နေပြည်တော်
မတ် ၂၃
ကွာလာလမ်ပူမြို့တွင်
အခြေစိုက်သည့် ဂါနာသံအမတ်ကြီး မစ္စတာ ဘင်ဂျမင်ကလီးမန့်(တ်)အက်ဟန်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဆိုင်ရာ
ဂါနာနိုင်ငံ၏ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော သံအမတ်ကြီး အဖြစ် ပူးတွဲခန့်အပ်ရန်
ဂါနာသမ္မတနိုင်ငံအစိုးရ၏ အဆိုပြုချက်ကို ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်အစိုးရက
သဘောတူပြီးဖြစ်သည်။
မစ္စတာ
ဘင်ဂျမင် ကလီးမန့်(တ်)အက်ဟန်သည် ၁၉၄၈ ခုနှစ် စက်တင် ဘာ ၂၇ ရက်တွင်မွေးဖွားခဲ့သည်။ ဂါနာတက္ကသိုလ်မှ
မျက်မှောက်ခေတ် သမိုင်းဘာသာအဓိကဖြင့် ဘွဲ့ရရှိခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်
ရေး နယ်သာလန်ဖောင်ဒေးရှင်းတက္ကသိုလ်၏ လူမှုရေးရာပညာရပ်များ သင်ကြား ရေးကျောင်းမှ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုဆိုင်ရာ
မဟာဘွဲ့နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာစီမံခန့်ခွဲမှု ဒီပလိုမာဘွဲ့တို့ကို ရရှိခဲ့သည်။
၁၉၇၇ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ ဂါနာပြည်သူ့အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှု ဆိုင်ရာကျောင်း၌
အကြီး တန်း ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၃ ခုနှစ်မှ ၂ဝဝ၃ ခုနှစ်အထိ ဂါနာအစိုးရ
ဝန်ကြီးဌာနများဖြစ်သော လူ့စွမ်းအားဖွံ့ဖြိုးတိုးတက် ရေးနှင့် အလုပ်အကိုင်ရှာဖွေပေးရေး
ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပတ်ဝန်းကျင်၊
သိပံ္ပနှင့်နည်း ပညာဝန်ကြီးဌာနတို့၏ အဓိကညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သည်။
၂ဝဝ၃ ခုနှစ်မှ ၂ဝဝ၄ ခုနှစ်အထိ အဖွဲ့အစည်းများနှင့် အေဂျင်စီများတွင် အကြံပေးအဖြစ်လည်းကောင်း၊
၂ဝဝ၄ ခုနှစ်မှ ၂ဝဝ၈ ခုနှစ်အထိ ဂါနာပြည်သူ့ အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေးကျောင်း
နာယကအဖြစ်လည်းကောင်း တာဝန်ထမ်း ဆောင်ခဲ့သည်။ ၂ဝဝ၉ ခုနှစ်မှ ၂ဝ၁၃ ခုနှစ်အထိ ဂါနာနိုင်ငံအစိုးရအဖွဲ့၏
အတွင်းရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၂ဝ၁၃ ခုနှစ်မှ ယနေ့အထိ ဓနသဟာယနိုင်ငံများ၏
ပြည်သူ့ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး ဆိုင်ရာအသင်း၊ ဂါနာအရှေ့ဖျား ခရီးသွားလာရေးနှင့်
ဝန်ဆောင်မှုကုမ္ပဏီ၊ ဂါနာ-တရုတ် ချစ်ကြည်ရေးအသင်း၊ တရုတ်-ဂါနာစီးပွားရေးဖွံ့ဖြိုးမှုမြှင့်တင်ရေး၊
ပုပ်ရဟန်း မင်းနှင့်ဆိုင်သော ဂါနာလူသာရင်ဘုရားကျောင်းနှင့် အစိုးရအဖွဲ့အတွင်းရေး မှူးများ၏
အာဖရိက ကောင်စီတို့တွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်။ အင်္ဂလိပ် ဘာသာစကားနှင့် ပြင်သစ်ဘာသာ
စကားပြောဆိုနိုင်သည်။
ကွာလာလမ်ပူမြို့တွင်
အခြေစိုက်သည့် ဂါနာသံအမတ်ကြီး မစ္စတာ ဘင်ဂျမင်ကလီးမန့်(တ်)အက်ဟန်သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်
ဆိုင်ရာ ဂါနာနိုင်ငံ၏ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော သံ အမတ်ကြီး အဖြစ် ပူးတွဲတာဝန်ထမ်းဆောင်မည်ဖြစ်သည်။
No comments:
Post a Comment