Friday, March 13, 2015

စာကြည့်တိုက်များရေရှည်ဖွံ့ ဖြိုးရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး



သန့်ဇင်ဝင်း
စာကြည့်တိုက်ဟု ဆိုရာဝယ် ဘီစီ ၃ဝ ခန့်က မှတ်တမ်းပြတိုက်များမှသည် စာကြည့်တိုက်များ အဖြစ်သို့ ရိုမန်မင်းဆက် များလက်ထက်တွင် သက်ဝင် ခဲ့သည်။ လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ထောင်ကျော်က (ယခု တူရကီနိုင်ငံရှိ)Ephesus Ancient City ရှေးဟောင်းမြို့မှ အစိုးရပုဂ္ဂိုလ်တစ်ဦးကို ဂုဏ်ပြုတည်ဆောက်ထားသည် Celsus Library ( Celcius Library ) Ephesus မှာ ယခုချိန်ထိ ၁၉၆ဝ-၇ဝ ခုနှစ် ကျန်ရှိပုံလက်ရာအတိုင်း ထိန်းသိမ်းထားဆဲဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွား များကိုဆွဲ ဆောင် လျက်ရှိသည်။

ထိုအချိန်က စာကြည့်တိုက်များတွင် စာအုပ်များမဟုတ်၊ ကျောက်ပြားများ၊ ဝါးယင်းလိပ်များပေါ် ရေးမှတ်ခဲ့ကြပြီး၊ ယခုခေတ်စာကြည့်တိုက်များသည် စာအုပ်များ၊ မှတ်တမ်းများ၊ သတင်းအချက်များ၊ အသံဖိုင်များ၊ ဗီဒီယို၊ ဒီဗီဒီများဖြင့် သမိုင်းမှတ်တမ်းများကို ထားရှိကာ စာဖတ်သူ များ အသိပညာ၊အတတ်ပညာ လေ့လာရန် ဘဏ်တိုက်တစ်ခုဖြစ်လာသည်။
နောက်ပိုင်းတွင် အင်တာနက်စာကြည့် တိုက်၊ ဒီဂျစ်တယ်စာကြည့်တိုက်များသို့ တိုးတက် ပြောင်းလဲလာကြသည်။ သို့သော် မြန်မာနိုင်ငံရှိ ကျေးလက်ဒေသတချို့နှင့် ဝေးလံသီခေါင်သည့် ဒေသများတွင်မူ လမ်းပန်းဆက်သွယ်ရေးနှင့် ဘာသာစကား၊ ငွေကြေးအခက်အခဲများကြောင့် မြန်မာနိုင်ငံ၏စာကြည့်တိုက် များအခန်းကဏ္ဍသည် တိုးတက်မှု နှေးကွေးခဲ့ရသည်။ စာကြည့်တိုက်များထိန်းသိမ်းရေး၊ စာကြည့်တိုက်များ၏ အကျိုးသက်ရောက်မှု၊ စိန်ခေါ်မှုများကို စာကြည့်တိုက်မှူးများက သိထားရန်လိုသည်။
ဆရာကြီးပီမိုးနင်း၏ 'အရင်းမစိုက်လှေထိုးလိုက်' စာအုပ်နှင့် 'သိသူဖော်စား မသိသူကျော်သွား' စာအုပ် နှစ်အုပ်ကို ဖတ်မှတ်လုပ်ဆောင် ရာမှ ချမ်းသာ လာသူတစ်ဦးသည် သူ့အိမ် ဘုရားဆောင်ထက်တွင် ထိုစာအုပ်နှစ်အုပ်အား ရွှေကလာပ်ဖြင့် ပူဇော်ထားသည်ကို စာရေးဆရာအီကြာကွေးကရေးသားခဲ့ကြောင်း ဆရာမနုဿကျော်ဝင်းက သူ၏တပည့်များ ၏ 'အိပ်မက်လှေ' စာအုပ်မိတ်ဆက်ပွဲမှတစ်ဆင့်အမှာစကား ပြောခဲ့ဖူးသည်။
စာအုပ်ကောင်းနှစ်အုပ်ပင် ထိုမျှချမ်းသာမှုပေးစေနိုင်လျှင် စာကြည့်တိုက်ကောင်းတစ်ခုဆို အသုံးချတတ်သူတွေအတွက် စာပေရွှေအိုး ကြီးများပင်။ ထိုစာကြည့်တိုက်ကောင်းများကို ထိန်းသိမ်းရသည့် စာကြည့်တိုက်မှူးများ၏ အခန်းကဏ္ဍမှာလည်း အရေးပါလှပေသည်။
