Tuesday, March 24, 2015

၂၀၁၅ ခုနှစ်၊ နှစ်(၇၀)ပြည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားအတွက် အလှူငွေများပေးအပ်





နေပြည်တော်  မတ်  ၂၄
၂၀၁၅ ခုနှစ်၊ နှစ် (၇၀) ပြည့် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် စေတနာရှင် အလှူရှင်များက နှစ် (၇၀) ပြည့် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား အတွက် အလှူငွေများ ပေးအပ် လှူဒါန်းပွဲကို ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်၊ တည်းခိုရေး စခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ)ဗိုလ်ချုပ်ကြီး လှဌေးဝင်း ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ ၊ တပ်မတော် နေ့ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ၊ တပ်မတော်နေ့ကျင်းပရေး စီမံခန့်ခွဲရေးကော်မ တီဥက္ကဋ္ဌ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်အေး ၊ တပ်မတော်နေ့စစ်ရေးပြမှူးကြီး ဗိုလ်မှူးချုပ် ဖုန်းမြတ်နှင့် စစ်ကြောင်းမှူးများ ၊ အလှူရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အလှူရှင်များဖြစ်ကြသော မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် မိတ်ဖက်ကုမ္ပဏီ ၅၇ ခုမှ အလှူငွေ ၇၅၀၃၀၀၀၀ကျပ်၊ KBZ ကုမ္ပဏီမှ အလှူငွေကျပ်သိန်း ၅၀၀ ၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းနှင့် မိတ်ဖက် ကုမ္ပဏီ ၅၉ ခုမှ အလှူငွေ ၄၃၅၈၀၀၀၀ကျပ်၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၊ စက်ရုံ ၂၈ ခုနှင့် မိတ်ဖက် ကုမ္ပဏီ ၃၁ ခုမှ လှူဒါန်းငွေ ၃၀၈၄၀၀၀၀ကျပ်၊ မြ၀တီဘဏ်လီမိတက်မှ အလှူငွေကျပ် သိန်း ၃၅၀ ၊ IBTC ကုမ္ပဏီမှ အလှူငွေကျပ် သိန်း ၂၀၀၊ Authentic မှ အလှူငွေကျပ် သိန်း၁၅၀၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှ အလှူငွေကျပ်သိန်း ၁၂၀နှင့် ကျပ်သိန်း၁၃၀ တန်ဖိုးရှိ ချက်ပြုတ်ကျွေးမွေးရေးအတွက် ထောက်ပံ့ပစ္စည်းများ ၊ နောင်တုံကုမ္ပဏီမှ အလှူငွေကျပ်သိန်း ၁၀၀၊ မြင့်တက် ကုမ္ပဏီမှ အလှူငွေကျပ်သိန်း ၁၀၀၊ Sky One မှ အလှူငွေကျပ် သိန်း ၁၀၀၊ ချမ်းဟိန်း ကုမ္ပဏီမှ အလှူငွေကျပ် သိန်း ၁၀၀၊ Max Myanmar ကုမ္ပဏီမှ အလှူငွေကျပ် သိန်း ၁၀၀၊ ဗိုလ်မင်းဗိုလ် ကုမ္ပဏီမှ အလှူငွေကျပ်သိန်း ၅၀၊ A -1 ကုမ္ပဏီမှ အလှူငွေကျပ် သိန်း ၅၀၊ Shwe Pan Thu ကုမ္ပဏီမှ အလှူငွေကျပ် သိန်း ၅၀၊ သန်မြန်သူ လုပ်ငန်းစုအသင်း (ရန်ကုန်)မှ အလှူငွေကျပ် သိန်း ၃၀၊ 4-E ကုမ္ပဏီမှ အလှူငွေကျပ် သိန်း ၃၀၊ မြန်မာဆန်းမစ်ကုမ္ပဏီမှ အလှူငွေကျပ် သိန်း ၃၀၊ Htoo Trading ကုမ္ပဏီမှ အလှူငွေကျပ် သိန်း ၂၀၊ မြန်မာနိုင်ငံပုံနှိပ်နှင့်ထုတ်ဝေသူများအသင်း