အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့်
ဥပဒေကြမ်းအပေါ် ကြားနာခြင်းကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ
အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပပြီး တက်ရောက်လာကြသည့် အရပ်ဘက်အဖွဲ့အစည်းများမှ
တာဝန်ရှိသူများ၏ အကြံပြုချက်များကို ကြားနာခဲ့ သည်။
ဥပဒေကြမ်းကြားနာရာသို့ အမျိုးသားလွှတ်တော်
ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ရီနှင့် ကော်မတီ အဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော် နိုင်ငံရေး၊
စီးပွားရေးနှင့် ဥပဒေရေးရာကော်မရှင်အတွင်းရေးမှူး ဦးကြည်နှင့် ကော်မရှင်အဖွဲ့ဝင်များ
တက်ရောက်ကြပြီး အရပ်ဘက်အဖွဲ့အစည်း (၄)ခုမှ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေး အကြံပြုခဲ့ကြသည်။
ထိုသို့ကြားနာဆောင်ရွက်ရာတွင် အမျိုးသားလွှတ်တော်
ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ရီက ကြားနာ ခြင်းနှင့် စပ်လျဉ်း၍ ကျင်းပခဲ့သည့် ရည်ရွယ်ချက်များနှင့်
ပါဝင်ဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်း ဆိုင်ရာများ၊ အမျိုးသားပညာရေးဥပဒေနှင့် စပ်လျဉ်းသည့်
ဥပဒေရေးဆွဲရေးဆိုင်ရာ အကြောင်းအရာများအပေါ် အသေးစိတ် ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံခရစ်ယာန် အသင်းတော်များ
ကောင်စီ အတွင်းရေးမှူး ဦးစောရွှေလင်း၊ ရခိုင်သဟာယ အသင်း အလုပ် အမှုဆောင် ဒေါက်တာစံလှကျော်၊
နာရေးကူညီမှုအသင်း(ရန်ကုန်) ပညာရေး အကြံပေး ဒေါ်နီလာ ဘာရာဒွာဂျာနှင့် မြန်မာနိုင်ငံ မသန်စွမ်း သူများ
ရှေ့ဆောင်အဖွဲ့ ပရိုဂရမ် ဒါရိုက်တာ ဦးနေလင်းစိုး တို့က အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့်
ဥပဒေကြမ်း အပေါ် မိမိတို့အဖွဲ့အစည်း၏ သဘောထား အမြင်များ၊ အတွေ့အကြုံများအပေါ် အခြေခံ၍
ဆွေးနွေး အကြံပြုကြသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်း
ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ရီက တင်ပြချက်များစပ် လျဉ်း၍ ပြန်လည် ရှင်းလင်း ပြောကြားခဲ့သည်။

No comments:
Post a Comment