နေပြည်တော် မတ်
၉
အဆင့်မြင့်အရာရှိကြီးများ
အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ (၁) နာရီတွင်
နေပြည်တော် ရှိ သမ္မတရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း
တက်ရောက် အဖွင့် အမှာစကား ပြောကြားသည်။
အခမ်းအနားတွင် ဒုတိယသမ္မတက
အဖွင့်အမှာစကားပြောကြားရာ၌ ဝန်ထမ်းအဖွဲ့အစည်းမှ အဆင့်မြင့်အရာရှိကြီးများ သည် အစိုးရအုပ်ချုပ်ရေး
ယန္တရားကို ဦးဆောင်မောင်းနှင်ရမည့်သူများ ဖြစ်သည်နှင့်အညီ ဒီမိုကရေစီကျင့်စဉ်အရ တက်လာသည့်
အစိုးရများက ချပေးလိုက်သည့် အစိုးရ၏ မျှော်မှန်းချက်များကို ဥပဒေဘောင်အတွင်းမှ အကောင်အထည်
ဖော်ပေးရ မည်ဖြစ်ပါကြောင်း။
အရည်အသွေးပြည့်ဝသည့်
အစိုးရယန္တရားများရှိရန် လိုအပ်ပါကြောင်း၊ လည်ပတ်နေသည့် ယန္တရားထဲတွင် အရေးကြီးသည့် အပိုင်းဖြစ်သည့်
လူ့စွမ်းအားအရင်းအမြစ် ဝန်ထမ်းအဆင့်ဆင့်တို့က ၎င်းတို့၏အဆင့်အလိုက် အရည်အချင်း ပြည့်စုံရန်
လိုအပ်ပါကြောင်း၊ အထောက် အကူပစ္စည်းများဖြင့် ဝန်ထမ်းအားလုံး လိုသည်ပိုသည်များကို ထိန်းညှိကြီးကြပ်ပေးရမည့်
ဝန်ထမ်းအကြီးအမှူး၏ အရည်အသွေးက ပို၍အရေးကြီးမည်ဖြစ်ပါကြောင်း။
ထို့ကြောင့် တာဝန်ပေးအပ်ခံကြရသည့်
ဝန်ထမ်းအကြီးအမှူးများအနေဖြင့် ပြောင်းလဲလာ သည့် ခေတ်စနစ်နှင့်အညီ တာဝန် ဝတ္တရားများ
ကျေပွန်စွာထမ်းဆောင်နိုင်ရန် ယခုကဲ့သို့ အရည် အသွေးမြှင့် အထူးမွမ်းမံသင်တန်းများ ပြုလုပ်ပေးရခြင်း
ဖြစ်ပါကြောင်း၊ ၂၁ ရာစုခေတ် ဌာနအကြီး အမှူးများအနေဖြင့် ယခုဆိုလျှင် မိမိ၏ဌာနအတွင်း
အခြေအနေသာမကဘဲ နိုင်ငံတော်၏ အခြေအနေ၊ နိုင်ငံတကာအခြေအနေတို့ကိုလည်း ဘက်စုံထောင့်စုံမှ
သိရှိနားလည်ထားရန် လိုအပ် လာပြီဖြစ်ပါကြောင်း။
ပို့ချသည့်ဘာသာရပ်များ၊
ဆွေးနွေးချက်များ၊ Powerpoint များကို မှတ်မိနိုင်မှုသည် လူတစ်ဦး၏မှတ်ဉာဏ်၊ ကြိုးစား
အားထုတ်မှု၊ စိတ်ဝင်စားမှု၊ ဝါသနာထုံမှုနှင့် ကျင်လည်ခဲ့သည့် ဝန်းကျင်နှင့်နီးစပ်မှု စသည့်အချက်များအပေါ်
မူတည်ပြီး မှတ်သားနိုင်သည့် ရာခိုင်နှုန်းအနည်းအများ ကွာခြားမည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းသည်
နည်းနည်းရ နည်းနည်း အကျိုးရှိ၊ များများရ များများအကျိုးရှိသည့် သင်တန်းမျိုးဖြစ်ပါကြောင်း၊
အင်မတန်တိုတောင်းလှသည့် အချိန်အတွင်းတွင် အလုပ်တာဝန်များ များပြားသည့်ကြားက ဘာသာရပ်ပေါင်းစုံ၊
ရှုထောင့်ပေါင်းစုံ၊ Powerpoint မျိုးစုံကို ပို့ချပေးနိုင်သည့် သင်တန်းဆရာများနှင့်
ပို့ချသည့်အတိုင်း မှတ်သားနိုင်သည့် သင်တန်း သားများကို ချီးကျူးမှတ်တမ်းတင်ရမည် ဖြစ်ပါ
ကြောင်း။
လက်ရှိနိုင်ငံတော်အစိုးရက
အားကြိုးမာန်တက်ဆောင်ရွက်နေသည့် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သည့် အုပ်ချုပ်ရေး
ဖြစ်စေရေး၊ ပြည်သူလူထုတစ်ရပ်လုံး လူမှုစီးပွားဘ၀ မြင့်တက်လာရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်
ဆင်းရဲမှုလျှော့ချရေး၊ အဂတိလိုက်စားမှုပပျောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား
ပြန်လည် စည်းလုံးညီညွတ် ရေးတို့တွင် တိုးတက်အောင်မြင်မှု အပိုင်းများကို တွေ့ရှိ ရသကဲ့သို့
အခက်အခဲများနှင့်လည်း ဆက်လက်ကြုံတွေ့နေရဆဲ ဖြစ်ပါကြောင်း။
ရှေ့လျှောက် မှတ်သားလုပ်ဆောင်သွားရမည်မှာ
လူမှုစီးပွားဘ၀ မဖွံ့ဖြိုးသေး၊ အပြည့်အဝ မအောင်မြင်နိုင်သေးသည့် ပြဿနာ ပေါင်းများစွာအတွက် အဖြေရှာသည့်အခါ အပေါ်ယံအကြောင်း
အရာကိုသာ ရှာဖွေဖြေရှင်းခြင်း မဟုတ်ဘဲ ပြဿနာ တစ်ခုလုံး၏ ဇာစ်မြစ်ကို ရှာဖွေဖြေရှင်းနိုင်မှသာ
အခက်အခဲများကို ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း။
နိုင်ငံတစ်နိုင်ငံ၏
နိုင်ငံရေး၊ စီးပွားရေးသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေပါကြောင်း၊ နိုင်ငံရေး တည်ငြိမ်မှသာ
စီးပွားရေး တိုးတက်နိုင်ပါကြောင်း၊ စီးပွားရေးတိုးတက်မှ အခြေခံအဆောက်အအုံများ တည်ဆောက်နိုင်မည်၊
အလုပ်အကိုင် အခွင့် အလမ်းများ ပေးနိုင်မည်၊ ကျေးလက်ဖွံ့ဖြိုးရေး ဆောင်ရွက်နိုင်မည်ဖြစ်ပြီး
နိုင်ငံရပ်ခြားသွားရောက်သည့် ရွှေ့ပြောင်း လုပ်သားပြဿနာ၊ လူကုန်ကူးမှုပြဿနာ၊ မူးယစ်ဆေးဝါးပြဿနာ၊
ပညာရေး၊ ကျန်းမာရေး မပြည့်စုံမှုပြဿနာ၊ ဝန်ထမ်း လစာ၊ အငြိမ်းစားလစာ စသည့်ပြဿနာများစွာကို
ဖြေရှင်းနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် နိုင်ငံ၏တည်ငြိမ် အေးချမ်းမှုနှင့် နိုင်ငံရေး
တည်ငြိမ်မှုကိုလည်း ပြန်လည်အထောက်အကူ ပြုနိုင်မည်ဖြစ်ပါကြောင်း။
အလားတူ ယခုအဆင့်မြင့်
အရာရှိကြီးများသည် မိမိ၏ဌာနတွင်း လုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်သည့်အခါ အခက် အခဲနှင့်ပြဿနာများ
တွေ့ကြုံရတိုင်း ပြဿနာ၏ အခြေခံအကြောင်း ရင်းများကို ရှာဖွေဖော်ထုတ်ပြီး ပြီးပြတ်အောင်
