Monday, March 9, 2015

ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် ဂျာမဏီနိုင်ငံ၊ ဘာလင်မြို့တွင် ကျင်းပပြုလုပ်သည့် နိုင်ငံတကာ ခရီးသွားပြပွဲအခမ်းအနား International Trade Fare (ITB) သို့ တက်ရောက်






ရန်ကုန် မတ် ၉
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် ဂျာမဏီနိုင်ငံ၊ ဘာလင်မြို့တွင် ကျင်းပ ပြုလုပ်သည့် နိုင်ငံတကာခရီးသွားပြပွဲအခမ်းအနား International Trade Fare (ITB) သို့ တက်ရောက်သို့ တက်ရောက် သည်။

အဆိုပါအခမ်းအနားကို မတ်လ(၃)ရက်နေ့ ညနေပိုင်းတွင်ပြုလုပ်ရာ ဂျာမဏီနိုင်ငံ၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ကြီး Mr. Frank-Walter Steinmeier ၊ ဂျာမဏီနိုင်ငံ၊ ဘာလင်မြို့တော်ဝန် Mr. Michael Muller ၊ ကမ္ဘာ့ခရီးသွား လုပ်ငန်း အဖွဲ့ချုပ် ဥက္ကဌ Dr. Taleb Rifai ၊ ဂျာမဏီနိုင်ငံခရီးသွားလုပ်ငန်း အသင်းမှ ဥက္ကဌ Dr. Michael Frenzel   တို့တက်ရောက် ဖွင့်လှစ် ပေးသည်။
မတ် (၄) ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင် များအသင်းမှ ကြီးမှူးဖွင့်လှစ်သော ပြခန်းများကို တက်ရောက်ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးအား အာဆီယံ၊ ဂရိ၊ တောင်အာရှနှင့်အာဖရိက အနောက်မြောက် ပိုင်းဒေသ၊ အီဂျစ် အနောက်ပိုင်းဒေသများ၊ လွှတ်တော်ဆိုင်ရာ ချစ်ကြည်ရင်းနှီးမှုအဖွဲ့၏ အဖွဲ့ဝင်၊ စီးပွား ရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုး တိုးတက်မှုကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူအဖွဲ့ဝင်ဖြစ်သူ Mr. Jurgen Klimke မှ လာရောက်တွေ့ဆုံရာ နှစ်နိုင်ငံ ခရီးသွား လုပ်ငန်း ရှေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးစွာ ဆွေးနွေးကြသည်။ ယင်းသို့ဆွေးနွေးရာတွင် ခရီးသွားလုပ်ငန်း မြှင့်တင် ရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျာမဏီနိုင်ငံ၏ အကူအညီများကို ရယူဆောင်ရွက်သွားရန် ဆွေးနွေး ခဲ့ကြသည်။
မတ်(၅) ရက်တွင် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတကာမှ ပြခန်းများ၊ အာဆီယံနိုင်ငံများမှ ပြခန်းများကို သွားရောက်ကြည့်ရှု အားပေးသည်။ အဆိုပါ ခရီးသွားပြပွဲတွင် မြန်မာနိုင်ငံမှ ဟိုတယ်လုပ်ငန်းများ၊ လေကြောင်းလိုင်းများ၊ ခရီးသွားလုပ်ငန်း ကုမ္ပဏီ စုစုပေါင်း (၄၅) ခု၊  ကိုယ်စားလှယ် (၇၀) ဦးခန့်တက်ရောက်ကာ ပြခန်းပေါင်း (၃၃) ခန်း ခင်းကျင်းပြသခဲ့ပြီး ရောင်းသူနှင့် ၀ယ်သူတွေ့ဆုံဆွေးနွေး ခြင်းများကို ကျယ်ပြန့်စွာ ဆွေးနွေးခဲ့ကြသည်။

မတ် (၆) ရက်တွင် ပြည်ထောင်စုဝန်ကြီးသည် ဂျာမဏီနိုင်ငံ၊ ဟမ်းဘတ်ခ်မြို့တွင် ကျင်းပပြုလုပ်သော OAV (95th OstasiatischesLiebesmahl) အခမ်းအနားသို့ ဂျာမဏီနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးစိုးနွယ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျာမဏီသံအမတ်ကြီး H.E. Weber-Lortsch တို့နှင့်အတူ တက်ရောက်အားပေး ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။ 

No comments:

Post a Comment