Monday, March 23, 2015

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် နောက်ဆုံးမူကြမ်းဆွေးနွေးပွဲ ခေတ္တရပ်နားရခြင်းအပေါ် နှစ်ဖက်ကိုယ်စား လှယ်များ၏ သဘောထား


ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ (၇) ကြိမ်မြောက်ဆွေးနွေးပွဲ ကျင်းပလျက်ရှိသည့်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) နောက်ဆုံးမူကြမ်းအား ဆွေးနွေးပွဲ ခြောက်ရက် တာကာလ အတွင်း NCA စာချုပ်ပါ အခန်း (၇)ခန်းလုံးအား ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ပြီး ပြန်လည်သုံးသပ်နိုင်ခဲ့သည်။ နှစ်ဖက်ညှိ နှိုင်းဆွေးနွေးရန် အချက်ကြီးတစ်ချက်နှင့် အပိုဒ်ခွဲ (၃)ခုသာ ဆွေးနွေးရန်ကျန်ရှိပြီး ၄င်းတို့ကို မတ် ၃ဝ ရက်တွင် သတ္တမရက်မြောက်နေ့အဖြစ် ဆက်လက်ဆွေးနွေးမည်ဖြစ်သည်။


ယခုပြုလုပ်နေသည့် (၇)ကြိမ် မြောက် နှစ်ဖက်တွေ့ဆုံမှုသည် ရက် အရှည်ကြာဆုံးဆွေးနွေးမှုနှင့် သဘော တူညီမှုအများဆုံးရရှိခဲ့သည့် ဆွေး နွေးပွဲဖြစ်ကြောင်း နှစ်ဖက်ကိုယ်စား လှယ်များ၏ ပြောဆိုမှုများအရ သိရသည်။ မတ် ၂၂ ရက်တွင် ပြုလုပ်သည့် ဆဋ္ဌမမြောက်ဆွေးနွေးပွဲ အပြီး ဆက်လက်ဆွေးနွေးရန် တစ်ပတ်ကြာ ရပ်နားခဲ့မှုအပေါ် နှစ်ဖက်ကိုယ်စားလှယ်များ၏ အမြင် များအား မေးမြန်းခဲ့သည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာ
(အဖွဲ့ဝင်)
တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့
(NCCT)
ဆွေးနွေးပွဲရဲ့ ထူးခြားချက်က (၇) ကြိမ်မြောက်မှာပဲ NCA ကို အပြီးသတ်မယ်။ (၈) ကြိမ်မြောက် ဆိုတာ မရှိစေရဘူးလို့ သန္နိဋ္ဌာန်ချ ထားတယ်။ (၇)ကြိမ်မြောက်ကို လာကြတာ NCCT အဖွဲ့ဝင်ခေါင်း ဆောင် သုံးဦးနဲ့ အဖွဲ့ဝင်အားလုံး လာကြတယ်။ အင်တိုက်အားတိုက် လာကြတာဖြစ်တယ်။ ဒါတင်မဟုတ် ဘူး။ မြောက်ပိုင်းမှာရှိနေတဲ့KIO ကိုယ်စားလှယ်တစ်ဖွဲ့လုံးလာပြီးတော့ (၇) ကြိမ်မြောက်ဆွေးနွေးပူးပေါင်း တယ်။KIOတစ်ဖွဲ့လုံးကလည်း နေပြည်တော်ဝင်ရောက်ပြီး အစိုးရ အကြီးအကဲများနဲ့ တပ်မတော်ကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့ပြီးဖြစ်တယ်။ ဒါကြောင့် (၇) ကြိမ်မြောက်NCA အစည်းအဝေး ဆုံချက်က ကျွန်တော် တို့တော်တော်လေးကို ပြင်ဆင်မှု ကောင်းတယ်၊ ပြည့်စုံမှုရှိတယ်။ အင်တိုက်အားတိုက် ဖြစ်တယ်လို့ သုံးသပ်လို့ရတယ်။ နောက်တစ်ခါ ဆွေးနွေးပွဲမှာဖြစ်ပေါ်လာတဲ့ ကွာဟမှု ရှိရင်တောင်မှ မနှစ်က ၂ဝ၁၄ စက်တင်ဘာလတုန်းကကဲ့သို့ မဖြစ် အောင် သင်ခန်းစာယူပြီး နှစ်ဖက် စလုံးက ရှောင်ပြီး ဆောင်ရွက်တယ်။ စက်တင်ဘာကိစ္စကြောင့် (၇)ကြိမ် မြောက် ဆွေးနွေးပွဲလုပ်ဖို့ ခြောက်လ ကြာခဲ့တယ်။ ခြောက်လအတွင်းမှာ လည်း မလိုအပ်တဲ့ အရေးကိစ္စတွေ အများကြီးဖြစ်တယ်။ ဒါကြောင့် ဒီ တစ်ခါဆွေးနွေးပွဲမှာ စည်းကမ်းအနေ နဲ့ ချမှတ်ထားတာမဟုတ်ဘဲနဲ့ကို ခေါင်း ဆောင်တွေအားလုံးက စက်တင်ဘာ လိုမဖြစ်အောင် ကိုယ့်အသိတရား နဲ့ကိုယ် ဆွေးနွေးတဲ့အတွက်NCA စာချုပ်ချုပ်ဆိုဖို့ အောင်မြင်ပေါက် မြောက်မှုတွေ ရှိလာတယ်လို့မြင်တယ်။ NCCT ဘက်ကပဲမဟုတ်ဘူး။ အစိုးရ နဲ့ တပ်မတော်ဘက်ကလည်း အဲဒီစိတ် ထားမျိုးရှိတယ်ဆိုတာ ဒီအစည်း အဝေးမှာတွေ့ရတယ်။ အခုယာယီ ခဏနားပြီး အပြီးသတ်မှာလှလှပပ နဲ့ အပြီးသတ်နိုင်အောင် ပြင်ဆင်တာ ကတော့ နားလည်မှု လုပ်ပေးဖို့ အတွက်ပေါ့။ (၇) ကြိမ်မြောက်အစည်း အဝေးက မပြီးသေးပါဘူး။ ဆက်သွား နေတဲ့ ဖြစ်စဉ်ပါ။ ဇာတ်လမ်းတစ်ခုလို ဆိုရင် ဇာတ်ပေါင်းတဲ့အချိန်မှာ လှလှပပ အကွက်ကျကျဖြစ်အောင် ပြင်ဆင်ဖို့ အနေနဲ့ (၇)ရက်ရွှေ့တာ ဖြစ်ပါတယ်လို့ တင်ပြချင်ပါတယ်။
ဦးလှမောင်ရွှေ
အကြီးတန်းအကြံပေး
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည် ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC)
အခန်း (၁) မှ (၇) အထိ အားလုံး ဆွေးနွေးနိုင်ပါတယ်။ နှစ်ဖက်ခေါင်း ဆောင်များအကြား အခန်း (၆) ရှိ ကြားကာလအချက်အား မတ်လ ၃ဝ ရက်နေ့မှာ ပြန်ဆွေးနွေးပါမယ်။ အခန်း (၃)နဲ့ အခန်း (၅) တွင် ပါဝင်သည့် အပိုဒ်တစ်ပိုဒ်စီတွင် စကားလုံးရွေးချယ်ရန်အတွက် ၃ဝ ရက်နေ့မှာ ပြန်ဆွေးနွေးမယ်။ ကျန်တဲ့ အချက်တွေ အားလုံးဟာ သဘော တူညီချက်ရပြီးဖြစ်ပါတယ်။ ဆွေးနွေး ပွဲကို တစ်ပတ်ရပ်နားရတဲ့ အကြောင်း အရင်း နှစ်ပိုင်းရှိပါတယ်။ အခန်း (၇) ခန်းရှိပြီး အပိုဒ်ပေါင်း (၃ဝ) ရှိ တယ်။ အပိုဒ်ခွဲပေါင်း (၈၁) ခုပါဝင်တဲ့ ဒီNCA စာချုပ်ကို (၇)ကြိမ်မြောက် ဆွေးနွေးပွဲအဖြစ် ခြောက်ရက်တာ ဆွေးနွေးအပြီးမှာ နှစ်ဖက်အဖွဲ့ အစည်းခေါင်းဆောင်များ ညှိနှိုင်း ဖို့အတွက် ကြားကာလဆိုတဲ့ အချက် တစ်ချက် ညှိနှိုင်းဖို့ကျန်ပါတယ်။ ကျန်တဲ့အချက်တွေကတော့ စကား လုံးရွေးချယ်မှုပဲ ကျန်တယ်။ အချို့ အချက်တွေက UPWC အနေနဲ့ သူတို့ရဲ့ ဗဟိုကော်မတီကို ပြန်တင်ပြ ပြီး ဒီရက်ပိုင်းမှာ ပြီးပြတ်အောင် လုပ်ဖို့လိုတယ်။ NCCT ဘက်က လည်း တချို့ကိစ္စတွေ ပြန်ဆွေးနွေး