မှ အလှူငွေကျပ် သိန်း ၂၀၊ ဒေါက်တာ ဦးသာရင်မြတ် နှင့်ဇနီး မိသားစုမှ အလှူငွေကျပ် ၁၀ သိန်း၊ သုဓမ္မမဏိ ဇောတဓရ ဦးမောင်မောင်ဦး(ဂရိတ်ဝေါဆေးတိုက်)မှ အလှူငွေကျပ် ၁၀ သိန်းနှင့် ငွေကျပ် ၃၇ သိန်းငါးသောင်းတန်ဖိုးရှိ ဆေးပစ္စည်းများ၊ ဦးထွန်းရွှေ+ဒေါ်သင်းသင်းဆွေ (ထွန်းရွှေဝါဆေးတိုက်)မှ အလှူငွေ ကျပ် ၁၀ သိန်းနှင့် ငွေကျပ် ၃၇ သိန်းငါးသောင်းတန်ဖိုးရှိ ဆေးပစ္စည်းများ၊ Treasure Winner Land Trading   ကုမ္ပဏီမှ အလှူငွေကျပ် ၅ သိန်း၊ Trade Hub ကုမ္ပဏီမှ အလှူငွေကျပ် ၅ သိန်း၊ Moe Htet Gabar  ကုမ္ပဏီမှ အလှူငွေကျပ် ၅ သိန်း၊ Win Thit Sar ကုမ္ပဏီမှ အလှူငွေကျပ် ၅ သိန်း၊ Naung Yoe ကုမ္ပဏီမှ အလှူငွေကျပ် ၅ သိန်း၊ Mega Life Science   ကုမ္ပဏီမှ အလှူငွေကျပ် ၅ သိန်း၊ Polyrice   ကုမ္ပဏီမှ အလှူငွေကျပ် ၅ သိန်း၊ Tah Moe Hnye Chan Thar  ကုမ္ပဏီမှ အလှူငွေကျပ် ၅ သိန်း၊ Nanova  ကုမ္ပဏီမှ အလှူငွေကျပ် ၃ သိန်း၊ သုဓမ္မမဏိဇောတဓရ ဦးကြည်စိုး(ကေသီပန်ဆေးတိုက်)မှ အလှူငွေကျပ် ၁၀ သိန်းနှင့် ငွေကျပ် ၃ သိန်းတန်ဖိုးရှိ ဆေးပစ္စည်းများ၊ Alliance  ကုမ္ပဏီမှ အလှူငွေကျပ် ၃ သိန်း၊ Myanmar Loyal Starကုမ္ပဏီမှ အလှူငွေကျပ် ၂ သိန်း၊ Best Nominated Brothers   ကုမ္ပဏီမှ အလှူငွေကျပ် ၁ သိန်း၊ Loyal Star ကုမ္ပဏီမှ အလှူငွေကျပ် ၁ သိန်း၊ Pin Khine Zin ကုမ္ပဏီမှ အလှူငွေကျပ် ၁ သိန်း၊ Success Over Sea ကုမ္ပဏီမှ အလှူငွေကျပ် ၁ သိန်း၊ TM  ကုမ္ပဏီမှ အလှူငွေကျပ် ၁ သိန်း၊ Wai Linn May   ကုမ္ပဏီမှ အလှူငွေကျပ် ၁ သိန်း၊ Aung Hein Win ကုမ္ပဏီမှ အလှူငွေကျပ် ၁ သိန်း၊ CVC ကုမ္ပဏီမှ အလှူငွေကျပ် ၁ သိန်း၊ Young Sheng ကုမ္ပဏီမှ အလှူငွေကျပ် ၅ သောင်း၊ Red Link ကုမ္ပဏီမှ အလှူငွေကျပ် သိန်း ၃၀၊ ရတနာပုံတယ်လီပို့မှ အလှူငွေကျပ် သိန်း ၃၀၊ ဒေါ်ခင်ခင်ဌေး (မောရိယမန်းဆေး)မှ အလှူငွေကျပ် ၁၀ သိန်း တို့အား အသီးသီးပေးအပ်လှူဒါန်းကြရာ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တာဝန်ရှိသူများကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ကြသည်။
ထို့နောက် အလှူရှင်များကိုယ်စား အလှူရှင်တစ်ဦးက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ကျေးဇူးတင် စကားပြောကြားသည်။
ယနေ့ကျင်းပသော နှစ်(၇၀)ပြည့် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနား အတွက် အလှူငွေပေးအပ်လှူဒါန်းပွဲတွင် အလှူရှင် ၄၈ ဦးတို့က စုစုပေါင်းလှူဒါန်းငွေ ကျပ် ၃၇၆၁ သိန်းကျော်နှင့် ငွေကျပ် ၂၀၈ သိန်းတန်ဖိုးရှိ ကျွေးမွေး ရေးနှင့် ဆေးဝါးပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment