နေပြည်တော်
မတ် ၂၁
စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့်
ဗြိတိန်နိုင်ငံအခြေစိုက် စင်ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားသည့် Operator ဖြစ်သူ BG
Exploration & Production Myanmar Pte., Ltd သည် Woodside Energy (Myanmar)
Pte. Ltd. နှင့် မြန်မာနိုင်ငံမှ Myanmar Petroleum Exploration & Production
Company Ltd. တို့ ပူးပေါင်း၍ ရခိုင် ကမ်းလွန်လုပ်ကွက် A-4 နှင့် ရခိုင်ကမ်းလွန်ရေနက်
ပိုင်းလုပ်ကွက် AD-2 တွင် လည်းကောင်း၊ ဩစတြေးလျ နိုင်ငံအခြေစိုက် စင်ကာပူနိုင်ငံတွင်
မှတ်ပုံတင်ထားသည့် Operator ဖြစ်သူ Woodside Energy (Myanmar) Pte. Ltd. သည် BG
Exploration & Production Myanmar Pte., Ltd နှင့် မြန်မာနိုင်ငံမှ Myanmar
Petroleum Exploration & Production Company Ltd. တို့ပူးပေါင်း၍ ရခိုင်ကမ်းလွန်
လုပ်ကွက် A-7 နှင့် ရခိုင်ကမ်းလွန် ရေနက်ပိုင်း လုပ်ကွက် AD-5 တို့တွင်လည်း ကောင်း၊
ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေး စာချုပ်များ (Production Sharing Contracts) ကို မတ်
၂ဝ ရက် ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ လက်မှတ် ရေးထိုးချုပ်ဆိုခဲ့ကြသည်။
အဆိုပါ လက်မှတ် ရေးထိုးပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်၊
ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျနိုင်ငံ
သံအမတ်ကြီး H.E. Mr. Nicholas Coppel နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က
အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ နှစ်ဖက် သဘောတူ စာချုပ်များကို မြန်မာ့ရေနံနှင့်
သဘာဝဓာတ်ငွေ့ လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦး၊ Woodside Energy
(Myanmar) Pte. Ltd မှ Executive Vice President ဖြစ်သူ Mr. Phillip Richard
Loader နှင့် BG Exploration & Production Myanmar Pte., Ltd မှ General
Manager ဖြစ်သူ Mr. Jonathan Robert Peachey နှင့် Myanmar Petroleum Exploration
& Production Company Ltd. ၏ General Manager ဖြစ်သူ ဦးမျိုးတင်တို့မှ လက်မှတ်ရေးထိုးကာ
စာချုပ်များကို အပြန်အလှန် လဲလှယ်ကြပြီး အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယခု ရခိုင်ကမ်းလွန် လုပ်ကွက်များ ဖြစ်သည့် လုပ်ကွက်
A-4 နှင့် လုပ်ကွက် A-7 နှင့် ရခိုင်ကမ်းလွန်ရေနက်ပိုင်း လုပ်ကွက်များ ဖြစ်ကြသည့် လုပ်ကွက်
AD -2 ၊ လုပ်ကွက် Signature Bonus တို့ လက်မှတ် ရေးထိုးခြင်းသည် ပထမအကြိမ် ကမ်းလွန်
လုပ်ကွက်များ တင်ဒါခေါ်ယူခဲ့ခြင်းအတွက် ဆဋ္ဌမမြောက် လက်မှတ် ရေးထိုးခြင်းဖြစ်သည်။
အဆိုပါစာချုပ်များ လက်မှတ်ရေးထိုးခြင်းမှ
Signature Bonus အမေရိကန်ဒေါ်လာ ၈၂ ဒသမ ၄ သန်းနှင့် Data Fee အမေရိကန်ဒေါ်လာ ၃ ဒသမ ၇
သန်း ရရှိမည်ဖြစ်သည်။ ရခိုင်ကမ်းလွန် ရေတိမ်ပိုင်း လုပ်ကွက် ၂ ကွက်အတွက် လေ့လာရေး ကာလ
တစ်နှစ်နှင့် ရှာဖွေရေးကာလ ခြောက်နှစ်အတွင်း အနည်းဆုံး အမေရိကန် ဒေါ်လာ ၅၄၅ ဒသမ ၅ သန်း
သုံးစွဲမည်ဖြစ်ပြီး ရခိုင်ကမ်းလွန် ရေနက်ပိုင်း လုပ်ကွက် ၂ ကွက်အတွက် လေ့လာရေး ကာလ
နှစ်နှစ်နှင့် ရှာဖွေရေးကာလ ခြောက်နှစ်အတွင်း အနည်းဆုံး အမေရိကန် ဒေါ်လာ ၅၃၅ ဒသမ ၁ သန်း
သုံးစွဲမည် ဖြစ်သည်။
No comments:
Post a Comment