ရန်ကုန်
မတ် ၁၉
မြန်မာနိုင်ငံတွင် အများပြည်သူ ဆက်သွယ်ရေးဝန်ဆောင်မှုများ
လွယ်ကူလျင်မြန်သက်သာစွာ အသုံး ပြုနိုင်ကြရန် ဆက်သွယ်ရေးကွန်ရက် အသစ်များကို တိုးချဲ့တည်ဆောက်
ဆောင်ရွက်လျက်ရှိသည်။ တည် ဆောက်ဆောင်ရွက်လျက်ရှိသော ဆက်သွယ်ရေး ရေဒီယိုစခန်းများမှ
ထုတ်လွှင့်သော ရေဒီယိုလှိုင်းများ ကြောင့် ကျန်းမာရေးဆိုင်ရာပြဿနာ များဖြစ်နိုင်ခြေ ရှိ
မရှိတို့နှင့်စပ်လျဉ်း သော မေးခွန်းများကို ပြည်သူ များအကြားတွင် မေးမြန်းလာကြ သည်။
မိုဘိုင်းလ်ဆက်သွယ်ရေးနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ
အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲ က ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌
ကျင်းပခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲ တွင် မိုဘိုင်းလ်ရေဒီယို ဆက်သွယ်ရေး စခန်းများ၏ရေဒီယို လှိုင်းများကြောင့်
ပတ်ဝန်းကျင်တွင် အကျိုးသက်ရောက် မှုနှင့် ကျန်းမာရေးထိခိုက်မှု ရှိ မရှိတို့ နှင့်စပ်လျဉ်း၍
တာဝန်ရှိသူများ အား မြန်မာ့သတင်းစဉ်သတင်းအဖွဲ့ က မေးမြန်းခဲ့သည်။
ဦးသောင်းတင် (ဒုတိယဝန်ကြီး- ဆက်သွယ်ရေးသတင်းအချက်အလက်
နှင့် နည်းပညာဝန်ကြီးဌာန)
မြန်မာနိုင်ငံအနေနဲ့ ဆက်သွယ် ရေးဝန်ဆောင်မှုကို
၂ဝ၁၁ ခုနှစ်မှာ ၅ ရာခိုင်နှုန်းအောက်ပဲ ရှိခဲ့တယ်။ အခု ၄၅ ရာခိုင်နှုန်းလောက်ရှိလာပြီ
ဖြစ်တယ်။ နေ့စဉ်နဲ့အမျှ တိုးတက် နေတယ်။ နိုင်ငံရဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှု စီမံကိန်းအောင်မြင်တဲ့
သဘောပါ။ ကောင်းတာရှိသလို တစ်ဖက်ကလည်း ဆက်သွယ်ရေးဝန် ဆောင်မှုအရ တာဝါတိုင်တွေ အများကြီး
ဆောက်ရတယ်။ ပြီးတော့ ဟန်းဖုန်းတွေ အသုံးများလာတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိတ်ပူပန်
မှုလေးတွေပေါ်လာတယ်။ ကိုယ့်အိမ်နားမှာ တာဝါတိုင်ဆောက်ရင် တာဝါ တိုင်က ထွက်တဲ့ ရေဒီယိုလှိုင်းတွေက
လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင် သလား၊ လက်ကိုင်ဖုန်းတွေ အများ ကြီးသုံးရင် ဘာတွေကို
ထိခိုက်နိုင် သလဲဆိုတဲ့ကိစ္စတွေ၊ စိတ်ပူပန်မှုတွေ ပေါ်လာတယ်။ ဒါက တစ်ကမ္ဘာလုံး ဖြစ်တာပါ။
ဆက်သွယ်ရေးဝန်ကြီးဌာန အနေနဲ့ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးတာနဲ့တစ်ပြိုင်တည်း ပတ်ဝန်း ကျင်
ထိခိုက်မှုမရှိအောင် လူတစ်ဦးချင်း ကျန်းမာရေးမထိခိုက်အောင် ဆောင် ရွက်ပေးဖို့ တာဝန်ရှိပါတယ်။
အခု နိုင်ငံတကာအဖွဲ့အစည်းတွေ အကူအညီနဲ့ ဆောင်ရွက်နေပါတယ်။ လျှပ်စစ်ပစ္စည်းတွေ အားလုံးဟာ
