ကွာလာလမ်ပူ မတ် ၁၂
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီး
ဒေါ်ခင်ခင်ဝင်း တို့သည် ယနေ့ ဒေသစံ တော်ချိန်
ည ၈ နာရီတွင် ကွာလာလမ်ပူမြို့ရှိ ဘုရင့်န န်းတော်သို့ ရောက်ရှိပြီး ဧည့်သည် တော်မှတ်တမ်း
စာအုပ်တွင် လက်မှတ် ရေးထိုးသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့်
မလေးရှားနိုင်ငံ ဘုရင်နှင့် မိဖုရား တို့သည် စုပေါင်းမှတ်တမ်းတင်
ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် မလေးရှားနိုင်ငံ
ဘုရင်တို့သည် နှစ်နိုင်ငံ တွေ့ဆုံ ဆွေးနွေး ကြသည်။
ဆက်လက်၍ မလေးရှားနိုင်ငံ ဘုရင်နှင့် မိဖုရားတို့က နိုင်ငံတော်သမ္မတနှင့်
ဇနီး တို့အား Banquet Hall ၌ ဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
တွေ့ဆုံပွဲနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားတို့သို့
နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စု ၀န်ကြီးများနှင့် မလေးရှား နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီးတို့
တက်ရောက်ကြပြီး မလေးရှားနိုင်ငံဘုရင်နှင့် မိဖုရားတို့နှင့်အတူ အဆင့်မြင့်အရာရှိကြီး
များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

No comments:
Post a Comment