့နောက် ကျောင်းအတွက် ဘိလပ်မြေအိတ်(၅၀)နှင့်
ဗလာစာအုပ်(၁၀၀)၊ အလှူငွေ များနှင့် ထောက်ပံ့ ငွေများကို ပေးအပ်လှူဒါန်းကြရာ ကျောင်းအုပ်ဆရာမကြီးနှင့်
တာဝန်ခံများက လက်ခံကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး
ဦးဝင်းကိုကို၊ တိုင်းဒေသကြီး ပညာရေး ညွှန်ကြားရေးမှူးရုံး ဒုတိယ ညွှန်ကြားရေးမှူး ဦးအမ်းဘရို့စ်နှင့်
အလှူရှင် ဦးခင်မောင်အေးတို့က မိုးပွင့်စာသင်ဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး
ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ တာဝန်ရှိသူများက မိုးပွင့်စာသင်ဆောင် ကမ္ဗည်း မော်ကွန်းကို
အမွှေးနံ့ သာများပက်ဖြန်းပေး ကြကာ မိုးပွင့်စာသင်ဆောင်ရှိ စာသင်ခန်းများအတွင်း လှည့်လည်
ကြည့်ရှု အားပေးကြသည်။
အဆိုပါ မိုးပွင့်စာသင်ဆောင်သစ်သည် အလျားပေ(၈၀)၊
အနံပေ(၃၀)ရှိ သံဖရိန် အုတ်ညှပ် အမျိုးအစားဖြစ်ပြီး တစ်ခန်းလျှင် ကျောင်းသားဦးရေ(၆၀)ဆန့်
စာသင်ခန်း (၃)ခန်း၊ ကျောင်းသား ကျောင်းသူ (၁၈၀) ပညာ သင်ကြား နိုင်ကြောင်းနှင့် ယင်းမိုးပွင့်စာသင်ဆောင်သစ်အား ကောင်းကင် ကုမ္ပဏီ
ဥက္ကဋ္ဌ ဦးခင်မောင်အေးက ငွေကျပ် (၃၃၉)သိန်း အကုန်အကျခံဆောက်လုပ် လှူဒါန်းခဲ့ပြီး စာသင်ဆောင်အတွက်
စာသင်ခုံများနှင့် ကျောင်း ပရိဘောဂများအား ပြည်ထောင်စု ဝန်ကြီးနှင့် ဇနီး မိသားစုက
လှူဒါန်းခဲ့ကြသည်။
No comments:
Post a Comment