နိုင်ဖို့အတွက် အချိန်တစ်ခုယူတဲ့ သဘောပဲ။ (၈)ကြိမ်မြောက် ဆွေးနွေးပွဲကို မသွားတော့ဘဲ (၇) ကြိမ်မြောက် ဆွေးနွေးပွဲကို မတ် ၃ဝ ရက်နေ့မှာ ဆက်ပြီးလုပ်ဖို့ နှစ်ဖက် ခေါင်းဆောင်တွေက ဆုံးဖြတ်တဲ့ သဘောပါ။ UPWC ဘက်ကတော့ ဆွေးနွေးပွဲကို အကျဉ်းချုပ်ပြောရရင် အခန်း(၆) ကြားကာလမှာ အချက်တစ်ချက်အနေနဲ့ နှစ်ဖက် ခေါင်းဆောင်တွေ ညှိနှိုင်းဖို့ လိုပါ တယ်။ (၇)ကြိမ်မြောက်ဆွေးနွေးပွဲရဲ့ ထူးခြားချက်က အချိန်အကြာဆုံးသော ဆွေးနွေးပွဲလို့ ပြောရင်ရတယ်။ နှစ်ဖက် သဘောတူဖို့အတွက် နှစ်ဖက်ခေါင်းဆောင်တွေရဲ့ သဘော ထားကြီးကြီး အမြော်အမြင်ကြီးကြီးနဲ့ ညှိနှိုင်းခဲ့တာတွေက ရှေ့ကဆွေးနွေးပွဲ တွေထက် ပိုသာလွန်တယ်လို့ ပြည်သူ လူထုကို တင်ပြချင်တယ်။ အခန်း (၇) ခန်း၊ အပိုဒ်(၃ဝ) နဲ့ အပိုဒ်ခွဲပေါင်း (၈၁)ခုပါဝင်ရာမှာ အချက်ကြီး တစ်ချက်နဲ့ အပိုဒ်ခွဲ (၃)ခုကလွဲရင် အားလုံးပြီးပြတ်ပြီလို့ ထူးခြားချက် အနေနဲ့ ပြောပြလိုပါတယ်။
ဦးအောင်နိုင်ဦး (တွဲဖက်ဒါရိုက်တာ)
ငြိမ်းချမ်းရေးဆွေးနွေးပွဲ အစီအစဉ်
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC)
စာချုပ်မူကြမ်းပြီးစီးဖို့ ခေတ္တရပ်နား တာပါ။ ခုနစ်ကြိမ်မြောက်ဆွေးနွေး ပွဲက ပြောရရင် တိုးတက်မှုတွေ အများ ကြီးရတယ်။ ပြီးခါနီး နည်းနည်းလေး ပဲ ကျန်တယ်။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ အများ ကြီးရကြတယ်။ စကားလုံးတွေက အဓိပ္ပာယ်မရှင်းတဲ့ အပေါ်မှာပဲ ညှိဖို့ ကျန်တယ်။ အနားယူပြီးတော့ ပြန် ဆွေးနွေးရင် တစ်ခါတည်းပြီးသွား မယ်။ ကျွန်တော် ဒီနေ့ ပြီးမယ်တောင် တွက်တာ။ အဓိက ကျန်နေတာက တပ်နေရာချထားရေး ကိစ္စတစ်ခုပဲ ကျန်နေတာ။ အခြေအနေကောင်း တယ်။ ရှေ့တစ်ပတ်မှာပြီးမယ်။ တစ်ယောက်နဲ့ တစ်ယောက် နားလည် မှုတွေ အများကြီးရတယ်။ NCA ကို မပြီးပြီးအောင် ဒီရက်ပိုင်းအတွင်းမှာ အပြီးလုပ်မယ်ဆိုတဲ့ သန္နိဋ္ဌာန်တွေ ချထားတယ်။
(ကျေးဇူးတင်ပါတယ်။)
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) နောက်ဆုံး မူကြမ်းပါ အခန်း (၇)ခန်းလုံးအား ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ပြီး ပြန်လည် သုံးသပ်နိုင်ခဲ့သည်။ နှစ်ဖက် ညှိနှိုင်း ဆွေးနွေးရန် အချက်ကြီး တစ်ချက်နှင့် အပိုဒ်ခွဲ (၃) ခုသာ မတ် ၃ဝ ရက် တွင် ဆွေးနွေးရန် ကျန်ရှိတော့ သည်။
တွေ့ဆုံမေးမြန်း၊ ရဲခေါင်ညွန့်၊
မြတ်သန္တာမောင်

ဓာတ်ပုံဖိုးထောင်

No comments:

Post a Comment