Saturday, March 28, 2015

၂ဝ၁၄ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အတွင်း ထုတ်ဝေခဲ့သော စာအုပ်၊ စာစောင်များ စာရင်း ထွက်ရှိ၊ စီဒီဖြင့် ဖြန့်ဝေရောင်းချပေးမည်

နေပြည်တော်၊ မတ် (၂၈) ရက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေနှင့် နည်းဥပဒေများအရ ထွက်ရှိသော စာအုပ်စာစောင်များကို မှတ်တမ်းထားရှိရန်နှင့် မူပိုင်ခွင့် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သတ်မှတ်သည့် စောင်ရေနှင့် Electronic Document တို့ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ သက်ဆိုင်ရာ ပုံနှိပ်သူ၊ ထုတ်ဝေသူများမှ ပေးပို့လျက် ရှိပါသည်။ တစ်နှစ်အတွင်း ထွက်ရှိသော စာအုပ်စာစောင်များကို နှစ်ချုပ်စာရင်းပြုစု၍ နှစ်စဉ် မှတ်တမ်းထားရှိ ထိန်းသိမ်းဆောင်ရွက်လျက်ရှိရာ ၂ဝ၁၄ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော စာအုပ်စာစောင်များ စာရင်းကို အသေးစိတ် အပြည့်အစုံ မှတ်တမ်းပြုစုပြီး ဖြစ်သဖြင့် လေ့လာ သိရှိမှတ်တမ်း ထားရှိလိုသူများအတွက် ၎င်းစာရင်းကို စီဒီဖြင့် ထုတ်ဝေရောင်းချ ဖြန့်ချိပေးမည် ဖြစ်ပါသည်။ ၂ဝ၁၄ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အတွင်း ထုတ်ဝေခဲ့သော စာအုပ် စာစောင်များစာရင်း စီဒီခွေကို ၃ဝ-၃-၂ဝ၁၅ ရက်နေ့မှစ၍ တစ်ချပ်လျှင် ၂ဝဝဝ ကျပ်နှုန်းဖြင့် ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်အရောင်းဆိုင်၊ ပန်းဆိုးတန်း လမ်းရှိ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း စာအုပ်အရောင်းဆိုင်နှင့် ၀င်္ကဘာလမ်းရှိ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ တို့တွင် ဝယ်ယူနိုင်ကြောင်း အသိပေး ကြေညာအပ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန

No comments:

Post a Comment