နေပြည်တော် မတ် ၂၄
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းဖြစ်စဉ်မှ
ဥပဒေနှင့်အညီ ခေါ်ယူ ထိန်းသိမ်းစစ်မေးခဲ့သည့် သူများအနက်မှ တက္ကသိုလ်၊ ကောလိပ်များတွင်
အမှန်တကယ် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများကို စိစစ်၍ (၂၈)ဦးကို ဆက်လက်ပညာသင်ကြားနိုင်ရေး
သက်ဆိုင်ရာဒေသ အသီးသီးရှိ မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံစေ လွှတ်ပေးခဲ့ရာ မတ်(၁၇)
ရက်နေ့အထိ သတင်းထောက်(၂) ဦးအပါအ၀င် စုစုပေါင်း (၃၀) ဦးကို ပြန်လည်စေ လွှတ်ပေးခဲ့ပြီးဖြစ်သည်။
အဆိုပါဖြစ်စဉ်မှ ဥပဒေနှင့်အညီ
ထိန်းသိမ်းထားသူများကို ဆက်လက် စိစစ်ဆောင်ရွက်ပြီး အမျိုးသား(၁၉)ဦး၊ အမျိုးသမီး (၁)ဦး
စုစုပေါင်း (၂၀) ဦးကို ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက လိုအပ်သည်များ ရှင်းလင်းမှာ
ကြားပြီး သက်ဆိုင်ရာ မိဘအုပ်ထိန်းသူများနှင့် ဆွေမျိုးများထံ ပြန်လည်အပ်နှံ စေလွှတ်ပေး
ခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ သိရသည်။

No comments:
Post a Comment