Sunday, March 22, 2015

ဆိုလာမီးအိမ်များ ထောက်ပံ့


နေပြည်တော် မတ်၂၂
လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ် အုန်းခင် သည် မတ်(၂၂)ရက် နံနက်ပိုင်းတွင်  နေပြည်တော် ဥတ္တရသီရိမြို့နယ် သရက်တော ကျေးရွာအုပ်စု ပိုးစား တောကျေးရွာသို့ သွားရောက်ပြီး ၀ိဟာရဆရာတော်ထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။

ဆက်လက်၍ ကျေးရွာသူ/ကျေးရွာသားများနှင့် တွေ့ဆုံပြီး ၀န်ကြီးဌာနမှ ဆောင်ရွက်နေသည့် လူမှု ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ၊ သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများ၊ လူမှုစီးပွားဘ၀ မြင့်မားရေး လုပ်ငန်းများ၊ ကျေးလက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းများအကြောင်း ရှင်းလင်း ပြောကြား သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များဖြစ်သော  ဦးစိုးအောင်နှင့် ဦးစိုးကြည် တို့မှ သက်ကြီး ၀ါကြီး အိမ်ထောင်စုများအတွက် ဆိုလာမီးအိမ်အလုံး(၅၀)အား မဲဖောက်ထောက်ပံ့ပေးသည်။ ထို့နောက် ပိုးစားတော အလယ်တန်းကျောင်းခွဲ၌ ကျောင်းဆရာ /ဆရာမများ နေထိုင်ရန် နှစ်ထပ် အဆောက် အအုံ အတွက် သိန်း(၃၀)ကျပ် မတည်ထောက်ပံ့ပေးသည်။

ဝန်ကြီးဌာနအနေဖြင့် ကျန်ရှိသော သက်ကြီးဝါကြီး အိမ်ထောင်စုများအတွက် ဆိုလာမီးအိမ်များ ထပ်မံ ထောက်ပံ့ သွားမည်ဖြစ်သည်။

No comments:

Post a Comment