၂ဝ၁၅
ခုနှစ် မတ်လ၂၃ ရက်(ယနေ့)သည် ကမ္ဘာ့မိုးလေ ဝသနေ့ဖြစ်ပါသည်။ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်ကြီးနှင့်
အဖွဲ့ ဝင်နိုင်ငံများမှ အမျိုးသားမိုးလေဝသနှင့် ဇလဗေဒဌာန များသည် ကမ္ဘာ့မိုးလေဝသနေ့ကို
ခမ်းနားထည်ဝါစွာ ဆင်ယင်ကျင်းပလေ့ရှိကြပါသည်။
ကမ္ဘာသူ၊
ကမ္ဘာသားတို့၏အသက်၊ အိုးအိမ်စည်းစိမ် လုံခြုံမှု၊ စားနပ်ရိက္ခာဖူလုံမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်း
ကာကွယ်မှုတို့အပြင် မိုးလေဝသ၊ ဇလဗေဒဆိုင်ရာ သဘာဝ ဘေးများမှ လျော့ပါးသက်သာစေရန်နှင့်
ရေရှည်ဖွံ့ဖြိုး တိုးတက်မှုများကို အထောက်အကူပြုရန်အတွက် ၁၈၇၃ ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာ
မိုးလေဝသအစည်းအရုံး အမည်ဖြင့် စတင်တည်ထောင်ခဲ့ပြီး ၁၉၅ဝ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့တွင်
ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် (World Mete-orological Organization-WMO) ဟု အမည်ပြောင်းလဲ
ကာ ၁၉၆၁ ခုနှစ် မတ်လ ၂၃ ရက်နေ့မှစတင်၍ နှစ်စဉ် ကမ္ဘာ့မိုးလေဝသနေ့ကို ကျင်းပလာခဲ့သည်မှာ
ယခုနှစ် တွင် (၅၅)ကြိမ်တိုင် ရှိခဲ့ပြီဖြစ်ပါသည်။
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု
အခြေအနေများနှင့် ဖြစ်ပေါ်လာနိုင်မည့် ရာသီဥတုအခြေအနေများ၊ ဘေး အန္တရာယ်များနှင့်အတူ
လိုက်လျောညီထွေပြုမူဆောင်ရွက် ရန်အတွက် ကမ္ဘာ့ကုလသမဂ္ဂ၏ အထူးအဖွဲ့အစည်း နှစ်ခုဖြစ်သော
ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် (WMO) နှင့် ကုလသမဂ္ဂပတ်ဝန်းကျင် ထိန်းသိမ်းရေးအစီအစဉ်
(UNEP) တို့ ၁၉၈၈ ခုနှစ်တွင် ပူးတွဲတည်ထောင်ဖွဲ့စည်း ထားသည့် Inter governmental
Panel on Climate Change(IPCC)သည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အရေးပါသည့် အကဲဖြတ်အစီရင်ခံစာများကို
ထုတ်ပြန် ပေးလျက်ရှိပါသည်။ှုဏဃဃ သည် ၂ဝ၁၄ ခုနှစ် နိုဝင် ဘာလတွင် ငါးကြိမ်မြောက် ရာသီဥတုပြောင်းလဲမှု
ဆိုင်ရာ အကဲဖြတ် အစီရင်ခံစာကို ထုတ်ပြန်နိုင်ခဲ့ပြီး ရာသီဥတု ပြောင်းလဲမှု၏ ရုပ်ပိုင်းဆိုင်ရာလက္ခဏာများ၊
ဆိုးကျိုးများ၊ လိုက်လျောညီထွေပြုမူ ဆောင်ရွက်မှုနှင့် ဖြစ်ပေါ်နိုင်မည့် ဘေးအန္တရာယ်ဆိုင်ရာ
