Thursday, March 12, 2015

နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများ တောင်းဆိုပွဲပြုလုပ်


ရန်ကုန် မတ် ၁၂
ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၄၂)ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်း၊ အမှတ်(၁၃/က)ရှိ နာရေး ကူညီမှု အသင်း (ရန်ကုန်)တွင် ယနေ့နံနက် (၁ဝ) နာရီခန့်မှ စတင်၍ နာရေး ကူညီမှု အသင်း (ရန်ကုန်) အပါအဝင် အရပ်ဘက် လူမှုအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း အင်အား (၂ဝဝ)ခန့် တက်ရောက်ပြီး အမျိုးသား ပညာရေး ဥပဒေ ပြုပြင်ပြောင်း လဲရေး ဆန္ဒပြမှုများအား ရှင်းလင်းထိန်းသိမ်းခဲ့သည့် ဖြစ်စဉ်များအပေါ် တောင်းဆိုပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

အဆိုပါ တောင်းဆိုပွဲတွင် နာရေးကူညီမှုအသင်း( ရန်ကုန်) မှ ဥက္ကဋ္ဌ ဦးကျော်သူ အပါအဝင် တက်ရောက်လာသည့် အရပ်ဘက်လူမှုအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များက မတ်လ ၅ ရက် တွင် ရန်ကုန်မြို့နှင့် မတ်လ ၁ဝ ရက်တွင် လက်ပံ တန်းမြို့တို့၌ အမျိုးသားပညာရေး ဥပဒေ ပြုပြင်ပြောင်းလဲရေး ဆန္ဒပြမှု များကို ရှင်းလင်းထိန်းသိမ်း ခဲ့သည့် ဖြစ်စဉ်များအပေါ် ရှုတ်ချခြင်း၊ ယင်းဖြစ်စဉ် များမှ ထိန်းသိမ်း ထားသော ကျောင်းသားများကို ပြန်လည်စေ လွှတ်ပေးရန် တောင်း ဆို ခြင်းများ ပြုလုပ် ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment