Wednesday, March 18, 2015

လူမှုရေးဆိုင်ရာ ဆုချီးမြှင့်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ ထားဝယ်မြို့  သို့ ရောက်ရှိ


ထားဝယ် မတ် ၁၇

လူမှုရေးဆိုင်ရာ ဆုချီးမြှင့်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်သည် တာဝန်ရှိသူများ လိုက်ပါလျက် မတ် ၁၄ ရက် မွန်းလွဲ ၁၂ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး ထားဝယ် မြို့သို့ သွားရောက်ခဲ့ကြောင်း သိရသည်။


ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်နှင့် တာဝန်ရှိသူများသည် ထားဝယ် မြို့ အနာဂတ်အလင်းရောင်ဘဝတူ ကူညီပံ့ပိုးပေးရေး အဖွဲ့သို့ ရောက်ရှိပြီး ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်က ၂ဝ၁၅ ခုနှစ်တွင် ပေးအပ်ချီးမြှင့်မည့် နိုင်ငံတော် သမ္မတ၏ နိုင်ငံစွမ်းဆောင်ရည်ဆု၊ လူမှုရေးဆိုင်ရာ ဆုရွေးချယ်ရေးနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

ယင်းနောက် အနာဂတ်အလင်းရောင် ဘဝတူကူညီပံ့ပိုးပေး ရေးအဖွဲ့မှ တာဝန်ရှိသူဦးဇော်ထွန်းက အဖွဲ့၏တည်ထောင်မှုနှင့် အဖွဲ့ ၏ လှုပ်ရှားမှုများကိုရှင်းလင်းတင်ပြခဲ့သည်။

ယင်းခရီးစဉ်တွင် တာဝန်ရှိသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး လူနာများအား ကြည့်ရှုအားပေး၍ စောဝကျေးရွာသုတ အလင်းပြ စာကြည့်တိုက်သို့ ဆက်လက်ထွက်ခွာခဲ့သည်။


ယင်းနောက် ဒုတိယဝန်ကြီးဒေါ်စုစုလှိုင်နှင့်တာဝန်ရှိသူများက သုတအလင်းပြ စာကြည့်တိုက်တွင် စာကြည့်တိုက်မှူးနှင့် ကော်မတီဝင်များအား တွေ့ဆုံပြီး ဆုရွေးချယ်ရေးနှင့်သိရှိလိုသည့် အချက်များကို မေးမြန်း၍ စာကြည့်တိုက်မှူးနှင့် ကော်မတီဝင်များက ပြန်လည် ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment