Saturday, March 14, 2015

ထိန်းသိမ်းခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာ မိဘများထံသို့ ပြန်လည်အ ပ်နှံမှုများ ဆောင် ရွက် ပေး လျက်ရှိ

နေပြည်တော် မတ် ၁၄
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့တွင် အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြသည့် အဖွဲ့၏ အကြမ်းဖက်မှု များကြောင့် ဥပဒေနှင့်အညီ ခေါ်ယူထိန်းသိမ်း စစ်မေးခဲ့သည့် သူများထဲမှ တက္ကသိုလ်၊ ကောလိပ်များ၌ အမှန်တကယ် ပညာ သင်ကြားနေသော ကျောင်းသား/ကျောင်း သူများအား ပညာဆက်လက် သင်ကြားနိုင်ရေး မိဘများအပေါ် စာနာထောက်
ထား သောအားဖြင့် ကျူးလွန်သော ပြစ်မှုများအပေါ် သက်ညှာ၍ မိဘ/အုပ်ထိန်းသူများ အားခေါ်ယူပြီး စနစ်တကျပြန်လည် အပ်နှံပေးလျက်ရှိရာ မတ်လ (၁၂) ရက်နေ့တွင် ကျောင်းသား/ကျောင်းသူ (၁၇)ဦး၊ မတ်လ (၁၃) ရက်နေ့တွင် ကျောင်း သား/ကျောင်းသူ (၉)ဦး၊ သတင်းထောက် (၂)ဦး၊ မတ်လ (၁၄) ရက်နေ့ (ယနေ့)တွင် ကျောင်းသား (၁)ဦးဖြစ်သည့် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့၊ ရွာငံစုရပ်ကွက်၊ ဘဝသစ်လမ်း၊ အမှတ်-၂၈၆ နေ တောင်ကြီး တက္ကသိုလ်၊ ဒုတိယနှစ် (စီးပွားရေး)မှ မောင်ဥက္ကာမောင်မောင် (၁၉)နှစ်၊ (ဘ) ဦးလှမောင်အား မိခင်ဖြစ်သူဒေါ်သန်းဌေး (ခ) ဒေါ်သန်းငွေထံသို့ ပြန်လည် အပ်နှံပြီးဖြစ်၍ ကျောင်းသား/ကျောင်းသူ (၂၇)ဦး၊ သတင်းထောက် (၂)ဦး၊ စုစုပေါင်း (၂၉)ဦးတို့အား မိဘ/အုပ်ထိန်းသူတို့ထံ သက်ဆိုင်ရာက ဆုံးမစကား ပြောကြား၍ ပြန်လည် အပ်နှံပေးခဲ့ပြီး ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။








No comments:

Post a Comment