ဆောင်းပါး
ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်နှင့်ကောင်းမွန်သော
လူ့အဖွဲ့အစည်းတစ်ရပ်တို့ကို ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုသလို တစ်ခုနှင့်တစ်ခု
အမှီသဟဲပြုလျက်ရှိသည်။ ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ဖြစ်ပေါ်လာစေရန် နိုင်ငံသာအားလုံးအနေဖြင့် ဒီမိုကရေစီ ကျင့်စဉ်များ ထွန်းကားလာအောင် အလေးထားဆောင်ရွက်ကြရန် လိုအပ်ပါသည်။ သို့ဖြစ်၍
ဆရာမ ဒေါက်တာ ၀ါဝါမောင်၏ ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်စာအုပ်ကို စာဖတ်သူများအတွက် အပတ်စဉ်
သောကြာနေ့ တိုင်း ဖော်ပြပေးသွားမည် ဖြစ်ပါသည်။
ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်
(Ensuring Good Governance)
(Ensuring Good Governance)
ယခင်ပတ်မှအဆက် အများစုပါဝင်စေခြင်း
(Participation)
- အများစုပါဝင်စေခြင်းဟူသည့် သဘောမှာ
လူ များစုသည် နိုင်ငံတော်နှင့် မိမိတို့နိုင်ငံသားများ၏ အကျိုးစီးပွား အတွက် မိမိတို့တွင်
တာဝန်ရှိသည်၊ မိမိတို့နှင့်လည်း သက်ဆိုင်သည်ဟု ခံယူလျက် အသိစိတ် ဓာတ်ဖြင့် ပါဝင်ဆောင်ရွက်ခြင်း
ပင် ဖြစ်သည်။
- ထိုသို့ ပါဝင်ဆောင်ရွက်ရာတွင် အမျိုးသမီးရော
အမျိုးသားပါ ပါဝင်မှု ရှိစေရပါမည်။ ဆင်းရဲ ချမ်းသာမရွေး၊ လူတန်းစားမရွေး၊ လူမျိုးဘာသာ
မရွေး နိုင်ငံသားတိုင်း မိမိနိုင်ငံတော်နှင့် မိမိတို့ ပြည်သူများ အကျိုးစီးပွား အတွက်
ပါဝင်ဆောင် ရွက်ရပါမည်။ ပါဝင်ဆောင်ရွက်ခွင့်လည်း ရရှိစေ ရန်အစိုးရက စီမံဆောင်ရွက်ပေး
ရမည်ဖြစ်ပါသည်။
- အဆိုပါ ပါဝင်ဆောင်ရွက်သူများသည် တိုက်ရိုက် (သို့မဟုတ်) ထိရောက်အောင် လုပ်ဆောင်နိုင်သည့် အဖွဲ့ အစည်း များမှတစ်ဆင့် ပါဝင်နိုင်သည်။ တနည်းဆိုသော် လွတ်လပ်သောအဖွဲ့အစည်း၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ခွင့်တည်ရှိမှုနှင့် စနစ်တကျဖွဲ့စည်းထားသည့် လူမှုအဖွဲ့အစည်း များအား ပါဝင်စေခြင်းကို ဆိုလိုသည်။
- အောက်ခြေမှ လူထု၏တင်ပြချက်၊ အောက်ခြေ ဝန်ထမ်းများ၏ တင်ပြချက်များကို အထက် အောက်ဆက် ဆံရေး အသွင်သဏ္ဌာန်ဖြင့် စဉ်းစား တုံ့ပြန်ပေးသည့်အနေဖြင့် နားလည်မှုအပေါ် အခြေခံသောဆက်ဆံရေး ဖြစ်ပေါ်လာနိုင်ပါသည်။ ထို့နောက် လူအများစုသည် ခံယူချက်အသိ စိတ်ဓာတ်ဖြင့် ပိုမိုပါဝင်ဆောင်ရွက် လာနိုင်မည် ဖြစ်ပါသည်။ ဤသို့ဖြင့် အစိုးရနှင့် ပြည်သူတို့ အကြား ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေနိုင်မည် ဖြစ်ပြီး လူ့အဖွဲ့အစည်းအတွင်းရှိ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ၊ လူမှုအဖွဲ့အစည်းများ၊ ပြည်သူများစ သည့် Stakeholders များအကြား နားလည်ရင်းနှီးမှုကိုလည်း တည်ဆောက်ရာ ရောက်ပေသည်။