တစ်နည်း မဟုတ် တစ်နည်း လှိုင်းတွေ ထွက်ကြတယ်။ အသုံးများလာပြီး နားလည်လာတော့လည်း စိတ်ပူပန်မှု
ရှိတော့မှာမဟုတ်ဘူး၊ ဘယ်လိုဆောင် ရွက်နိုင်မယ်ဆိုတာ ပညာပေးဖို့ လိုပါတယ်။ ဒီကနေ့ကျင်းပတဲ့
အလုပ် ရုံဆွေးနွေးပွဲရဲ့ ရည်ရွယ်ချက်ကတော့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ သိပ္ပံနှင့်နည်းပညာ
ဝန်ကြီးဌာနကလည်း စဉ်ဆက်မပြတ် အသုံးပြုတဲ့ပစ္စည်းတွေက လူတွေရဲ့ကျန်းမာရေးကို မထိခိုက်အောင်
စံချိန်စံညွှန်းနဲ့အညီ ဖြစ်ရဲ့လား၊ ဒါတွေကို ရှင်းပြတာပါ။ နိုင်ငံတကာပညာရှင်တွေကို ဖိတ်ခေါ်
ပြီး ဝန်ကြီးဌာနတွေပေါင်းပြီး အခု အလုပ်ရုံဆွေးနွေးပွဲကို ပထမဆုံး ကျင်းပခြင်းဖြစ်ပါတယ်။
အဲဒါအပြင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သတ်မှတ်ထားတဲ့
ဂိုက်လိုင်း တွေနဲ့ ရှင်းပြချက်တွေ ဘာသာပြန်ပြီး စာရွက်ထုတ်ပြီး ဖြန့်ဖြူးသွားမယ်။
နည်းပညာပိုင်းအနေနဲ့ ရှင်းပြရရင် ပထမအချက်က ရေဒီယိုလှိုင်းနှုန်း တွေကို ဆဲလ်ဖုန်းတွေ
တာဝါတိုင်တွေ က လျှပ်စစ်ပစ္စည်းအားလုံး ထွက်သလို ထွက်ပါတယ်။ သို့ပေမယ့် ထွက်တဲ့ အားက
အလွန်နည်းပါတယ်။ မပြင်း ထန်ဘူး။ ဒုတိယအချက်က ဆဲလ်ဖုန်း၊ တာဝါတိုင်တွေက လှိုင်းရှည်တော့
ဖောက်ထွင်းနိုင်ဖို့ အားနည်းတယ်။ အိမ်မှာတီဗီတို့ ရေဒီယိုတွေမှာလည်း ရေဒီယိုလှိုင်းထွက်တယ်။
စိတ်ချ လက်ချသုံးနေကြတယ်။ ဘာမှဒုက္ခ မပေးဘူး။ တာဝါတိုင်၊ ဟန်းဖုန်းတွေ ထွက်တာလည်း ဒီအတိုင်းပါပဲ။
အားနည်းတယ်၊ ဖောက်ထွင်းနိုင်ဖို့ နည်းတယ်ဆိုပေမယ့် တန်ဆေးလွန် ဘေး အသုံးများခဲ့ရင်
ထုတ်လုပ်တဲ့သူ တွေက ဝပ်တွေ အများကြီးထုတ်ရင် ထိခိုက်နိုင်တယ်။ ဒါကြောင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကနေပြီး
GSM အဖွဲ့အစည်းကနေ စံချိန်စံညွှန်းတွေ သတ်မှတ်ပြီး စက်ပစ္စည်းတွေက လူ့ကျန်းမာရေးအန္တရာယ်
မထိခိုက် နိုင်အောင် ဘယ်အတိုင်းအတာအထိ ထွက်ရမယ်။ စွမ်းအင်ဘယ်လောက်ပဲ သုံးရမယ်။ ကန့်သတ်ချက်
တွေအဆင့် အတန်းတွေလုပ်တယ်။ ဆက်သွယ် ရေးဝန်ကြီးဌာနရဲ့ ရည်ရွယ်ချက်က ကျန်းမာရေး မထိခိုက်
အောင် လုပ်ရမယ်။ နိုင်ငံတကာရဲ့ စံချိန်စံညွှန်း ကိုက်ညီတဲ့စက်ပစ္စည်းကိုသာ တင် သွင်းခွင့်ပေးတယ်။
စက်ပစ္စည်းတစ်ခု ချင်းသွင်းတဲ့အခါ လိုင်စင်တင်ရတယ်။ စစ်ဆေးတယ် ပြီးမှသွင်းခွင့်ပေးတယ်။
အော်ပရေ တာတွေ လိုင်စင်ပေးတဲ့ အခါတစ်ခါတည်း ပြောပြီးသားပါ။ ဖောက်ဖျက်ရင် အရေးယူခံရမယ်။