အညွှန်းကိန်း များစသည်ဖြင့် ဘက်စုံ လွှမ်းခြုံမှုရှိသော အစီရင်ခံစာဖြစ်ပါသည်။ သုတေသန စာတမ်းသုံးသောင်းကျော်ကို
ကမ္ဘာ့ဒေသအသီးသီးမှ သုတေသီ ၂ဝဝဝ ကျော်တို့ ကြိမ်ဖန်များစွာဆွေးနွေး၊ တိုင်ပင်၊ ပြုစု၊
တည်းဖြတ်ထားခြင်းဖြစ်၍ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာအခြေအနေဗဟုသုတ (Climate
Know-ledge) များစွာရရှိနိုင်မည်ဖြစ်ပြီး အနာဂတ်ကာလများ ၏ ရာသီဥတု အခြေအနေများကို အနီးစပ်ဆုံးတွက်ဆနိုင်ပါ
သည်။
ယခုအခါတွင်
နိုင်ငံအလိုက်၊ ဒေသအလိုက် ရာသီဥတု ပြောင်းလဲမှုများကိုလည်း သိသိသာသာ ရင်ဆိုင်ကြုံတွေ့နေရချိန်ဖြစ်ပါသည်။
မြန်မာနိုင်ငံအနေဖြင့် နှစ်အနည်းငယ် အတွင်း ပြောင်းလဲတတ်သည့် ရာသီဥတုအခြေအနေ
(Climate Variability) ဥပမာ -အယ်နီညို၊ လာနီညာ ရာသီဥတုဖြစ်စဉ်များကြောင့် နှစ်အလိုက်
နွေရာသီ၊ ဆောင်း ရာသီအပူချိန်ပြောင်းလဲမှုများခြင်း၊ မုတ်သုံမိုးရေချိန်ရရှိပုံ မတူညီခြင်း၊
အလွန်အမင်းကွာခြားမှုရှိခြင်း ကြုံတွေ့ရသကဲ့ သို့ ၁ဝ စုနှစ်များအလိုက် ပျမ်းမျှအပူချိန်၊
မုတ်သုံမိုးရေချိန် ရရှိမှု အခြေအနေများပြောင်းလဲလာခြင်း၊ အညာဒေသများ တွင် ရာသီအလိုက်
မိုးရွာသွန်းမှုပုံစံပြောင်း၍ မိုးခေါင်မှု အခြေအနေများဖြစ်လာခြင်း၊ ပိုမိုပြင်းထန်လာခြင်း
စသည့် ရာသီဥတုပြောင်းလဲမှု (Climate Change) ဖြစ်စဉ်များ ကြုံတွေ့ရပြီး နောက်ဆက်တွဲဆိုးကျိုးအဖြစ်
အစွန်းရောက် မိုးလေဝသဖြစ်စဉ်များကြောင့် သဘာဝဘေးအန္တရာယ်များ ပိုမိုဖြစ်ပေါ်လာနေကြောင်းကိုလည်း
တွေ့ရှိရပါသည်။ ဤကဲ့သို့အခြေအနေမျိုးကို ကမ္ဘာအရပ်ရပ်တွင်လည်း ကြုံတွေ့လျက်ရှိရာ နှစ်အနည်းငယ်အတွင်း
ပြောင်းလဲ တတ်သည့် ရာသီဥတုပြောင်းလဲမှုတို့ကြောင့် ထိခိုက် ဆုံးရှုံးမှုများ လျော့ပါးစေရန်အတွက်
ဆိုးရွားသော ရာသီ ဥတုနှင့် နောက်ဆက်တွဲ ဘေးအန္တရာယ်များအား ခုခံနိုင် မည့် စွမ်းဆောင်ရည်များမြှင့်တင်၍
ရရှိနိုင်မည့် သတင်း အချက်အလက်၊ နည်းပညာ၊ အသိပညာ၊ အတတ်ပညာ ဗဟုသုတများဖြင့် စဉ်ဆက်မပြတ်
ကြိုးပမ်းဆောင် ရွက်ရန် လိုအပ်လာပါသည်။
မိုးလေဝသနှင့်
ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနအနေ ဖြင့်လည်း ရာသီဥတုစောင့်ကြည့်လေ့လာသည့် လုပ်ငန်း များဖြစ်သည့်
အယ်နီညို၊ လာနီညာရာသီဥတုဖြစ်ပေါ်နိုင် ခြေ ရှိ/မရှိ၊ မုတ်သုံလေဝင်ရောက်မှု အခြေအနေ၊ ရာသီ
