Saturday, March 7, 2015

ကုလားတန်မြစ်ကြောင်းတစ်လျှောက် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း ပြည်တွင်းပြည်ပ ကျွမ်းကျင်ပညာရှင်များ ၊ ဒေသခံလုပ်ငန်း ရှင်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သင့်


စစ်တွေ မတ် ၆
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ယနေ့မွန်းလွဲပိုင်းတွင် အထူး လေယာဉ် ဖြင့် စစ်တွေမြို့သို့ရောက်ရှိရာ ဒုတိယသမ္မတနှင့်အဖွဲ့အား စစ်တွေမြို့အဝင် လမ်းဘေးဝဲယာ၌ ဒေသခံပြည်သူများ နှင့် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများက ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ ဒေသခံတိုင်းရင်းသား ကုမ္ပဏီများနှင့် တောင်ကိုရီးယား နိုင်ငံ၏ နည်းပညာအကူအညီဖြင့် စစ်တွေမြို့တွင်း လမ်းများ အဆင့်မြှင့်တင်ပြင်ဆင်ထားရှိမှု၊ လျှပ်စစ်မီး သွယ်တန်း ထားရှိမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ဒေသခံ ပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ လူမှုရေး၊ စီးပွားရေးအခြေအနေများကို မေးမြန်း ကာ အားပေး နှုတ်ဆက်ခဲ့သည်။
ယင်းနောက် ဒုတိယသမ္မတအား ကမ်းနားလမ်းရှိ စီမံကိန်းရှင်းလင်း ဆောင်၌ ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဆောင် ရွက်မည့် စစ်တွေမြို့လယ်ချောင်း ရေစီးရေလာကောင်းမွန်ရေး၊ ကုလား တန် မြစ်ဆုံချောင်းဝ သာယာလှပ ရေးနှင့် ကုလားတန်မြစ်ကြောင်း တစ်လျှောက် မြို့ပြမြေယာ ဖော်ထုတ် ရေး စီမံ ကိန်း ဆောင်ရွက်နေမှုများ ကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ရေအရင်းအမြစ် နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်နိုင်က စစ်တွေမြို့ မြို့လယ်ချောင်းရေစီးရေလာ ကောင်း မွန်ရေးနှင့် ကုလားတန်မြစ်ဆုံ ချောင်းဝ သာယာလှပရေးအတွက် အရှည်ပေ ၂၂၅ဝ ပိုင်ရိုက်၍ကျောက် ကြီးနှင့် မြေထိန်းနံရံဆောင်ရွက်နေ မှု၊ မြို့လယ်ချောင်းတံတားမှ ကုလား တန်မြစ်ဘက်သို့ အလျားပေ ၁၁၅ဝ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုနှင့် ကုလားတန်မြစ် ကြောင်းတစ်လျှောက် ဆတ်ရိုးကျ ချောင်းဝမှ ကုလားတန်မြစ်ကြောင်း စီမံကိန်း ဆိပ်ကမ်းအထိ မြို့ပြ မြေယာတိုးချဲ့ဖော်ထုတ်ရေး စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပြီးစီး မှု၊ စီမံကိန်းလုပ်ငန်းဆောင်ရွက်ပြီး ပါက ဖြစ်ထွန်းလာမည့် အခြေအနေ၊ ဒေသခံပြည်သူများအတွက် ရရှိနိုင် မည့် အကျိုးကျေးဇူးများ၊ ဟိုတယ် နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် မှု၊ မြို့ပြအိမ်ရာ တိုးတက်ဖွံ့ဖြိုးမှု များကို အသေးစိတ် ရှင်းလင်းတင်ပြ သည်။
ထို့နောက် ဒုတိယသမ္မတက ဒေသခံပြည်သူများ ကျန်းမာရေးနှင့် အညီ နေထိုင်သွားလာနိုင်စေရေး၊ စစ်တွေမြို့သန့်ရှင်း သာယာလှပရေးကို အထူးဂရုပြုဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယခုဆောင်ရွက် နေသည့် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း သည် အလားအလာကောင်းမွန်သည့် စီမံကိန်းဖြစ်သောကြောင့် အောင်မြင် အောင် ဆောင်ရွက်နိုင်ရန် ပြည်တွင်း ပြည်ပမှ ကျွမ်းကျင် ပညာရှင်များ၊ ဒေသခံလုပ်ငန်းရှင်များနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်သင့်ပါကြောင်း။
ထို့ပြင် မိမိတို့ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများကြောင့် ကုလား တန်မြစ်ရေ ညစ်ညမ်းမှုမရှိစေရေး၊ ရေလမ်းကြောင်းများ ထိခိုက်မှု မရှိစေရေး၊ မြစ်ကြောင်းသဘာဝ အလှများကို အကျိုးရှိရှိအသုံးပြု နိုင်စေရေး အတွက် သက်ဆိုင်ရာအဖွဲ့ အစည်းများက သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးအဖွဲ့များနှင့် ညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်ပါ ကြောင်းဖြင့် မှာကြားပြီး စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ် ဆေးခဲ့သည်။
ယင်းနောက် ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ စစ်တွေမြို့ ပွိုင့်အငူသို့ ရောက်ရှိရာ ရှင်းလင်း ဆောင် ၌ အေးငြိမ်းဆောက်လုပ်ရေး ကုမ္မဏီမှ ဦးထွန်းကျော်က ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်များနှင့် သဘာဝအလှတရားများကို ပေါင်း စပ်ခံစားနိုင်စေရန် စစ်တွေမြို့ ပွိုင့်အငူအား အဆင့်မြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်မည့် အခြေ အနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီး ချုပ်က စစ်တွေမြို့ပွိုင့်အငူသန့်ရှင်းသာယာလှပရေးနှင့် အစဉ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် စီစဉ်ဆောင် ရွက်ထားရှိမှုများကို ဖြည့်စွက် ရှင်း လင်းတင်ပြခဲ့သည်။
ထို့နောက် ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ အထူးရေ ယာဉ်ဖြင့် ဆတ်ရိုးကျချောင်း သောင်တူး ဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ မြေထိန်းနံရံ တည် ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက် နေမှုနှင့် ရေကြောင်း ထိန်းသိမ်းရေး ဆောင်ရွက် ထားရှိမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန် ရှိသူများအား လုပ်ငန်း ဆိုင်ရာ များကို မှာကြားဖြည့် ဆည်းဆောင်ရွက်ပေး သည်။

No comments:

Post a Comment