လျော်ကြေး ပေးရမယ်။ နောက်ဆုံး လိုင်စင်ပိတ်သိမ်းသည်အထိ ဖြစ်နိုင် တယ်။ ပြည်သူတွေကို
ကျန်းမာရေးနဲ့ မထိခိုက်နိုင်အောင် သတ်မှတ်တဲ့ အပိုင်းပါ။ တကယ်လိုက်နာလားဆိုပြီး စစ်ဆေးရတယ်။
စစ်ဆေးဖို့အတွက် နိုင်ငံတကာအဖွဲ့အစည်း ပညာရှင် တွေက စက်ပစ္စည်းတွေနဲ့ ရန်ကုန်၊ မန္တလေး
စစ်ဆေးတယ်။ စစ်ဆေးလို့ တွေ့ရှိတဲ့ အချက်တွေကို ဒီအလုပ်ရုံ ဆွေးနွေးပွဲမှာ တင်ပြပါမယ်။
ဝန်ကြီး ဌာနကစစ်ဆေးဖို့ သင်တန်းတွေ လည်းပေးပြီးပြီ။ စက်ပစ္စည်းတင်သွင်း ခွင့်ပေးနေပါပြီ။
အော်ပရေတာတွေ က တပ်ဆင်လိုက်တဲ့ပစ္စည်းတွေကို စဉ်ဆက်မပြတ် ရန်ကုန်-မန္တလေး ပြီးရင် တခြားမြို့တွေအားလုံးကို
လိုက်စစ်သွားမှာပါ။ ရတဲ့အချက် ထုတ်ပြန်မယ်။ နိုင်ငံတကာ သတ်မှတ် တဲ့ စံချိန်စံနှုန်းနဲ့မကိုက်ညီရင်
အရေး ယူမှုဆောင်ရွက်သွားမှာပါ။ ရေဒီယို လှိုင်းနှုန်းတွေ သဘောသဘာဝကို အများပြည်သူ နားလည်အောင်
ရှင်းပြမယ်။ ရေဒီယိုလှိုင်းနှုန်းထုတ်လုပ် တဲ့ စက်ပစ္စည်းတွေကို နိုင်ငံတကာမှာ စံချိန်စံညွှန်းတွေရှိတယ်။
ကျန်းမာရေး မထိခိုက်အောင် ပြောပြမယ်။ နိုင်ငံ အနေနဲ့ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတဲ့
စက်ပစ္စည်းပဲ တင်သွင်းခွင့်ပေးတယ်။ ဒါကို တကယ်ရောလိုက်နာ လားဆိုပြီး စဉ်ဆက်မပြတ် စစ်ဆေးပြီးဆောင်ရွက်
နေပါတယ်။
ဒေါက်တာကြည်လွင်ဦး (ဒုတိယ ညွှန်ကြားရေးမှူး-လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင်ကျန်းမာရေးဦးစီးဌာန)
ဒီအလုပ်ရုံဆွေးနွေးပွဲမှာ အဓိက အကြောင်းအရာက
နှစ်ခုပါမယ်။ တစ်ခုက မိုဘိုင်းလ်ဖုန်း၊ နောက်တစ်ခု က မိုဘိုင်းလ်ဖုန်းနဲ့ပတ်သက်နေတဲ့
ရေဒီယိုအခြေစိုက်စခန်းနဲ့ပတ်သက်တယ်။ မိုဘိုင်းလ်ဖုန်းသုံးတဲ့အခါမှာ ထုတ်လွှတ်တဲ့ ရေဒီယိုလှိုင်းနှုန်း
ပြင်းအားပေါ်မူတည်ပြီး ထိခိုက်တယ် လို့ဆိုတယ်။ လှိုင်းနှုန်းအတက်အကျ နှစ်မျိုးရှိတယ်။
မိုဘိုင်းလ်ဖုန်းသုံးတာနဲ့ ပတ်သက်ပြီး ကျန်းမာရေးအပိုင်းက ကမ္ဘာမှာကြာနေပြီ။ သိပ္ပံပညာ
ရှင်တွေ စဉ်ဆက်မပြတ် လေ့လာမှုတွေလုပ်နေ တယ်။ လေ့လာမှုအရ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က ထုတ်ပြန်တယ်။
မိုဘိုင်းလ် ဖုန်းနဲ့ပတ်သက်ပြီး ထုတ်ပြန်တယ်။ ရေဒီယိုအခြေစိုက်စခန်းကထုတ်လွှင့် တဲ့
ရေဒီယိုလှိုင်းနှုန်းအတွက် တစ်ခုထုတ်ပြန်တယ်။ မိုဘိုင်းလ်ဖုန်းရော ရေဒီယိုအခြေစိုက်စခန်းပါ
မြင့်မား တဲ့လှိုင်းနှုန်းတွေကို ထုတ်လွှင့်တယ်။
ဒါတွေနဲ့ပတ်သက်ပြီး ကျန်းမာ ရေးဘယ်လောက်ထိခိုက်သလဲဆိုတာ
ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကင်ဆာဖြစ်နိုင်ခြေရှိသလား၊ အခြား ကျန်းမာရေးပြဿနာတွေ ဘာတွေ
ရှိနိုင်သလဲ။ ကျန်းမာရေးနဲ့ ဆက်နွှယ် ပြီး အခြားဘာတွေကိုထိခိုက်မှုရှိနိုင်မလဲဆိုတဲ့
ဖြစ်နိုင်ခြေအကြောင်း အရာသုံးခုကို ဆွဲထုတ်တယ်။ မြင့်မား တဲ့ရေဒီယိုလှိုင်းနှုန်းတွေရဲ့သဘော
အရ နံရံတွေ၊ အရာဝတ္ထုတွေ၊ လူတွေ ရဲ့ ခန္ဓာကိုယ်တွေကို ဖောက်ထွင်းသွား တယ်။ ခန္ဓာကိုယ်ထဲမှာ
ဘာတွေ ဖြစ်လာသလဲ။ ဘာတွေ ထိခိုက်မှုရှိ သလဲ။ ဒါတွေကို သိပ္ပံပညာရှင်တွေ အများကြီးလေ့လာကြတယ်။
အဲဒီအခါ ခန္ဓာကိုယ်အတွင်း အပူချိန်တက် တာတွေရှိပြီး တခြား ထိခိုက်မှုမျိုးမရှိတာ တွေ့ရတယ်။
မိုဘိုင်းလ်ဖုန်းကြောင့် ကင်ဆာဖြစ်နိုင်ခြေရှိ-မရှိ ကိုတော့ ဆက်လေ့လာနေ တယ်။
''၂ဝ၁၆ ခုနှစ်မှာ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က ကြေညာနိုင်မယ်လို့ သိရတယ်။ တချို့ဆေးရုံတွေမှာ မိုဘိုင်းလ် ဖုန်းတွေကို ပိတ်ခိုင်းထား တယ်။ မိုဘိုင်းလ်ဖုန်းကြောင့် တချို့ ဆေးရုံသုံးစက်ပစ္စည်းတွေက ရေဒီယို လှိုင်းတွေနဲ့ ထိတွေ့ပြီး လူနာတွေပေါ်မှာ ထိခိုက်မှုရှိသွားနိုင်တယ်။ မိုဘိုင်းလ်ဖုန်းနဲ့ပတ်သက်ပြီး ထုတ် လုပ်တဲ့ကုမ္ပဏီ တွေက လူတွေကို ထိခိုက်မှုနည်းစေတဲ့ ဟန်းဆက်တွေ ကို တိုးမြှင့်ထုတ်လုပ်သင့်တယ်။ မိုဘိုင်းလ်ဖုန်းကို များများသုံးရင် မျက်စိနဲ့နားတွေမှာ ပြဿနာတွေရှိ နိုင်ပါတယ်''ဟု ရှင်းပြသည်။
''၂ဝ၁၆ ခုနှစ်မှာ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က ကြေညာနိုင်မယ်လို့ သိရတယ်။ တချို့ဆေးရုံတွေမှာ မိုဘိုင်းလ် ဖုန်းတွေကို ပိတ်ခိုင်းထား တယ်။ မိုဘိုင်းလ်ဖုန်းကြောင့် တချို့ ဆေးရုံသုံးစက်ပစ္စည်းတွေက ရေဒီယို လှိုင်းတွေနဲ့ ထိတွေ့ပြီး လူနာတွေပေါ်မှာ ထိခိုက်မှုရှိသွားနိုင်တယ်။ မိုဘိုင်းလ်ဖုန်းနဲ့ပတ်သက်ပြီး ထုတ် လုပ်တဲ့ကုမ္ပဏီ တွေက လူတွေကို ထိခိုက်မှုနည်းစေတဲ့ ဟန်းဆက်တွေ ကို တိုးမြှင့်ထုတ်လုပ်သင့်တယ်။ မိုဘိုင်းလ်ဖုန်းကို များများသုံးရင် မျက်စိနဲ့နားတွေမှာ ပြဿနာတွေရှိ နိုင်ပါတယ်''ဟု ရှင်းပြသည်။
အလုပ်ရုံ ဆွေးနွေးပွဲသို့ ဆက် သွယ်ရေး၊
သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာ
ဝန်ကြီးဌာနနှင့် နိုင်ငံတကာမှ ဆက်သွယ်ရေးနှင့် နည်းပညာနှင့်ပတ် သက်သည့် ပညာရှင်များ၊
ဖိတ်ကြား ထားသူများက ဆက်သွယ်ရေးရေဒီယို လှိုင်း နည်းပညာများအကြောင်းကို တက်ရောက်ဆွေးနွေးကြသည်။
သတင်း-ရီရီမြင့်၊ ဥမ္မာသန့်
ဓာတ်ပုံ-ဇော်မင်းလတ်


No comments:
Post a Comment