သံတွဲ မတ် ၆
ရိုးသားကြိုးစားသော နိုင်ငံ့ ဝန်ထမ်းများအား ဆန္ဒပြမှုဖြင့် အနိုင် မကျင့်ရေးဆန္ဒဖော်ထုတ်ပွဲကို
မတ် ၅ ရက် နံနက် ၁၁ နာရီက သံတွဲခရိုင် တောင်ကုတ်မြို့၌ တည်ငြိမ်အေး ချမ်းမှုကို လိုလားသော
ပြည်သူများက ခွင့်ပြုချက်ရယူပြီး လူအင်အား ၁ဝဝဝ ခန့်ဖြင့် တောင်ကုတ်မြို့ ဗောဓျာရာမ
ကျောင်းရှေ့မှစ၍ ညောင်တန်းလမ်း၊ ဦးဥတ္တမလမ်းမှ ဖောင်တော်ဦးဘုရား ထိ ငြိမ်းချမ်းစွာစီတန်းလှည့်လည်၍
ကြွေးကြော် သံများဖြင့် ပိုစတာများ ကိုင်ဆောင် ဆန္ဒဖော်ထုတ်ခဲ့ကြ ကြောင်း သိရသည်။
ဆန္ဒဖော်ထုတ်ရာတွင် မိမိကိုယ် ရေးကိုယ်တာကိစ္စကို --- မြို့လူထု ပြဿနာမဖြစ်ရေး၊
တည်ငြိမ်အေးချမ်း သောတောင်ကုတ်မြို့ကို လူတစ်စု ကြောင့် မပျက်ပြားစေရေး၊ မကြာ ခဏဆန္ဒပြမှု
--- (အလိုမရှိ) ဟူသော ကြွေးကြော်သံများ ကြွေးကြော် ၍လည်ကောင်း၊ ရိုးသားကြိုးစားသော
နိုင်ငံ့ဝန်ထမ်းများကို ဆန္ဒပြမှုဖြင့် အနိုင်မကျင့်ပါနဲ့၊ ဒီမိုကရေစီအခွင့် အရေးကို
အလွဲသုံးစားမလုပ်ပါနဲ့၊ မိမိကိုယ်ကျိုးအတွက် မြို့နယ်တည်ငြိမ် မှုကို မပျက်ပြားပါစေနဲ့၊
ပုဂ္ဂိုလ်ရေး ပြဿနာကို မြို့ပြဿနာမလုပ်ပါနဲ့၊ ပြည်သူကို လိမ်ညာလှည့်ဖြားစည်းရုံး သူကို
အလိုမရှိ၊ ဒီမိုကရေစီအရေခြုံ ၍ ပြည်သူ့ဝန်ထမ်းများအား အနိုင်ကျင့်မှု ရှုတ်ချဆန္ဒပြဟူသော
ပိုစတာများကို ကိုင်ဆောင်၍လည်း ကောင်း ဆန္ဒဖော်ထုတ်ကြကြောင်း သိရသည်။

No comments:
Post a Comment