Sunday, March 22, 2015

နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံဖြင့် သက်စွန့် ကြိုးပမ်းထမ်းရွက်စဉ် ထိခိုက် ဒဏ်ရာ ရရှိခဲ့သော အရာရှိ၊ စစ်သည်များအား တွေ့ဆုံအားပေး


နေပြည်တော် ၊  မတ် - ၂၂
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊
အလယ် ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ် တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်တပ်နယ် တပ်မတော် ဆေးရုံ၌ ဆေးကုသမှု ခံယူနေသည့် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်း တမံဖြင့် သက်စွန့် ကြိုးပမ်း ထမ်းရွက်စဉ် ထိခိုက် ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များအား ရင်းနှီးနွေး ထွေးစွာ တွေ့ဆုံ၍ ဂုဏ်ပြု အားပေးစကားပြေကြားသည်။

ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဆေးရုံ တက်ရောက်ကုသမှုခံယူနေသော အရာရှိ၊ စစ်သည် များအား တစ်ဦးချင်း ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ဆေးကုသမှု အခြေအနေ အသေးစိတ်ကို မေးမြန်းကာ ဆေးကုသမှုဆိုင်ရာလိုအပ်ချက်များ၊ စစ်သည် တစ်ဦး ချင်း၏ တင်ပြချက်များကို  ဖြည့်ဆည်း ဆောင်ရွက် ပေးပြီး ထောက်ပံ့ငွေ၊ ပစ္စည်းနှင့် စားသောက် ဖွယ်ရာ များ ပေးအပ်ကြသည်။
ထို့နောက် ဆေးရုံတွင်ရောက်ရှိနေသော ထိခိုက်ဒဏ်ရာရ အရာရှိ၊ စစ်သည် များ၏ မိသားစုများကိုပါတွေ့ဆုံ၍ နှစ်သိမ့် အားပေးစကားပြောကြားပြီး လိုအပ်သော အုပ်ချုပ်မှုကိစ္စရပ်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အထူး ကြပ်မတ်ကုသဆောင်၌ ဆေးကု သမှု ခံယူနေသော မတ် ၁၂ ရက်နှင့် ၁၃ ရက်တွင်  အောင်မြင်စွာဖြင့် ကျောက်ကပ် အစားထိုး ခွဲစိတ် ကုသမှု ခံယူခဲ့သည့် လူနာ ၂ ဦးအား တွေ့ဆုံ၍ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး စကားပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။         

No comments:

Post a Comment