ရန်ကုန် မတ် ၁၇
နှစ်စဉ် စည်ကားစွာ
ကျင်းပ ယှဉ်ပြိုင်သည့်နည်းတူ ယခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်တွင်လည်း ရန်ကုန်မြို့
တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်မှ
ယိမ်းအကပြိုင်ပွဲများကျင်းပ ပေးမည်ဖြစ်ခြင်းကြောင့် ပါဝင်စာရင်း
ပေးသွင်းနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သတင်းထုတ်ပြန်သည်။
ယိမ်းပြိုင်ပွဲများကို
မူကြိုအရွယ် ကလေးငယ်များအတွက် ၁၂ ဦး ယိမ်း အဖွဲ့များ၊ အခြေခံပညာကျောင်းသား ကျောင်းသူများ အတွက် ၁၂ ဦးယိမ်း များ၊ ဝန်ကြီးဌာနရုံးများနှင့် သီးခြား အဖွဲ့အစည်းများအတွက်
၁၆ ဦးယိမ်း၊ အလွတ်တန်း ၂ဝ ဦးယိမ်းနှင့် အလွတ်တန်း အမျိုးသား ၁၂ ဦးယိမ်းများ၊ တိုင်းရင်းသားရိုးရာ
ယဉ်ကျေးမှုအကများ စသည်ဖြင့် ပြိုင်ပွဲအမျိုးအစားများ ခွဲခြား ထားကြောင်း သိရသည်။
ပြိုင်ပွဲဝင်ရောက်လိုသည့်
အသင်းများမှာ ဧပြီ ၃ ရက်မှ စတင်ကာ ကျောက်တံတားမြို့နယ် ဆိပ်ကမ်း သာလမ်း၊ ကိုးထပ်ရုံး
ခုနစ်လွှာရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီစစ်ဆေးရေးဌာနရုံးတွင် လာရောက်စာရင်း
ပေးသွင်းနိုင်ပြီး ပြိုင်ပွဲများ ကို သင်္ကြန်အတက်နေ့တွင် ဆုချီးမြှင့်ပေးအပ်သွားမည် ဖြစ်သည်။
အသေးစိတ်သိရှိလိုပါက
စစ် ဆေးရေးဌာနသို့ဖြစ်စေ၊ အတွင်းရေး မှူး အကဲဖြတ်လုပ်ငန်းကော်မတီ ဖုန်း- ဝ၁-၃၇၉၆၉၃သို့
ဖြစ်စေ၊ အကဲဖြတ် လုပ်ငန်းကော်မတီရုံး အဖွဲ့သို့ဖြစ်စေ လာရောက်စုံစမ်းနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။

No comments:
Post a Comment