အလိုက် မိုးရွာသွန်းနိုင်မှုအခြေအနေများ ထူးခြားမှုရှိ/မရှိ။အပူချိန်လွန်ကဲနိုင်မှု ရှိ/မရှိ
အခြေအနေများကို လေ့လာ စောင့်ကြည့်လျက် လစဉ် ၂၈ ရက်နေ့တိုင်း လပတ် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်များ
ထုတ်ပြန်ခြင်း၊ လစဉ် ၈ ရက်၊ ၁၈ ရက်၊ ၂၈ ရက်နေ့များတွင် ၁ဝ ရက်ပတ် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်များ၊
ဧပြီလ ၂၈ ရက် နေ့တွင် မိုးရာသီကာလတစ်ခုလုံးအတွက် ယေဘုယျ မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်၊
မိုးဦးကာလခန့်မှန်း ချက်များ၊ ဇွန်လ ၂၈ ရက်နေ့တွင် မိုးလယ်ကာလခန့်မှန်းချက် များ၊
သြဂုတ်လ ၂၈ ရက်တွင် မိုးနှောင်းကာလခန့်မှန်းချက် များကို ထုတ်ပြန်ပေးလျက်ရှိပြီး ခန့်မှန်းချက်များတွင်
မုန်တိုင်းဖြစ်ပေါ်နိုင်မှု၊ ဘင်္ဂလားပင်လယ်အော်အခြေအနေ၊ မုတ်သုံလေဝင်ရောက်မှု၊ ဆုတ်ခွာမှုနှင့်မုတ်သုံလေ
အင်အား၊ တိမ်ဖြစ်ထွန်းမှု၊ မိုးရွာသွန်းမှုနှင့် မိုးရွာရက်များ၊ မြူထူ ဆိုင်းမှု၊ မြစ်ရေအခြေအနေနှင့်
မြစ်ရေကြီးနိုင်မှုခန့်မှန်းချက် များ ရာသီအလိုက် ထုတ်ပြန်ပေးလျက်ရှိပါသည်။ ရာသီ ဥတုဆိုင်ရာ
သတင်းအချက်အလက်များ ယခုထက်ပို၍ ကျယ်ကျယ်ပြန့်ပြန့်အသုံးချနိုင်ရေးအတွက် ဌာနအနေဖြင့်
သုတေသနလုပ်ငန်းများတိုးချဲ့လုပ်ကိုင်၍ ပိုမိုကောင်းမွန် အောင် ကြိုးစားဆောင်ရွက်သွားမည်
ဖြစ်ပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့်လည်း
ရာသီဥတုပြောင်းလဲ မှုအပေါ် အလေးထားအားပေးဆောင်ရွက်လျက်ရှိပြီး ကုလ သမဂ္ဂနှင့် နိုင်ငံတကာ
အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်း ဆောင်ရွက်ခြင်း၊လွန်ခဲ့သည့် နှစ်ပေါင်း ၁၈ နှစ်ကျော်ခန့်မှ
စ၍ အညာဒေသ စိမ်းလန်းစိုပြည်ရေးအတွက် ဦးစီးဌာန တစ်ခု ဖွဲ့စည်းခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
အတွက် ဦးစီးဌာနတစ်ခုဖွဲ့စည်းခြင်း၊ အာဆီယံနှင့် ဒေသတွင်း ဖွံ့ဖြိုးမှုဆိုင်ရာ မိတ်ဖက်နိုင်ငံများ၊
အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ရာသီဥတုပြောင်းလဲမှုလျှော့ချ ရေးနှင့်လိုက်လျောညီထွေဖြစ်စေရေး
လုပ်ငန်းကော်မတီ အဖွဲ့ဖွဲ့စည်းခြင်း၊ လိုအပ်သည့် ဥပဒေများအတည်ပြု ပြဋ္ဌာန်းပေးခြင်း တို့ကိုဆောင်ရွက်ပြီး