စာကြည့်တိုက်များ ရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက် စာကြည့်တိုက်မှူးများ၊ မိမိတို့ ဒေသရှိလူငယ်များ၊ စာဖတ်ပရိ သတ်များ၊ မိမိတို့၏စာကြည့်တိုက်များနှင့် ကိုက်ညီမည့် စည်းကမ်းများ၊ ဆွေးနွေးချက်များကို ပြန်လည် စုစည်းပြီး စာကြည့်တိုက်ဖွံ့ဖြိုးရေး လမ်းစဉ်များချမှတ်ခဲ့ကြသည်။ စာကြည့်တိုက်များရေရှည်တည်တံ့ဖွံ့ဖြိုးရေးတွင် ကော်မတီ၏ပါဝင် ဆောင် ရက်မှုတွင် မူတည်နေပြီး စာကြည့်တိုက်မှူးများ၏ အရည်အသွေး၊ ပျူငှာဖော်ရွှေမှု၊ စာဖတ်ပရိသတ်များကို ဆွဲဆောင်နိုင်မှုနှင့် စာဖတ်အား မြှင့်တင်မှုအတွက် ပဓာနကျသည်။
ထိုသို့ဆောင်ရွက်ပေးနိုင်ရန် ကျေးရွာ၊ ရပ်ကွက်၊ သက်ဆိုင်ရာ ဒေသစာကြည့်တိုက်ကော်မတီဝင်များမှ စာကြည့်တိုက်မှူး များကို ရေရှည်ဆောင်ရွက်လိုစိတ်ရှိလာရန် ကော်မတီဝင်
များ၏ လစဉ်ထည့်လှူခြင်းမှ ကျေးလက်စာကြည့်တိုက် မှူးများ ကို လစာပေးသည့်အပြင် လိုအပ်သည့်စာအုပ်များလည်း ဝယ်ယူနိုင်ရမည် ဖြစ်သည်။ စာကြည့်တိုက်မှူးများသည် ဒေသတွင်းလူငယ်များအတွက်အလုပ်အကိုင်အခွင့် အလမ်းများကို လည်းလက်လှမ်းမီသလောက် ရှာဖွေပေးခြင်း၊ပရဟိတလုပ်ငန်းများ၊ လူမှုရေးဆောင်ရွက်ပေးခြင်းဖြင့်လည်း စာဖတ်သူများ ကို ဆွဲဆောင်နိုင်သည်။ သို့သော် စာကြည့် တိုက်မှူးများသည်ထင်ပေါ်ကျော်ကြားလိုစိတ်၊ နေရာယူလိုသည့်စိတ်များဖြင့် ဆောင်ရွက်သူများမဟုတ်ဘဲ စေတနာ့ဝန်ထမ်းများ အဖြစ် ဝိုင်းဝန်းဆောင်ရွက်ပေးက ပိုမိုအောင်မြင်စေပါသည်။ စာအုပ်ကောင်းများနှင့်စာအုပ်သစ်များထားရှိနိုင်မှု၊ ပြည်သူလူထုအတွက်  အကောင်းဆုံး ဝန်ဆောင်မှုပေးရန်၊ စာဖတ်သူဦးရေတိုးပွားရေး၊ စာဖတ်သူများ စာပေကိုစိတ်ဝင်စားလာကြစေရန် ကဗျာရွတ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စကားရည်လုပွဲ၊ စာပေဟောပြောပွဲ၊ စာပေဆွေးနွေး ပွဲ၊ ကလေးများအတွက် ပန်းချီသင်တန်း၊ Library quiz နွေရာသီ အင်္ဂလိပ်စာ သင်တန်းများ ဖန်တီးပေးခြင်းဖြင့် ဆွဲဆောင်နိုင်သည်။
စာကြည့်တိုက် Library Partnership ထောက်ပံ့ရန်မှာ အစိုးရတစ်ခုတည်းဖြင့်မလုံလောက် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများ ပါဝင်ဆောင်ရွက်ရန်နှင့် လိုအပ်ပါက မြန်မာနိုင်ငံစာကြည့်တိုက်ဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံစာကြည့်တိုက်များအသင်းများနှင့် ဒေသတွင်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေဦးစီးဌာနသို့ဆက်သွယ်ပြီး စာကြည့်တိုက်ဖွင့် လိုသူများသည် ကော်မတီဖွဲ့ပြီး ချိတ်ဆက်အကူအညီတောင်းခံနိုင်သည်။ စာပေရေချမ်းစင်အသေးများကို ပြန်/ဆက်ရုံးများတွင် ရယူနိုင်သည်။
စာပေပွဲတော်များဖြစ်သည့် မြန်မာဆယ့်နှစ်လရာသီပွဲများ မှ နယုန်လစာပြန်ပွဲ၊ နတ်တော် စာဆိုတော်ပွဲ စသည့်နေ့များတွင်လည်း နေ့ထူးနေ့မြတ်များ အဖြစ် စာကြည့်တိုက်ပရိုမိုးရှင်းသဘော လုပ်ဆောင်ပေးသလို၊ နိုင်ငံ တကာ စာပေနှင့်ပတ်သက်သည့်နေ့များဖြစ်သည့် နိုင်ငံတကာစာအုပ်များနေ့ မတ်လ ၁၄ ရက်၊ နတ်တော်လစာပြန်ပွဲ၊ နိုင်ငံတကာကလေး များ စာပေနေ့ ဧပြီ ရက်၊ နိုင်ငံတကာ စာကြည့်တိုက်မှူးများနေ့ ဧပြီ ၁၃ ရက်၊ နိုင်ငံတကာ မိခင်ဘာသာစကားနေ့ မေ ရက်၊ နိုင်ငံတကာ ပြတိုက်နေ့ မေ ၁၈ ရက်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ စက်တင်ဘာ ရက်၊ နိုင်ငံတကာ အင်တာနက်နေ့ အောက်တိုဘာ ၂၉ ရက် စသည့်စာဖတ်သူ များနှင့်သက်ဆိုင်သည့်နေ့များကိုလည်း အမှတ်တရဆိုင်းဘုတ်များဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးများ၊ စာအုပ်များ အမှတ်တရလက်ဆောင်ပေးခြင်း၊ စာဖတ်ပွဲများ၊ ဟောပြောပွဲများ ကျင်းပပေးခြင်းအားဖြင့် စာကြည့်တိုက်ဝန်း ကျင်ရှိ ပြည်သူများကို စာဖတ်ချင်စိတ်များ တိုးတက်လာအောင် စွဲဆောင်ပေးနိုင်မည်ဟု မတ်လညီလာခံတွင် အကြံပြုခဲ့ကြသည်။
ယင်းညီလာခံများမှတစ်ဆင့် မြန်မာပြည်အနှံ့ စာကြည့်တိုက်ဖွံ့ဖြိုးရေး လုပ်ငန်းများအရှိန်မြင့်လာရေး ဆောင်ရွက်ကြ မည်ဖြစ်ရာ စာအုပ်များပျောက် ဆုံးမှုမှ ကာကွယ်ရန်၊ စာအုပ်များကို ခြနှင့်ပိုးမွှားများရန်မှ ကင်းဝေးစေရေး၊ တိုင်းရင်းသား ဒေသများတွင် ဘာသာစကားအခက်အခဲရှိနေသဖြင့် စာပေပြန့်ပွားရေးဖွံ့ဖြိုးစေရန် ထိုဒေသတွင် '' သုံးလုံးသင်တန်းပေးရန်၊ ဝေးလံသည့်ဒေသများသို့ စာအုပ်များရောက်ရှိရေး ပြန်/ဆက်နှင့် ဆွေးနွေးပူးပေါင်းဆောင်ရွက်ရန်၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှလည်း နယ်စာကြည့်တိုက်များသို့ စာအုပ်များလှူဒါန်းမည်ဟု မတ်လညီလာခံတွင် ဆွေးနွေးခဲ့သည်။
၂ဝ၁၆ ခုနှစ် တတိယအကြိမ် မြန်မာနိုင်ငံစာကြည့်တိုက်မှူးများညီလာခံတွင် စာအုပ်ပြပွဲများပါ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးပါက နယ်မှလာသည့် စာကြည့်တိုက်မှူးများ လိုအပ်သည့်စာအုပ်များ ဝယ်ယူနိုင်မည်
ဖြစ်သည်။ ထို့ပြင် အမေရိကန်စင်တာ (သို့)ရန်ကုန်တက္က သိုလ်စာကြည့်တိုက်ကြီးများသို့ နောက်ဆုံးနေ့ တွင် သွားရောက်လေ့လာခွင့် ပေးမည် ဖြစ်ပါသည်။ ဆွေးနွေးပွဲအချိန်ကိုလည်း နှစ်ရက်ဖြင့်မ လုံလောက်သဖြင့် ရက်တိုးပေးရမည်ဟု ၂ဝ၁၅ ခုနှစ် မတ်လညီလာခံတွင် သဘောတူခဲ့သည်။
စာကြည့်တိုက်များအောင်မြင်ရန် budget, building, brain, books များနှင့် ပြည့်စုံမှ သာ အောင်မြင်မည်ဟု မြန်မာနိုင်ငံစာကြည့် တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင် က ပြောသည်။ ထို့ကြောင့် စာကြည့်တိုက်မှူးများ စွမ်းပကားဖြင့် စာပေမြှင့်တင်ခြင်းဖြင့် လူ့ဝန်းကျင်တွင် ဗလငါးတန် (ကာယ၊ ဥာဏ၊ စာရိတ္တ၊ ဘောဂ၊ မိတ္တ) နှင့်ပြည့်ဝသည့် ပြည်သူ များဖြစ်လာစေမည်ဖြစ်ကြောင်း ဧပြီ ၁၃ ရက်တွင် ကျရောက်မည့် နိုင်ငံတကာစာကြည့်တိုက်မှူးများနေ့ကို ဂုဏ်ပြုတင်ပြလိုက်ရပါသည်။

No comments:

Post a Comment