- သို့ပါ၍ လုပ်ငန်းတာဝန်များကို အဆင့်ဆင့်
ယုံယုံ ကြည်ကြည်ဖြင့် အထက်မှ ခွဲဝေတာဝန်ပေးကာ လုပ်ပိုင်ခွင့်များကို ယုံကြည်စွာ ပေးအပ်သကဲ့သို့
အောက်ခြေမှလည်း ရဲရဲဝံ့ဝံ့ဖြင့် မိမိတို့လုပ်ရမည့် တာဝန်များ၊ မိမိတို့ လုပ်သင့်သည့်
အလုပ်များကို ဆောင်ရွက်ကြရန် ဖြစ်ပါသည်။ မည်သူတစ်ဦး တစ်ယောက်၏ တိုက်တွန်းချက်မှ မပါဘဲ
မိမိတို့၏ ကိုယ်ပိုင်အသိနှင့်ယှဉ်ကာ တာဝန်ယူမှု အပြည့် အဝဖြင့် တက်ြ<ွကစွာ ပူးပေါင်းပါဝင်ဆောင်ရွက်
ခြင်းဖြင့် Good governance တည်ဆောက်မှုကို အထောက်အကူပြုရာ ရောက်ပါသည်။
စည်းမျဉ်းစည်းကမ်း ဥပဒေ(Rule of law)
- ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်
(Good Governance) ဖြစ်ပေါ်စေရန် တရားမျှတသော ဥပဒေ စည်းမျဉ်း စည်းကမ်းများ (Fair
legal frameworks)လိုအပ်ပါသည်။
- အဆိုပါ တရားမျှတသော ဥပဒေ စည်းမျဉ်းစည်း
ကမ်းများကို အစိုးရအပါအဝင် အုပ်ချုပ်ခံလူတန်း စားများ (ပြည်သူများ) အားလုံး လေးစားလိုက်နာ
ရပါမည်။
- လူနည်းစုလူမျိုးစုများအပါအဝင် လူ့အခွင့်အရေးကို
အပြည့်အဝ အကာအကွယ်ပေးနိုင်ရမည်။ (Full protection of human rights, particularly
those of minorities.)
- တရားရေး မဏ္ဍိုင် ဖြောင့်မတ်မှန်ကန်ခြင်း၊
ဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့်လည်း
ဥပဒေ နှင့် အညီ ပြုမူကျင့်ကြံ လုပ်ကိုင်ရမည် ဖြစ်ပါသည်။ လွတ်လပ်သော တရားစီရင်မှုနှင့်တရားဥပဒေ
ကို ကာကွယ် စောင့်ရှောက်မှုများ ထွန်းကားရမည် ဖြစ်ပေသည်။
ဥပဒေ နှင့် အညီ ပြုမူကျင့်ကြံ လုပ်ကိုင်ရမည် ဖြစ်ပါသည်။ လွတ်လပ်သော တရားစီရင်မှုနှင့်တရားဥပဒေ
ကို ကာကွယ် စောင့်ရှောက်မှုများ ထွန်းကားရမည် ဖြစ်ပေသည်။
- ဥပမာ-စိုက်ပျိုးရေးကဏ္ဍတွင် ဥပဒေနှင့်အညီ
လွတ်လပ်စွာစိုက်ပျိုးခွင့်၊ သယ်ယူရောင်းချခွင့်ကို
ခွင့်ပြုပေးပြီး အတားအဆီး အပိတ်အဆို့၊ အဟန့် အတားများကို မူဝါဒအားဖြင့် ဖယ်ရှားရန်ဆိုပါစို့။
လူဖြင့် ထိန်းသိမ်းလျှင် ဘက်လိုက်မှု(Bias)များ ပါရှိနိုင်ခြင်းကြောင့်လူဖြင့် မထိန်းဘဲမူ (Principle)
ဖြင့် ထိန်းသိမ်းရမည်ဖြစ်ပါသည်။ အဆိုပါမူကို အများသိရှိစေရေး လုပ်ဆောင်ရန် (Transparency) လိုအပ်ပါသည်။ သို့မှသာ လုပ်ထုံးလုပ်နည်း နှင့်တကွ ဆောင်ရန်၊ ရှောင်ရန် (Do's and Don'ts
များကို သိရှိနားလည်ကာ ကုန်စည်စီးဆင်းမှု သွက်လက်လွယ်ကူပြီး ကုန်ဈေးနှုန်းလည်း ကျဆင်း
လာမည်ဖြစ်ခြင်းကြောင့် ဥပဒေဖြင့်သာ ထိန်းကျောင်းသွားရန် ဖြစ်ပါသည်။

- အဆိုပါဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်
အမိန့်ညွှန် ကြားချက်များသည် နေရာတိုင်း၊ အချိန်တိုင်း၌
စိုးမိုးမှုရှိပြီး သက်ဝင်လှုပ်ရှား လိုက်နာဆောင်ရွက် နေရမည်ဖြစ်သည်။(Law , regulations and instructions come into effect anywhere, anytime.)တစ်နည်းအားဖြင့် ဥပဒေ၊ လုပ်ထုံးလုပ် နည်းများကို လက်တစ်လုံးကြား လိုက်နာလုပ်ဆောင် ခြင်းမပြုဘဲဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့် အညီ လိုက်နာ ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကို တည်ဆောက်ရမည် ဖြစ်ပေသည်။

ကြိုတင်ခန့်မှန်း နိုင်မှု(Predictability)
- နိုင်ငံတစ်နိုင်ငံ ဥပဒေဆိုင်ရာ ဝန်းကျင်
(legalenvironment) သည် ဖွံ့ဖြိုးမှုကို အထောက်အကူ
(Conducive to development) ပြုစေရမည်ဖြစ် သည်။
(Conducive to development) ပြုစေရမည်ဖြစ် သည်။
- အစိုးရသည် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊
မူဝါဒများမှတစ်ဆင့် မိမိကိုယ်မိမိ အပြန်အလှန် ထိန်းကျောင်းမှုလ (Check and Balance)
ရှိသော စနစ်ကို တည်ဆောက်နိုင်ရပါမည်။ ကောင်းမွန်စွာ သတ်မှတ်ပြဋ္ဌာန်းသည့် အခွင့်အရေးများ၊
တာဝန် များ၊ စည်းကမ်းများ (Well-defined rights and duties, mechanisms for their
enforcement)မှာရှင်းလင်းပြတ်သား၍ ပွင့်လင်းထင်သာမြင်သာရှိစေရပါမည်။ ပဋိ ပက္ခနှင့် အငြင်းပွားမှုများ(Settlemtent
and Disputes) ကို ဖြေရှင်းနိုင်သည့် ယန္တရားများ ပါဝင်စေရပါမည်။
- ထို့ကြောင့် ကြိုတင်ခန့်မှန်းနိုင်မှုဆိုသည်မှာ ဥပဒေနှင့် အစိုးရ၏ မူဝါဒများ အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် သင့်တော်မျှတမှု ရှိခြင်းနှင့် ရှေ့နောက်ကြောင်းကျိုး ဆီလျော်မှုရှိခြင်း (Fair and consistent application of these laws and implementation of government policies) နှင့် ပြဋ္ဌာန်းလိုက်သည့် စည်းမျဉ်းစည်း ကမ်းများ၏ အကျိုးသက်ရောက်မှုကိုလည်း တင် ကြိုစဉ်းစားသုံးသပ်မှု ရှိခြင်းပင် ဖြစ်သည်။

ပွင့်လင်းထင်သာမြင်သာဖြစ်ခြင်း
(Transparency)
- ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်တွင်
ဆုံးဖြတ်ချက် များအား စည်းမျဉ်းစည်းကမ်းနှင့် ဥပဒေဘောင် အတွင်းမှ လုပ်ဆောင်ရန်ဖြစ်သည်။
ပွင့်လင်းထင်သာ မြင်သာရှိစေခြင်းဖြင့်လည်း စည်းမျဉ်းစည်းကမ်း လုပ်ဆောင်မှုကို တွန်းအားပေးနိုင်ပါသည်။
- သတင်းအချက်အလက် (Information) တို့ကို
လွတ်လပ်စွာ (Freely available) ရရှိစေနိုင်ပြီး ဆုံးဖြတ်ချက်များကြောင့် အဓိက သက်ရောက်စေနိုင်
သူတို့သည်လည်း အဆိုပါ သတင်းအချက်အလက် များကို သိရှိစေရမည်။ သို့မှသာ အဆိုပါ စည်းမျဉ်း
စည်းကမ်းနှင့် ဥပဒေများအရလက်ခံကျင့်သုံးရန် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုအတွက်
အချိန် ဖန်တီးပေးရာ ရောက်သည်။
- ပွင့်လင်းထင်သာမြင်သာရှိခြင်း
(Transparency) ဆိုသည်မှာ သာမန်ပြည်သူများ (general public) အတွက် အစိုးရ၏စည်းမျဉ်းစည်းကမ်းများ၊
ဆုံးဖြတ် ချက်များနှင့် အကောင်အထည်ဖော် ဆောင်ရွက်မှု များ စသည့်အချက်အလက်များကို ရှင်းလင်းစွာ
သိရှိစေခြင်း (Availability of information to the and clarity about government
rules, regulations, and decisions.) ပင်ဖြစ်သည်။ တစ်နည်းဆိုသော် ထိုသို့ ပွင့်လင်းထင်သာမြင်သာရှိခြင်းသည်
ပြည်သူများအတွက် သတင်းရရှိစေမှု (Citizens' right to information) ကို ဖြည့် ဆည်းရာရောက်ပြီး
စည်းမျည်းစည်းကမ်းများကို လိုက်နာစေရန် တွန်းအားပေးရာလည်း ရောက်သည်။ အစိုးရ၏ ဆုံးဖြတ်ချက်များနှင့်
ပြည်သူ့ရေးရာ မူဝါဒ အကောင်အထည်ဖော်မှုများကို ပွင့်လင်းထင်သာ မြင်သာရှိစေခြင်း
(Transparency in government decision-making and public policy imple- mentation)
သည် မရေရာ မသေချာမှုများကို လျော့နည်းစေခြင်း (Reducing uncertainty) နှင့် အစိုးရဝန်ထမ်းများအကြား
လာဘ်ပေး လာဘ်ယူ ကိစ္စများကိုလည်း (Helping inhibit corruption among public
officials) တားဆီးရာရောက်သည်။
တုံ့ပြန်မှုရှိခြင်း (Responsiveness)
- သင့်တော်သော အချိန်အတိုင်းအတာအတွင်းတွင် အဖွဲ့အစည်းနှင့်
သက်ဆိုင်သူများသို့ ထိရောက်
