ဥပဒေဘာသာပြန်ကော်မရှင်ဥပဒေကြမ်းနှင့် မြန်မာနိုင်ငံဆေးကောင်စီ ဥပဒေကြမ်းတို့နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူ
ပြည်ထောင်စု လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန် အစည်းအဝေး (၃၂) ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ၂ဝ၁၅ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုအဖွဲ့အစည်းဝင်များက တစ်ပိုဒ်ချင်းစီအလိုက် ဆွေးနွေး အတည်ပြုခဲ့သည်။
ယင်းဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုနိုင်ရန် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အဆိုတင်သွင်း ရာ လွှတ်တော်က အတည်ပြုခဲ့သည်။
ထို့ပြင် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် ဥပဒေဘာသာပြန်ကော်မရှင် ဥပဒေကြမ်းနှင့် မြန်မာနိုင်ငံ ဆေးကောင်စီ ဥပဒေကြမ်းတို့နှင့်စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီ အလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့သည်။

No comments:
Post a Comment