ဆောင်ရွက်မှသာလျှင် ယင်းဌာနသည် ရေရှည်တိုးတက်မှုရှိမည် ဖြစ်ပါကြောင်း။
ထို့ကြောင့် နိုင်ငံတော်၏
မျှော်မှန်းချက်နှင့် ရည်မှန်းချက်တာဝန်များကို လက်တွေ့အကောင် အထည်ဖော် ဆောင်ရွက်ရာ
တွင် ယနေ့သင်တန်း တက်ရောက်နေကြသည့် အဆင့်မြင့်အရာကြီးများ အနေဖြင့် ချမှတ်ထားသည့် ဥပဒေ၊
လုပ်ထုံး လုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန်လို အပ်ပြီး တစ်ဖက်တွင်လည်း
မိမိတာဝန်ယူသည့် လုပ်ငန်းနယ်ပယ် ရေရှည်ဖွံ့ဖြိုးရေး အတွက် တီထွင်ဆန်းသစ်သည့်အမြင်နှင့်
ပေါင်းစပ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
အဆင့်မြင့်အရာရှိကြီးများ
သိသင့်သိထိုက်သည့် ပြည်သူ့ရေးရာမူဝါဒ၊ ခေါင်းဆောင်မှုပညာရပ်၊ စီးပွားရေးဆိုင်ရာ သီအိုရီ
များနှင့် အခြေခံသဘောတရား၊ နိုင်ငံရေးတာဝန်အရ ဝန်ကြီးဌာနများကို ရောက်ရှိတာဝန်ထမ်းဆောင်ကြမည့်
ဝန်ကြီး၊ ဒုတိယဝန်ကြီး များနှင့် အုပ်ချုပ်ရေးယန္တရား အဆင့်ဆင့်မှ တာဝန်ရှိသူများအကြား
ကောင်းမွန်သည့် ဆက်ဆံရေးစနစ် ထူထောင် ဆောင်ရွက်နိုင်မည့် နည်းလမ်း၊ နိုင်ငံတော်က အကောင်အထည်ဖော်
ဆောင်ရွက်နေသည့် ငွေကြေးမူဝါဒ၊ ဘဏ္ဍာရေးမူဝါဒ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊
လူမှုကာကွယ် စောင့်ရှောက်ရေး၊ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံမှ လွတ်မြောက်အောင်ကြိုးပမ်းမှု
လုပ်ငန်းစဉ်များကိုလည်း သင်ကြားပို့ချမည်ဖြစ်ပြီး ကမ္ဘာ့ဘဏ်၊ UNDP စသည့် နိုင်ငံတကာ အဖွဲ့အစည်းများမှ
ပညာရှင်များလည်း ပါဝင်ပို့ချကြမည် ဖြစ်ပါကြောင်း။
ဆွေးနွေးပို့ချရာတွင် သင်ခန်းစာပို့ချသည့်ပုံစံမျိုးသက်သက်မဟုတ်ဘဲ လက်တွေ့လုပ်ငန်း
အကောင်အထည်ဖော်ရာတွင် တွေ့ကြုံသည့် စိန်ခေါ်မှုများ၊ ပြဿနာများ၏ အရင်းအမြစ်များကို အတွေ့အကြုံအပေါ်
ပွင့်လင်းစွာ အမြင်ချင်းဖလှယ် သွားကြရ မည်ဖြစ်ပါကြောင်းဖြင့် မှာကြားခဲ့သည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားသို့
ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဖိတ်ကြားထား သူများနှင့် သင်တန်းသား အဆင့်မြင့် အရာရှိကြီးများ
တက်ရောက်ကြသည်။
အဆိုပါသင်တန်းကို
မတ် (၉) ရက်မှ ဧပြီ (၃) ရက်အထိ ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး
ဝန်ကြီး ဌာနများမှ အဆင့်မြင့် အရာရှိကြီး (၆၈) ဦး တက်ရောက်ကြကြောင်း သိရသည်။
No comments:
Post a Comment