( ၂၀၁၅ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ။)
၁၃၇၆ ခုနှစ်၊ တပေါင်းလပြည့်ကျော် ရက်
(၂၀၁၅ ခုနှစ်၊ လ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁ ။ ဤဥပဒေကို ကုန်သွယ်လုပ်ငန်းခွန် ဥပဒေကို ပြင်ဆင်သည့်
ဥပဒေ (၂၀၁၅ခုနှစ်) ဟုခေါ်တွင်စေရမည်။
၂ ။ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၁ တွင်-
(က) “သတ်မှတ်ရာခိုင်နှုန်းအတိုင်း” ဆိုသည့်
စကားရပ်အစား “သတ်မှတ်ရာခိုင်နှုန်း သို့မဟုတ် သတ်မှတ်ငွေပမာဏအတိုင်း” ဆိုသည့်စကားရပ်ဖြင့်အစားထိုးရမည်။
( ခ ) ပုဒ်မခွဲ
(စ) ကိုအောက်ပါအတိုင်း အစားထိုးရမည်-
“(စ) ပြေစာ သို့မဟုတ် ငွေလက်ခံရရှိကြောင်း အထောက်အထားကို
ထားရှိသော်လည်း ဝယ်ယူသူ သို့မဟုတ် ဝန်ဆောင်မှု ရယူသူထံသို့ထုတ်ပေးရန် ပျက်ကွက်ခြင်း
သို့မဟုတ် ပြေစာအား ထုတ်ပေးသော်လည်း ည်းမျဉ်းများဖြင့် သတ်မှတ်ထားသော ကျသင့်အခွန် တန်ဖိုးအတိုင်း
အခွန်အမှတ်တံဆိပ်ကပ်နှိပ်ပေးရန် ပျက်ကွက်ခြင်း တို့ကို စစ်ဆေးတွေ့ရှိပါက ယင်းသို့ ပျက်ကွက်ခြင်းအတွက်
ပြေစာ သို့မဟုတ် ငွေလက်ခံရရှိကြောင်း အထောက်အထား တန်ဖိုးအပေါ် ကျသင့်အခွန်၏ တစ်ရာ ရာခိုင်နှုန်း
ပေးဆောင်စေရမည့်အပြင် ဘဏ္ဍာရေးနှစ် တစ်နှစ်အတွင်း ပျက်ကွက်မှု အကြိမ်အလိုက် အောက်ပါ ငွေပမာဏကိုပါ
ပေးဆောင်စေရမည်-
(၁) ပထမအကြိမ် ပျက်ကွက်ခြင်းအတွက် ကျပ်နှစ်သိန်း၊
(၂) ဒုတိယအကြိမ် ပျက်ကွက်ခြင်းအတွက် ကျပ်ငါးသိန်း၊
(၃) တတိယအကြိမ် ပျက်ကွက်ခြင်းအတွက် ကျပ်ခုနစ်သိန်း၊
(၄) တတိယအကြိမ် အထက် ပျက်ကွက်ခြင်းအတွက် တစ်ကြိမ်လျှင်
ကျပ် တစ်ဆယ်သိန်း။”
၃ ။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ
ပုဒ်မ ၂၃၊ ပုဒ်မခွဲ (ဃ) နောက်တွင် ပုဒ်မခွဲ (င)ကို အောက်ပါအတိုင်း ဖြည့်စွက် ရမည်-
“(င) ဤဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း လုံလောက်သော အကြောင်းမရှိဘဲ
လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်ခြင်း။
၎ ။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ
ပုဒ်မ ၃၃ ၏ နောက်တွင် ပုဒ်မ ၃၄ ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
“ ၃၄။ ပြေစာ သို့မဟုတ် ငွေလက်ခံရရှိကြောင်း အထောက်အထားကို
ထားရှိသော်လည်း ဝယ်ယူသူ သို့မဟုတ် ဝန်ဆောင်မှုရယူသူထံသို့ ထုတ်ပေးရန်ပျက်ကွက်ခြင်း ၊ပြေစာအား
ထုတ်ပေးသော်လည်း ကျသင့်အခွန် တန်ဖိုးနှင့်ညီမျှသောအခွန်အမှတ်တံဆိပ် ကပ်နှိပ်ပေးရန်
ပျက်ကွက်ခြင်းတို့အတွက် အထောက်အထားဖြင့် သတင်းပေး တင်ပြသူအား ပုဒ်မ ၂၁၊ ပုဒ်မခွဲ (စ)အရ
ကောက်ခံရရှိသည့် ဒဏ်ငွေ၏ တစ်ဆယ်ရာခိုင်နှုန်းကို ဆုကြေးအဖြစ် ချီးမြှင့်ရမည်။ သတင်းပေးတင်ပြသူ
မည်သူ ဖြစ်ကြောင်းကို အစိုးရကိစ္စမှတစ်ပါး ဖော်ထုတ်ခြင်း မပြုရ။”
-----------------------------------------------------------------------------
ပြည်သူအများသိရှိလေ့လာအကြံပြုနိုင်ရေးအတွက်
ဖော်ပြခြင်းဖြစ်ပါသည်။
No comments:
Post a Comment