နေပြည်တော် မတ် ၁၂
၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၁)ရက်မှ စတင်၍ မြန်မာတစ်နိုင်ငံလုံး၌ တစ်ပြိုင်တည်း စတင်ကျင်းပခဲ့ရာ ကျောင်းသား ကျောင်းသူများက ယနေ့နံနက်(၉)နာရီတွင် အင်္ဂလိပ်စာဘာသာရပ်ကို ဖြေဆိုကြသည်။
ယနေ့ဖြေဆိုမှုအနေဖြင့် ကချင်ပြည်နယ်တွင် (၂၅၇၇၃)ဦး၊ ကယားပြည်နယ် တွင် (၄၂၇၈)ဦး၊ ကရင်ပြည်နယ်တွင်(၁၂၀၃၀)ဦး၊ ချင်းပြည်နယ်တွင် (၉၆၀၆)ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင်(၇၆၆၀၅)ဦး၊ တနင်္သာရီ တိုင်းဒေသကြီး တွင် (၁၂၉၄၂)ဦး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)တွင်(၂၉၉၇၁)ဦး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)တွင် (၁၈၆၇၃)ဦးတို့ ဖြစ်သည်။
အလားတူ မကွေးတိုင်းဒေသကြီးတွင် (၅၆၈၁၀)ဦး၊ မန္တလေးတိုင်းဒေသကြီး တွင် (၈၇၀၅၇)ဦး၊ မွန်ပြည်နယ်တွင် (၁၈၁၆၂)ဦး၊ ရခိုင်ပြည်နယ်တွင် (၂၉၃၈၉)ဦး၊ ရန်ကုန်တိုင်း ဒေသကြီးတွင်(၉၈၈၅၃)ဦး၊ ရှမ်းပြည် နယ်(တောင်ပိုင်း) တွင် (၂၀၉၃၉)ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် (၁၄၁၀၃) ဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် (၃၆၄၇)ဦး၊ ဧရာဝတီတိုင်း ဒေသကြီးတွင်(၆၁၈၉၃)ဦးနှင့် နေပြည်တော်တွင် (၁၆၃၃၈)ဦး ရှိကြောင်း သိရသည်။
တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ယနေ့ ဖြေဆိုသူ ကျောင်းသား ကျောင်းသူ ပေါင်း (၅၉၇၀၆၉)ဦးရှိပြီး ယမန်နေ့ကထက် ဖြေဆိုသူ(၇၀၁)ဦး လျော့နည်းကြောင်း သိရှိရ သည်။
No comments:
Post a Comment