သောဆောင်ရွက်မှုများ တုံ့ပြန်ဆောင်ရွက်ပေး ခြင်းဖြင့် ပံ့ပိုးပေးနိုင်ရမည်။ (Institutions and processes try to serve to all stakeh- olders within a reasonable timeframe.) လျစ်လျူရှုထားခြင်းမျိုးမရှိစေရ၊ သို့မှသာ တာဝန် ယူသောအုပ်ချုပ်မှု ပုံစံဖြစ်ပေါ်စေမည်ဖြစ်သည်။

အများစု၏ သဘောတူညီမှုရယူလုပ်ကိုင်မှုကိုရှေးရှုခြင်း (Consensus
orientation)
- စနစ်တစ်ခု၊ မူဝါဒတစ်ခုအနေဖြင့် လူပုဂ္ဂိုလ်တိုင်း၏
အကြိုက်ကို လိုက်ပါ ဆောင်ရွက်နိုင်မည် မဟုတ်ပေ။ (A system or policy cannot please
everybody.) အချို့သောမူဝါဒသည် လူဂ္ဂိုလ်အချို့အား ပိုမိုကောင်းမွန် စေသော်လည်း
အချို့ကိုမူ ပိုမိုဆိုးရွား သွားစေနိုင်သည်။ စနစ်တိုင်း၊ မူဝါဒတိုင်းတွင် အားနည်းချက်(Policy
or system distortion) အနည်း၊ အများရှိတတ်သည်ဖြစ်ရာ အားနည်းချက် အနည်းဆုံးဖြစ်အောင် ဆောင်ကြဉ်းပေးနိုင်သော မူဝါဒ(သို့မဟုတ်) စနစ်တစ်ရပ်သည် အကောင်းဆုံးသော မူဝါဒ (သို့မဟုတ်) စနစ်တစ်ရပ်ဟု ဆိုနိုင်ပါသည်။ (the best policy/system means the policy/ system which has least distortion.)
- လူမှုအဖွဲ့အစည်းများအနေဖြင့်လည်း ထိုက်သင့်သော၊ ဖြစ်နိုင်ခြေရှိသော တောင်းဆိုမှုများကိုသာ
သုံးသပ်ဆွေးနွေးရန်ဖြစ်ပါသည်။
- လူ့အဖွဲ့အစည်းအတွင်း လူတို့၏ စိတ်ဝင်စားမှု၊ အကျိုး ကျေးဇူးများမှာမတူ၊ ကွဲပြားမှုများစွာ တည်ရှိ စေနိုင်ခြင်းကြောင့် လူ့အဖွဲ့အစည်း အတွက် အကောင်းဆုံးဖြစ်ပေါ်စေရန် ညှိနှိုင်းမှု များစွာ လိုအပ်ခြင်း၊ အဆိုပါညှိနှိုင်းမှုများသည် လူ့အဖွဲ့အစည်း တစ်ခုလုံး၏ စဉ်ဆက်မပြတ်သော ဖွံ့ဖြိုးမှု အတွက် မည်သို့မည်ပုံ ကြိုးပမ်းမည်ကို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားရန်လိုအပ်ပါသည်။

- စဉ်ဆက်မပြတ် လူသားဖွံ့ဖြိုးမှုအတွက်
ရေရှည်ကို မျှော်မှန်းကြည့်ရှုရန်နှင့် ထိုသို့သော ဖွံ့ဖြိုးမှု ပန်းတိုင်အတွက်
မည်သို့အောင်မြင်အောင်ပြုလုပ် နိုင်မည်နည်းကို လူပုဂ္ဂိုလ်တိုင်းမှ ရှေးရှုရပေမည်။
- လူတိုင်း ပူးပေါင်းပါဝင် ဆောင်ရွက်မှုရှိသော
အလေ့အထနှင့်ကျင့်စဉ်များကသာလျှင် နွေးထွေး နားလည် သော လူအဖွဲ့အစည်းကိုဖြစ်ပေါ်စေနိုင်မည်ဖြစ်သည်။
အများစု၏ ဆန္ဒကိုလိုက်နာခြင်း၊ အနည်းစု၏ ဆန္ဒကိုလည်း အလေးထားခြင်း (လျစ်လျူမရှု
ခြင်း)စသည့် ဒီမိုကရေစီကျင့်စဉ် များနှင့်အညီ အပြန်အလှန် အလေးထားဆောင် ရွက်နိုင်ရန်အများစု၏
သဘောတူညီမှု ရယူလုပ်ကိုင်မှုကိုရှေးရှုရန် ဖြစ်ပါသည်။
ဒေါက်တာဝါ၀ါမောင်

No comments:
Post a Comment