Saturday, March 14, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အနုပညာဗဟိုဌာန တည်ဆောက်ရေး ဆွေးနွေး



ရန်ကုန်-မတ် ၁၄
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ ညနေ (၄)နာရီတွင် ရန်ကုန်မြို့၌ ရုပ်ရှင်၊  ဂီတ၊ သဘင် ဖျော်ဖြေ တင်ဆက်နိုင်မည့် နိုင်ငံတကာ အဆင့်မီ အနုပညာဗဟိုဌာန တည်ဆောက်ရေး နှင့်စပ်လျဉ်း၍ လည်းကောင်း၊ သက်ကြီး အနုပညာရှင်များ ဘ၀အာမခံချက် ရှိရေးအတွက် စီစဉ်ဆောင်ရွက်ပေးမည့် အစီအစဉ် များနှင့် ပတ်သက်၍ လည်းကောင်း ရုပ်ရှင်၊  ဂီတ၊ သဘင် အစည်းအရုံးများမှ တာဝန်ရှိသူ များနှင့်တွေ့ဆုံ ဆွေးနွေး သည်။







တွေ့ဆုံ ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဦးရဲထွဋ်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန် ရှိသူများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်း၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး ဥက္ကဋ္ဌ ဦးတင်ဦးလေး၊ မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး ဥက္ကဋ္ဌ ဦးမြကြည် (ပန်တျာ)နှင့် အလုပ်အမှု ဆောင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

No comments:

Post a Comment