ရာသီဥတုပြောင်းလဲမှု အပေါ် လိုက်လျောညီထွေ ပြုမူဆောင်ရွက် မည့်လုပ်ငန်း၊ အစီအစဉ်များကိုလည်း
ဆောင်ရွက်ခဲ့သည်ကို တွေ့နိုင်ပါ သည်။ ထို့အတူ ပြည်တွင်း၊ ပြည်ပအဖွဲ့ အစည်းများ၊ ပညာ
ရှင်များ၏ ပူးပေါင်းစီစဉ်ဆောင်ရွက်သည့် အစိမ်းရောင် စီးပွားရေးနှင့် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု
အစီအစဉ် များကိုလည်း အားပေးလျက်ရှိပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ များ၊ ဌာနဆိုင်ရာ
အဖွဲ့အစည်းများ အစိုးရမဟုတ်သော အဖွဲ့အစည်းများပါဝင်၍ အနာဂတ်ရာသီဥတုပြောင်းလဲမှု အပေါ်
တုံ့ပြန်မည့်အစီအစဉ်များ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့များ ဒေသအလိုက်ဖွဲ့စည်းခြင်း၊
စားနပ် ရိက္ခာဖူလုံမှုနှင့် စိမ်းလန်းသော၊ ဖွံ့ဖြိုးတိုးတက်သော မြို့ပြ၊ ကျေးလက်များဖြစ်ပေါ်စေရန်
စီမံချက်များ ဆောင်ရွက် ခြင်းအပြင် မန္တလေးမြို့တော်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှု အတွေ့အကြုံရှိသော
ဂျပန်နိုင်ငံ ကီတာကျူရှူးမြို့တို့ အကြား ပူးပေါင်းဆောင်ရွက်မှုများကဲ့သို့ လုပ်ငန်းများ
အကောင် အထည်ဖော် လျက်ရှိနေသည်ကို တွေ့နိုင်ပါသည်။
ထိုကဲ့သို့
ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဌာနဆိုင်ရာများ မှ ဆောင်ရွက်နေသကဲ့သို့ အစိုးရမဟုတ်သော
အဖွဲ့အစည်း များ၊ ပရဟိတလုပ်ငန်းဆောင်ရွက်နေသည့် ပုဂ္ဂလိကအဖွဲ့ အစည်းများအနေဖြင့်လည်း
ဒေသအလိုက်ဇီဝမျိုးစုံ၊ မျိုးကွဲ ထိန်းသိမ်းစောင့်ရှောက်ရေး၊ ဂေဟစနစ်ကောင်းမွန်ရေးနှင့်
ရာသီဥတုမျှတစေမည့် ပတ်ဝန်းကျင်ဆိုင်ရာ ဆောင်ရွက် နေမှုများကိုလည်း တွေ့ရှိနိုင်ပါသည်။
နိုင်ငံတော်အစိုးရ နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်တို့၏ ရန်ပုံငွေပါဝင်မှုနှင့် အတူ
ကမ္ဘာ့ပတ်ဝန်းကျင်အဖွဲ့၏ ပထမဆုံးသော လိုက်လျော ညီထွေရန်ပုံငွေထောက်ပံ့မှုဖြင့် ရာသီဥတုဆိုးရွားစွာခံစား
ရသည့် အညာဒေသ ညောင်ဦးမြို့၊ ချောက်မြို့၊ မြင်းခြံမြို့၊ မုံရွာမြို့၊ ရွှေဘိုမြို့များရှိ
ကျေးရွာပေါင်း ၂၈ဝတွင် တစ်နှစ် ပတ်လုံး ရေဖူလုံစွာရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး
လုပ်ငန်းများတွင် အထောက်အကူပြုရေးနှင့် ရာသီဥတု ဘေးအန္တရာယ် သတင်းအချက်အလက်များ ရယူအသုံးပြု
ရေးလုပ်ငန်းများဆောင်ရွက်မည့်စီမံချက်ကို သက်ဆိုင်ရာ အဖွဲ့ အစည်းများမှ မကြာမီစတင်ဆောင်ရွက်ကြတော့မည်
ဖြစ်၍ ရာသီပြောင်းမှုကို လိုက်လျောညီထွေပြုမူတုံ့ပြန် သည့် လုပ်ငန်းအစီအစဉ်များစွာကို
ဆောင်ရွက်ခဲ့ပြီး ဖြစ်သကဲ့သို့ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းများစွာရှိနေဦးမည်မှာ
ရာနှုန်းပြည့်သေချာပါ သည်။ အဓိကအချက်မှာ အနာဂတ်တွင် လုပ်ကိုင် ဆောင်ရွက်မည့် ရေတို၊
ရေရှည်စီမံချက်လုပ်ငန်းတိုင်း တွင် မမျှော်လင့်ဘဲကြုံတွေ့ရနိုင်မည့် ရာသီဥတုဆိုင်ရာ
အခြေအနေများကို ထည့်သွင်း၊ တွက်ချက်သုံးသပ် ဆောင်ရွက်ပါက မိမိတို့၏လုပ်ငန်းများတွင်
ပိုမိုပြည့်စုံ၍ အကျိုးအမြတ်ကောင်းများ ရရှိစေနိုင်မည်ဖြစ်ပါသည်။
နိဂုံးချုပ်အားဖြင့်
ရာသီဥတုပြောင်းလဲမှုသည် ကျွန်ုပ်တို့အားလုံးနှင့်သက်ဆိုင်ပြီး လူမှုစီးပွားဆိုင်ရာဆိုးကျိုး
သက်ရောက်မှုများ၊ စိုက်ပျိုးရေး၊ ခရီးသွားလာရေး၊ ကျန်းမာ ရေးမှသည် အရေးပါသောအခြေခံ အဆောက်အအုံများ
အထိ ဆိုးကျိုးများဖြစ်ပေါ်စေခြင်း၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များကို အဟန့်
အတားဖြစ်ပေါ်စေခြင်းတို့ အပြင် မဟာဗျူဟာကျသည့် အရင်းအမြစ်များဖြစ်သော ရေ၊ လေ၊ စားနပ်ရိက္ခာ၊
စွမ်းအင်ထုတ်လုပ်မှုတို့အပေါ် တွင်လည်း သက်ရောက်မှုရှိပါသည်။ ထို့ကြောင့် ရာသီ ဥတုပြောင်းလဲမှုအပေါ်
လိုက်လျောညီထွေပြုမူ တုံ့ပြန် ရန်အတွက် အဓိကကျသော စိုက်ပျိုးရေးကဏ္ဍ၊ ကြိုတင် သတိပေးစနစ်ကဏ္ဍ၊
သစ်တောကဏ္ဍ၊ ပြည်သူ့ကျန်းမာ ရေးကဏ္ဍ၊ ရေအရင်းအမြစ်ကဏ္ဍ၊ ကမ်းရိုးတန်းဒေသ ကဏ္ဍ၊ စွမ်းအင်စက်မှုကဏ္ဍနှင့်
ဇီဝမျိုးစုံ၊ မျိုးကွဲကဏ္ဍများ စသောကဏ္ဍများနှင့်ဆက်စပ်မည့် လုပ်ငန်းများအားလုံး အတွက်
ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရာတွင် လက်ရှိ ဖြစ်ပေါ်ပြောင်းလဲနေသော ရာသီဥတု အခြေ အနေများ၊
နောင်အနာဂတ်တွင် ဖြစ်ပေါ်နိုင်မည့် ရာသီဥတု အခြေအနေများကိုအသုံးပြုကာ မိမိတို့ကြုံတွေ့
ခဲ့ရသည့် အတွေ့အကြုံများကိုပေါင်းစပ်၍ ရာသီပြောင်းလဲမှုကို ရင်ဆိုင်တုံ့ပြန်ဖို့ ဘက်စုံအသိဖြင့်
ပိုမိုကြိုးပမ်း ဆောင်ရွက်ကြပါစို့ဟု ၂ဝ၁၅ ခုနှစ် မတ်လ ၂၃ ရက်နေ့ တွင် ကျရောက်မည့်
ကမ္ဘာ့မိုးလေဝသနေ့ကို ကြိုဆို ဂုဏ်ပြုအပ်ပါသည်။
ကျော်လွင်ဦး
(မိုး / ဇလ)
No comments:
Post a Comment